Bottle up လုပ်တယ်ဆိုတာ ကျွန်တော် တို့ရဲ့ ခံစားချက်တွေကို မျိုသိပ်ထားတာကို ခေါ်တာပါ။

ကျွန်တော်တို့ ခံစားချက် တွေကို ဘာလို့ မျိုသိပ်တတ်ကျလဲ ဆိုရင် ကိုယ့် ခံစားချက်တွေကို သူများတွေ ကို ဖော်ပြကြတဲ့ အခါ အပြစ်တင်ခံရမှာ ကြောက်တာ၊ ကိုယ့်ကို အားနည်းတဲ့

သူတစ်ယောက် အဖြစ် မြင်သွားမှာ၊ ကိုယ့် အပေါ် Respect မပေးတော့မှာ စတာ တွေကြောင့် ဖြစ်ပါတယ်။

မကောင်းတဲ့ စိတ်ခံစားချက်တွေ ဖိနှိပ်ပြီး မျိုသိပ်ထားတာ ကြာလာရင် ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ သာမက ရုပ်ပိုင်းဆိုင်ရာကို ပါ ထိခိုက်လာစေနိုင်ပါတယ်။

စိတ်ခံစားချက်တွေကို ဖိနှိပ်ထားတာကြောင့် မှတ်ဥာဏ်ပိုင်းဆိုင်ရာတွေ၊ မိမိကိုယ်ကို တန်ဖိုးထားမှု တွေကို ထိခိုက် နိုင်တဲ့ အပြင် ရေရှည်မှာ စိုးရိမ် ပူပန်တာတွေ၊ စိတ်ဓာတ်ကျ တာတွေ ဖြစ်လာနိုင်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာ အရဆိုရင်လည်း နှလုံးရောဂါ ဖြစ်တာမျိုးတွေ၊ ဆီးချို၊ သွေးတိုး ​ဖြစ်တာမျိုးတွေပါ ဖြစ်လာနိုင်ပါတယ်။

သင်ဟာ စိတ်ခံစားချက်တွေ မျိုသိပ်ထားမိနေပြီလားကို အောက်က အချက်လေးတွေနဲ့ ယေဘူယျ ဆန်းစစ်နိုင်ပါတယ်။

👉 သင်ဟာ အချိန်တိုင်း အထီးကျန်ဆန်နေပြီး သင့်ပတ်ဝန်းကျင်နဲ့ အဆက်အသွယ်ဖြတ်မိနေမယ်။

👉 ခံစားချက်တွေ များနေတဲ့ အတွက် တစ်ခုခုကို စိုးရိမ်ပူပန်နေမယ်။

👉 စားပုံ သောက်ပုံ ပြောင်းလဲ လာပြီး အရမ်းစားမိနေတာ ဒါမှမဟုတ် အစားစားချင်စိတ်မရှိဖြစ်နေမယ်။

👉 ပြဿနာ နဲ့တွေ့တဲ့အခါ ခံစားလွယ်ပြီး စိတ်ဓာတ်ကျနေမယ်။

👉 ပြဿနာတွေ ဖြေရှင်းဖို့ကို ရှောင်လာမယ် စတာတွေပဲ ဖြစ်ပါတယ်။

credit to mental heal

Photo credit-From mental heal