sanpyoke

ဆိုစမှတ်ပြုကြတယ် ဆန်ပြုတ်ပြုတ်တဲ့နေရာမှာ တရုတ်တွေဟာ ဆရာတစ်ပါးပါပဲ။ တရုတ်လူမျိုးတွေဟာ ဆန်ပြုတ်ကို ဆန်ချည်းပဲ သပ်သပ်ပြုတ်တာမျိုးမဟုတ်ပဲ ဆေးနည်းအတိုင်း အချိုးအစားကျကျ ထည့်ပြီး ပြုတ်လေ့ရှိကြပါတယ်။ ဆန်ပြုတ် ပြုတ်တဲ့နေရာမှာလည်း ပျစ်ပျစ်ပြုတ်နည်း၊ မပြစ်မကျဲပြုတ်နည်းနဲ့ကျဲကျဲပြုတ်နည်းဆိုပြီး ပြုတ်လေ့ရှိကြပါတယ်။အဓိကတော့ ရေနဲ့ဆန်ရဲ့အချိုးပါပဲ။ ပျစ်ပျစ်ပြုတ်ချင်ရင် ရေကို ဆန်ရဲ့ ၅ဆ၊ မပျစ်မကျဲပြုတ်ရင် ရေကိုဆန်ရဲ့ ၇ဆ၊
ကျဲကျဲပြုတ်ရင် ရေကိုဆန်ရဲ့ ၁၀ဆ ဆိုပြီး ထည့်လေ့ရှိကြပါတယ်။ မီးထိုးတဲ့နေရာမှာလည်း ပညာသားပါပါတယ် ရေတည်ကာစမှာ မီးအနေတော်နဲ့ ရေဆူစေပြီး မီးအေးအေးနဲ့ ဆန်ပြုတ်ကျိုပါတယ် ။(မီးပြင်းလွန်းရင် ဆန်ပြုတ်အရသာမကောင်းဘူးဗျ)

ပါ၀င်ပစ္စည်းကတော့
—————
ကြွက်နားရွက်မှိုဖြူ (ကျောက်ပွင့်)..တစ်ပွင့် .တစ်ဦးစာ
ဆန် .. နို့ဆီဗူး ငါးပုံ နှစ်ပုံ
ရေ ကိုတော့ ကျွန်တော်အထက်မှာရေးခဲ့သလို နှစ်သက်ရာ ချိန်နိုင်ပါတယ် ကျွန်တော်ကတော့ မပျစ်မကျဲနည်းသုံးပြီးကျိုပါတယ်။

ဆန်ပြတ်ကျိုနည်းမရေးခင်မှာ ကြွက်နားရွက်မှိုဖြူ ကိုမိတ်ဆက်ပေးပါရစေ။အများသိသလို ကျောက်ပွင့်လို့ပဲ သုံးပါမယ်။ ကျောက်ပွင့်မှာ ရုက္ခကော်စေး(organic phosphorus) မီးစုန်းဓာတ် ပါ၀င်တာကြောင့် ပင်ပန်းနွမ်းနယ်မှုတွေကို ဖယ်ရှားပေးနိုင်တယ်။ကိုယ်ခံအားကို တိုးပွားစေတယ်။ဘီတာမင် B1 B2နဲ့လည်းပြည့်၀ပါတယ်။ပရိုတင်းဓာတ် သကြားဓာတ် ကယ်(လ်)စီယမ်ဓာတ်တွေလည်း ပါ၀င်နေပါတယ်။ဒါကြောင့်မို့လည်း တရုတ်ရိုးရာဆေးကျမ်းတွေမှာ ဒီဆန်ပြုတ်ကို အသက်ရှည်ဆန်ပြုတ်ရယ်လို့ နာမည်ပေးထားတာပါ။

ဒီဆန်ပြုတ်ကို သောက်ရင် ရမယ့်အကျိုးဆက်တွေကတော့ အံ့မခန်းပါပဲ သွေးတိုးရောဂါ၊နှလုံးသွေးကြောရောဂါ၊ကိုယ်ခံအားနည်းရောဂါ၊ချွဲသလိပ်ထဲ သွေးပါတဲ့ရောဂါ၊ တွေကိုသက်သာပျောက်ကင်းစေတဲ့အပြင် ရေငတ်ဒဏ်ပါ ခံနိုင်ရည်ရှိစေတယ်။

ဆန်ပြုတ်ကျိုနည်း
—————
အရမ်းရိုးရှင်းပါတယ်
ကျောက်ပွင့်ကို ပျော့ပျောင်းနေအောင် ရေစိမ်ပါ
ဦးစွာ ဆန်ပြုတ်အိုးကို မီးအနေတော်နဲ့ပွက်အောင်တည်ပါ ဆူပွက်လာရင် မီးကို မျှင်းမျှင်းလေးသာထားပါ။ကျောက်ပွင့်ကို လက်သန်းတစ်ဆစ်စာလေး ဖြတ်ထည့်ပါ။ ကြာကြာတည်ပါ ။မိမိလိုချင်တဲ့အနေအထားရောက်ရင် သကြားလေးအနေတော်ထည့်သောက်ရုံပါပဲ