vitC

vitamin cကို အဓိက ဘယ်ကရလည်း?

သံပုရာသီး၊ ရှောက်သီး၊ ဆီးဖြူ သီး၊ လိမ္မော်သီး၊ ပန်းသီး၊ ခရမ်းချဉ်သီး၊ ချဉ်ပေါင်ရွက်၊ ကင်ပွန်းချဉ်ရွက်၊ မာလကာသီး စတဲ့ချဉ်တဲ့အသီးအရွက်တွေက အဓိကရပါတယ်။ တချို့ ချို တဲ့အသီးတွေကတောင် vitamin cကိုရပါတယ်။

လူတယောက်မှာ vitamin ဘယ်လောက်လိုအပ်သလဲ?

vitamin c လူတယောက်အတွက် တနေ့တာ လိုအပ်တာက 40mgလောက်ပါပဲ။ ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင်တွေက 120mg ထက်မပိုသင့်ပါဘူး။ ပုံမှန်သောက်မယ်ဆိုရင် 500mg ထက်မပိုသင့်ပါဘူး။

ဘယ်လိုလူတွေက vitamin c သောက်သင့်သလဲ?

ခုခံအားစနစ်အာနည်းသူ၊ စိတ်ဖိစီးသူ၊ မောပန်းလွယ်သူ၊ သွေးတိုး၊ ကိုလတ်စရောမြင့်သူတွေ ပိုပြီးသောက်သင့်ပါတယ်။
ဒါ့အပြင် vitamin cက အနာကျက်မြန်၊ အရောင်ရမ်းကျစေပြီး ကင်ဆာရောဂါကိုလည်း အထိုက်အလျှောက်ကာကွယ်ပေးပါတယ်။

vitamin cရဲ့ ဘေးထွက်ဆိုးကျိုးတွေက ဘာတွေလဲ?

vitamin c တနေ့ကို 1000mgထက် ပိုသောက်ရင် “သည်းခြေကျောက်တည်”နိုင်ပါတယ်။ တချို့လူတွေမှာ ခေါင်းကိုက်တာ၊ ရင်ပူတာ၊ ဗိုက်နာတာတွေလည်းဖြစ်နိုင်ပါတယ်။ ဆီချိ ုရှိသူတွေအတွက် vitamin cက “သွေးတွင်းသကြားဓာတ်ကိုများစေ”တဲ့အတွက် သတိထားဖို့လိုပါမယ်။ 300mgထက်ပိုသောက်ရင် နှလုံးရောဂါဖြစ်နိုင်ချေရှိပါတယ်။ အားဆေးသောက်ရင် သတိထားပါ။ သွေးထဲမှာ သံဓာတ်ပြသနာရှိသူတွေ ဥပမာ-သာလာဆီးမီးယားလို့ခေါ်တဲ့သွေးကျဲရောဂါ၊ Hameochromatosisလို ့ခေါ်တဲ့ သွေးအနီ​ရောင်အစက်မျ ားတဲ့ရောဂါတွေရှိရင် vitamin cက သံဓာတ်စုပ်ယူမှုမြင့်မားတဲ့အတွက် vitamin c မျ ားမျ ားသောက်ရင် ရောဂါပိုဆိုးစေပါတယ်။