ခုအချိန်မှာ စိတ်ညစ်စရာ စိတ်မပျော်စရာတွေက အဖက်ဖက်ကနေ ကိုယ့်စီရောက်လာတတ်ပါတယ်။ social media သုံးရင်ပဲဖြစ်ဖြစ်၊ အိမ်မှာနေနေရင်းပဲဖြစ်ဖြစ်၊ ဘာမှမလုပ်ရင်တောင်ထိုင်နေရင်းကို စိတ်ညစ်တယ်၊ မွန်းကြပ်တယ်ဆိုပြီးခံစားနေရတာမျိုးတောင်ကြုံဖူးမှာပါ။

တစ်ယောက်ယောက်ကိုသွားဖွင့်ပြောချင်ရင်လည်း ဒါကငါတစ်ယောက်တည်းမဟုတ်ဘူး၊ သူတို့လည်းခံစားနေရမှာပဲ၊ ငါက ဘာလို့ခံနိုင်ရည်မရှိတာလဲဆိုပြီး ကိုယ့်ကိုယ်ကိုယ်အပြစ်တင်မိတာမျိုးထိဖြစ်လာပါတယ်။ တကယ်တော့ ကျွန်မတို့အားလုံးမှာ စိတ်ခံစားချက်ကိုယ်စီရှိကြပြီး အတိုင်းတာ အတိမ်နက်လည်းမတူတာကြောင့် ကိုယ့်ကိုယ်ကိုယ်အခြားသူတွေနဲ့ ယှဉ်ပြီး အပြစ်တင်နေဖို့လုံးဝမလိုအပ်ပါဘူး။
ဒီလိုမျိုးတွေ တွေးမိသွားတဲ့အခါ ကျွန်မတို့မှာသိမ်ငယ်စိတ်တွေဖြစ်လာမယ်။ ဘယ်သူ့ကိုမှရင်မဖွင့်ချင်တော့ဘူး။ တစ်ယောက်တည်းကြိတ်ခံစားပြီး အချိန်တန်ရင်ကောင်းသွားမှာပဲလို့ခံယူလိုက်တယ်။ အဲ့ဒီခါမှာ ကျွန်မတို့ခံစားချက်လေးတွေ သိပ်ထည့်ထားတဲ့ပုလင်းလေးဟာ ပြည့်တာထက်ပိုပြီးလျှံထွက်လာပါတယ်။ ခံစားချက်တွေမြိုသိပ်ထားပါများရင်
◾️ ကိုယ့်ရဲ့ physical health ကိုထိခိုက်စေခြင်း
◾️ မှတ်ဉာဏ် တဖြည်းဖြည်းဆုံးရှုံးခြင်း
◾️ ကိုယ့်ကိုယ်ကို နားမလည်တာမျိုးဖြစ်ခြင်း
◾️ စိတ်ဓာတ်ကျခြင်း ၊ စိတ်ရှုပ်ခြင်း ၊ စိတ်ခံစားလွယ်လာခြင်း
◾️ စိတ်ကျန်းမာရေးကိုပါ ပိုပိုပြီးထိခိုက်လာခြင်းမျိုးဖြစ်တတ်ပါတယ်။
ဒါဆိုရင် ဘယ်လို coping လုပ်ကြမလဲ ?
ကိုယ်ကအပေါ်ကပြောထားသလိုမျိုးကို အစပျိုးခံစားမိပြီဆိုရင်
◽️ အနားခနယူပြီး ကိုယ့်ခံစားချက်တွေကိုနားလည်အောင်ဆန်းစစ်ခြင်း
◽️ ဒီခံစားချက်တွေဖြစ်ရတဲ့အကြောင်းတွေကို ပြန်သုံးသပ်ပြီး တဖြည်းဖြည်းစိတ်ကိုဖြေလျော့ခြင်း
◽️ အခြားရင်းနှီးယုံကြည်ရသူတစ်ယောက်ကို ရင်ဖွင့်ပြောဆိုခြင်း
◽️ Journal ၊ ဒိုင်ယာရီ ရေးခြင်း
◽️ ကိုယ့်ကိုယ်ကိုယ် အချိန်ပေးပြီး ဂရုစိုက်ခြင်း
တို့ကို အချိန်အတိုင်းတာတစ်ခုယူပြီး အနားယူကြည့်နိုင်ပါတယ်ရှင့်။
credit-mental heal
photo credit-From mental heal