Cevit သောက်ရင် Vitamin C တစ်မျိုးတည်းပဲရမှာဖြစ်ပေမယ့် သံပုရာသီးစားရင်တော့ Vitamin C အပြင် တခြားကောင်းကျိုးတွေလည်း ရမှာဖြစ်ပါတယ်။
.
သံပုရာသီးဟာ ဝယ်ရတာလွယ်သလို တချို့ရာသီတွေမှာ စျေးအရမ်းချိုချိုုနဲ့ ဝယ်လို့ရပါတယ်။
.
သံပုရာသီးကို အမျိုးမျိုးလုပ်စားကြသလို တချို့ကလည်း ဖျော်ရည်ဖျော်သောက်ကြပါတယ်။ ဘယ်လိုပဲလုပ်စားစား သံပုရာသီးရဲ့ အကျိုးအာနိသင်ကတော့ အတူတူပဲ ဖြစ်ပါတယ်။
.
သံပုရာသီးတစ်လုံးမှာ ဗီတာမင်စီ၊ ကယ်လ်စီယမ်၊ သံဓါတ်၊ ကော့ပါး၊ ဆိုဒီယမ်၊ မဂ္ဂနီစီယမ်၊ ပိုတက်စီယမ်၊ ဗီတာမင်အေ၊ ဗီတာမင်အီးနဲ့ ဗီတာမင်ကေတို့ ပါဝင်ပါတယ်။
.
ဒါ့အပြင် သံပုရာသီးစားတဲ့အတွက် ….
(၁) နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပါတယ်
(၂) သွေးတွင်းမှာရှိတဲ့အဆီကို ကျစေပါတယ်
(၃) ကင်ဆာရောဂါတွေကနေ ကာကွယ်ပေးပါတယ်
(၄) ကိုယ်အလေးချိန် ကျစေပါတယ်
(၅) ကိုယ်ခံအား ကောင်းစေပါတယ်
(၆) ဆီးကျောက်မတည်အောင် ကာကွယ်ပေးပါတယ်
(၇) သံဓါတ်စုပ်ယူတာကို အားပေးပါတယ်
(၈) အရေပြားမှာရှိတဲ့ ဆဲလ်အသေတွေကို ဖယ်ရှားပေးပါတယ်
(၉) ရေစီးကမ်းပြိုရောဂါကနေ ကာကွယ်ပေးပါတယ်
(၁၀) အစာချေစနစ်ကို အားကောင်းစေပါတယ်
(၁၁) ဝမ်းချုပ်ရောဂါကို ကာကွယ်နိုင်ပါတယ်
(၁၂) ဆီးချိုသမားတွေအတွက် အကောင်းဆုံးဓါတ်စာလည်းဖြစ်ပါတယ်
(၁၃) ဂေါက်သမားတွေ စားပေးသင့်ပါတယ်
(၁၄) အမြင်အာရုံကို အားကောင်းစေပါတယ်
(၁၅) လိပ်ခေါင်းရောဂါကို ကာကွယ်နိုင်ပါတယ်
(၁၆) ဝမ်းပျက် ဝမ်းလျှော ဖြစ်စေမယ့် ပိုးမွှားတွေကို သေစေနိုင်ပါတယ်
(၁၇) ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေပါတယ်
