အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ ကျား-မ မရွေး တစ်ခါတရံမှာ ကျွန်တော်တို့ သိတဲ့ဘက်ခြမ်းမှာရော၊ မသိလိုက်တဲ့ ဘက်ပေါင်းစုံကရော သမီးရည်းစားဆက်ဆံရေးတစ်ခုမှာ ကိုယ်ရဲ့ ချစ်ရတဲ့သူလို့ခေါ်တဲ့ ချစ်သူ/ရည်းစား ဘက်ကနေ Relationship Violence လုပ်ခြင်းခံရတတ်ပါတယ်။ တစ်ချို့သူတွေအတွက် ရင်ဆိုင်ဖြတ်ကျော်နိုင်ပေမဲ့ တစ်ချို့သူတွေအတွက် မိမိကိုယ်ကိုယ် သတ်သေနိုင်လောက်တဲ့ (Commit Suicide) အဆင့်ထိရောက်သွားစေနိုင်ပါတယ်။
Relationship Violence လုပ်ခံရတယ်လို့ပြောတဲ့အခါမှာ စဉ်းစားစရာ ရှု့ထောင်တွေအများကြီးပါ။ အများကြီးထဲက အဓိကနဲ့ သာမည ခွဲပါဆိုရင် သမီးရည်းစား တစ်ယောက်နဲ့ တစ်ယောက် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု့ဖြစ်စေ၊ နှုတ်ပိုင်းဆိုင်ရာဖြင့်ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာ အနှောက်အယှက်ပေးမှု့တွေ (Emotional Violence) နာကျင်ရအောင် တစ်နည်းမဟုတ် တစ်နည်းနဲ့ ဒုက္ခပေးနေတာပါ။
မိမိကိုယ်ကိုယ် Relationship Violence လုပ်ခံနေရခြင်းကို သိတဲ့သူရှိသလို၊ တကယ်မသိနေဘဲ “သူက အရမ်းချစ်လို့ ငါ့အပေါ်ဆိုးတာပါ” ဆိုပြီး အကောင်းမြင်ဝါဒီနဲ့ ပျော်ပျော်ကြီးအလုပ်ခံနေရတဲ့သူတွေ ဒု နဲ့ ဒေးပါ။ မိမိဟာ ကိုယ့်ရဲ့ Partner ကအမြဲတစေ Emotional Violence လုပ်ခံနေရပြီဆိုတာ သိသိရခြင်း အဲ့ Zone ကနေရုန်းထွက်ဖို့အကောင်းဆုံးနည်းလမ်းကိုရှာသင့်ပါတယ်။
Relationship တစ်ခုမှာ အောက်ကအချက်တစ်မျိုးမျိုးနဲ့ Emotional/Mental/Verbal မျိုးစုံအကြမ်းဖက်ခံရနိုင်ပါတယ်…
ဒုတ်၊ဓါး၊ လက်နက်နဲ့ မှမဟုတ်“နင် ငါ့ ဘဝထဲက ထွက်သွားရင် ငါအသက်မရှင်ချင်တော့ဘူးနော်” ဆိုပြီး ဘာညာ တဖက်သူကို သွယ်ဝိုက်သောနည်းနဲ့ စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ခြင်းတစ်မျိုးပါ။
ပြဿနာတက်တဲ့အခါတိုင်း အပြစ်တစ်ခါလုပ်ထားမိတာကိို အမြဲ ဖန်တရာကျင်အောင် ထောက်ပြပြောဆိုပြီး အနိုင်ယူနေတာမျိုး။
”အသဲလေး”တို့ “ချစ်” တို့မဟုတ်ပဲ ချစ်သူက မိမိရဲ့ ခန္တာကိုယ်အစိတ်အပိုင်းတစ်ခုကို Shaming လုပ်ပြီး နာမည်ပြောင်ခေါ်စေတာမျိုး ဥပမာ – လူကြားထဲ “ဝက်- သောက်ကောင်မ – မိန်းမ – ပုတတ်” စသဖြင့်အပြင် မိမိရဲ့လုပ်ဖောက်ကိုင်ဖက်တွေရှေ့မှာ သူများမလးစားအောင် မသင့်လျှော်တဲ့အသုံးနှုန်းမျိုး “ဘေပီ” လို့ခေါ်ဝေါ်တာမျိုး။
Physical Violence ကတော့ သိကြပြီးသားပါ လက်ပါခြေပါ ဆော်ပလော်တီးကြတာပါ။ ပြဿနာတက်တိုင်း ဒုတ်ဆွဲ၊ ဓါးဆွဲ၊ ကတ်ကြေးဆွဲကြတာပါ။
Sexual Abuse – အရမ်းကြောက်ဖို့ကောင်းပါတယ်။ မိမိချစ်သူကို လိင်ဆကိဆံဖို့အတင်းအကြပ်လုပ်ဆောင်ယုံမကပဲ Partner’s Sexual Choice(s) ကိုလုံးဝ လျစ်လျူရှုပြီး မိမိစိတ်ကြိုက် ဆက်ဆံ အာသာဖြေတာပါ။ အမြဲတစေ မိမိချစ်သူက Online ကနေ တစ်နည်းမဟုတ် တစ်နည်း ဆက်သွယ်ပြီး မိမိ ဆန္ဒမပါတဲ့ Unwanted Sexual Attention ကိုဖိအားပေးပြီးရယူတာမျိုးပါ။
Financial Abuse/Violence – စပွန်ဆာ လို့အများပြောကြတဲ့အရာလည်း ပါဝင်ပါတယ်။ မိမိရှာဖွေထားတာ မဟုတ်တဲ့ ချစ်ရသူရဲ့ ငွေတွေ၊ ဘဏ်အကောင့်တွေ ရယူပြီး ထိန်းချုပ်ထားတာပါ။ သမီးရည်းစား (၂) ယောက်ခရီးထွက်တာတောင် ရှိသမျှ အားလုံးနီးပါ အကုန်ကျခံခိုင်းတာမျိုး။ တခြားတစ်ဖက်မှာ ငွေတွေ၊ လက်ဆောင်တွေ ဝယ်ပေးပြီး သူဖြစ်စေချင်တာ အကုန်လိုက်လုပ်ပေးရတဲ့ Entertainer တစ်ယောက်လိုမျိုးဆက်ဆံခံရတာပါ။ အဆိုးဆုံးက ချစ်သက် လက်ဆောင် လက်စွပ်ဝယ်ပေးပြီး Engagement Ring ပုံစံ ဝတ်ဆင်စေတာမျိုးပါ “I gave you this, now you owe me” ဆိုတဲ့ မိုက်ရိုင်းတဲ့ အချိုးပါ။
Social Violence – မိမိချစ်သူရဲ့ အသိုင်းအဝန်းအတွင်းက အပေါင်းအသင်းတွေကြားမှာ “ဟောင့်တွေ ငါ့ဆော် မနေ့က ဘယ်လိုဘိချလိုက်တာကွ” စသဖြင့် မပြောသင့် မပြောအပ်တာတွေပြောဆိုတာမျိုး။ တွေ့တဲ့လူတိုင်းနဲ့ သဝန်ကြောင် ပေးစားခံရခြင်း။ ဘယ်သွားသွား ဖုန်းထဲ GPS ထည့်စောင့်ကြည့်ထိန်းချုပ်နေတာမျိူး နှင့် အမြဲတစေ Check In Video Call ခေါ်ပြီး စိတ်အနှောက်အယှက်ပေးစောင့်ကြည့် ထိန်းချူပ်လွှမ်းမိုးခြင်း။ တစ်ခုခုဆို နှစ်ယောက်ကိစ္စ နှစ်ယောက်မရှင်းပဲ ဘေးက မဆိုင်သော မိတ်ဆွေ အပေါင်းအသင်း၊ မိဘဆွေမျိုးတွေထိ ဆက်သွယ်ပြီး အနှောက်အယှက်ပေးတာမျိုး။ အဆိုးရွားဆုံးက ဘာသာ ကိုးကွယ်ယုံကြည်မှု့ကွဲပြားတဲ့ ချစ်သူကို မိမိဘာသာအောက် သိမ်းသွင်းခြင်း ကွဲပြားတဲ့အယူဝါဒတွေ တွေ့ဆုံတိုင်း တရားဟောခြင်းမျိုး။
တခြားအချက်တွေများစွာရှိပါသေးတယ်။ Relationship Violence Cycle ကြီးက အတက်အကျရှိပါတယ် တခါတရံ Positive Side ကိုရောက်သွားပြီး ချစ်သူ (၂) ဦးကြား Honeymoon Period သဏ္ဍန်ရောက်သွားတာမျိုးရှိတတ်ပြီး နောက်တစ်ခဏတာအတွင်းမှာ အရင်လို့ Violence ဆက်တိုက်အလုပ်ခံနေရတတ်ပါတယ်။ သတိထားရမှာက မိမိက အထက်ကဖော်ပြပါ အချက်တွေထဲက တစ်ချက်နဲ့ မိမိချစ်သူဆီကနေ Relationship Violence လုပ်ခံနေရပြီဆိုလျှင် မတွေဝေပဲ ရုန်းထွက်ဖို့ နည်းလမ်းကောင်းတစ်ခုရှာဖို့လိုအပ်ပါတယ်။
အဲ့ဒီ Violence Cycle Zone ထဲကထွက်ဖို့လိုအပ်ပါတယ်။ အဖြေမရရင် ကျွမ်းကျင်ရာ Psychologist or Counsellor တစ်ချို့နဲ့ တိုင်ပင်ပြီး အဖြေတစ်ခုရှာသင့်ပါတယ်။
လူသားတွေဖြစ်တဲ့အလျှောက် ကျွန်တော်တို့ နှလုံးသားတွေဟာ နူးညံပါတယ်။ အဲ့လို နူးညံတဲ့နှလုံးသားတွေကို နည်းအမျိုးမျိုးနဲ့ အကြမ်းဖက်မခံရအောင် ရှောင်ရှားဖို့လိုအပ်ပါတယ်။ နှလုံးသားတွေ အကြမ်းဖက်ခံရခြင်းကင်းဝေးပါစေ။
