fight corona

စိတ်ရဲ့ အားကိုးရာ အနေနဲ့ ဘာသာရေးလုပ်ပါတယ်

-ရောဂါမှ ပြန်လည်ကျန်းမာလာသူ အမျိုးသမီးတစ်ဦး

Covid ဖြစ်တုံးက အကြောင်းလေး Share ပေးချင်လို့ပါ
အမ ၁၁ လပိုင်း အစမှာ Covid ဖြစ်ပါတယ်
မှတ်မှတ်ရရ စဖြစ်တဲ့ညက ခေါင်း အရမ်းကိုက်ပါတယ် မနက်ရောက်တော့ လုံးဝ မထနိုင်တော့ဘူး
Decolgen သောက်တယ် မသက်သာဘူး အာ့လိုနဲ့ ၂ရက်နေတော့ အနံ့ပျောက်သွားပါတယ်
အနံ့ပျောက်ပျောက်ခြင်း နှာခေါင်းပိတ်တယ်ပဲ ထင်တာ သိပ်ပီး သတိမထားမိပါဘူး
သတိထားမိတာက အရသာ ပျောက်သွားတော့မှ သတိထားမိတာပါ ချက်ချင်း ထမင်းစားနေရာကနေ ထပြေးပါတယ်
လက်ဆေးပီး အခန်းသန့်ရှင်းရေးလုပ်ပါတယ် ရုံးကလည်း ပိတ်ထားတော့
အိမ်က Q Center သွားဖ်ု့မလွယ်တာရယ်ကြောင့် Home Q နေဖ်ု့ပြင်ဆင်ပါတယ်
လိုအပ်တဲ့ ပစ္စည်းတွေ အကုန် မောင်လေးကို ဝယ်ခိုင်းပါတယ်
ဆေးတွေကတော့ Covid Call Center က ဆရာဝန်တွေကို ဖုန်းဆက်မေးခဲ့ပီး သူတို့ ညွှန်တဲ့ဆေးတွေ သောက်ခဲ့တာပါ

ဝယ်တာတွေက

  • Dettol လိုမျိုး ပိုးသတ်ဆေးရေ တဘူး
    (အရက်ပြန်ဘူး) ဝယ်လဲ ရပါတယ်
  • ရေဖြန်းဘူး တဘူး
  • တခါသုံး လက်အိပ် တစ်ထုပ်
  • Mask တစ်ဘူး
  • Wet Tissue တစ်ထုပ်
  • အိတ်အမဲ အိတ် ၂၀
  • သောက်ဆေးတွေ အဲ့ဒါတွေ ဝယ်ခိုင်းပါတယ်

ပထမဆုံး လုပ်တာက

  • ကိုယ်နေမဲ့ အခန်းကို သန့်ရှင်းရေး လုပ်တာပါ
    အမှိုက်တွေ အကုန်သိမ်းပီး
    လေဝင်​လေထွက်ကောင်းအောင် လုပ်ပါတယ်

အိပ်ယာလိပ်တွေ နေပူ လှမ်းပါတယ် စောင်ခါင်းအုံး မလျော်တော့ပဲ နေပူပူမှာ လှမ်းပါတယ် ပီးတော့ အခန်း တံခါးတွေ လက်ကိုင်တွေ ခုတင်တွေကို ပိုးသတ်ဆေးနဲ့ ရေရောပီး ဖြန်းပါတယ်

အပေါ်ထပ်မှာ နေတာမလို့ အိမ်သာတက်တာတို့ မျက်နှာသစ်တာတို့ လုပ်တာမျိုးဆိုရင် Mask တပ်တယ် လက်အိတ်စွပ်ပါတယ်
ရေဖြန်းဘူးထဲကို ပိုးသတ်ဆေးနဲ့ ရေရောပီး သွားတဲ့နေရာတိုင်းယူသွားပါတယ်
ထိမိကိုင်မိတဲ့ အရာတိုင်း ဖြန်းပါတယ်
အိမ်သာ တံခါး လက်ကိုင် အိမ်သာ ကြွေခုံအကုန်ဖြန်းခဲ့ပါတယ်
ပီးရင် ကိုယ့်အခန်းကို ရောက်ရင် လက်အိပ်တွေ Mask တွေကို အိတ်အမဲထဲ သေချာ ထည့်ပီး
ပိုးသတ်ဆေးနဲ့ ပြန်ဖြန်းပါတယ် အဝတ်အစားဆို မလျော်ပါဘူး အိတ်အမဲထဲ စုထည့်ထားပါတယ်

  • မနက်ဆိုရင် နိုးလာရင် ဆားရေနွေး ပလုတ်ကျင်းတယ် မနက် ၉နာရီလောက်ကနေ မိနစ် ၂၀ နီးပါး
    နေပူစာ လှုံပါတယ်

အသက်ရှု လေ့ကျင့်ခန်း လုပ်ပါတယ်

နွားနို့သောက်ပါတယ် ကြက်ဥ စားပါတယ် ထမင်းလဲ စားပါတယ် (ဘာအရသာမှ မရပေမဲ့လည်း စားပါတယ်) ကြက်သွန်နီ အစိမ်းလိုက် ထမင်းစားတိုင်း ကိုက်စားပါတယ် ဆားရေနွေးနဲ့ တနေ့ကို ၅ခါ နီးပါး ပလုတ်ကျင်းပါတယ် ဆေးသောက်ပါတယ်

ပီးတော့ ညဘက်ကို အိပ်ရေး ဝဝ အိပ်ပါတယ် ဟာသကား ကြည့်ပါတယ် စိတ်ညစ်အောင် လျှောက်မတွေးပါဘူး အချိန်တန်ပျောက်မယ်ဆိုပဲ ပေါ့ပေါ့ပါးပါးပဲနေပါတယ် Vitamin တေလဲ လျှောက်မသောက်ပါဘူး

  • ဝတ်တဲ့အဝတ်အစားဆိုလည်း အသက်ရှုချောင်တာပဲ ဝတ်ပါတယ် လက်ရှည်ကြီးနဲ့ ကျပ်သပ်နေတာတွေ မဝတ်ပါဘူး

စိတ်ရဲ့ အားကိုးရာ အနေနဲ့ ဘာသာရေးလုပ်ပါတယ်
ညအိပ်တဲ့အခါ ကမ္မဝါ ပရိတ် ပဌာန်း ပရိမိတ္တဇာလသုတ် အာဋာနာဋိယသုတ် မဟာ အာဋာနယနိယသုတ် ဂုဏ်တော်ကွန်ချာ
နေ့ရော ညပါ ဖွင့်ထားပါတယ် ဖွင့်ထားတဲ့နားကို ရေတဘူးထားပီး အာ့ဒီရေသောက်ပါတယ် ဖြန်းပါတယ်
ဒါကတော့ ကိုယ့်စိတ်အတွက် ကိုယ် လုပ်တာပါ

အိမ်မှာ အဘွားက ၉၄ နှစ် အဖေက ၆၁ အမေက ၅၇ တစ်ယောက်မှ မကူးခဲ့ပါဘူး
စဖျားတုံးကဆို အမေ့ကို ဖက်ပီးတောင် အိပ်နေခဲ့တာပါ ထမင်းစားတော့လဲ အမေနဲ့ အတူတူစားနေခဲ့တာပါ အမေက ဆီးချို သွေးတိုး အကုန်ရှိပါတယ် ကိုယ် စဖြစ်ပီဆိုပီး သတိထားမိကတည်းက အမေ့ကိုလဲ အိပ်ရေး ဝ ဝ အိပ်ခိုင်းပါတယ်
ဆားရေနွေး ကျင်းခိုင်းပါတယ် သောက်နေကျ ဆေးတွေ မှန်မှန်သောက်ခိုင်းပါတယ်
တအိမ်လုံးလဲ ဂျင်းပြုတ်ရေသောက်ကြပါတယ် ကံကောင်းစွာနဲ့ အမေ့ကိုရော တအိမ်လုံးကို မကူးခဲ့ပါဘူး