
ကြောင်တုတ်ကွေးတွေဟာ Feline parvovirus ဒါမှမဟုတ် ( Feline distemper )လို့ခေါ်တဲ့ကူးစက်ရောဂါကနေပေါက်ဖွားလာတာပါ။ကြောင်လေးတွေရဲ့ အစာအိမ်လမ်းကြောင်းကိုအန္တာရာယ်ဖြစ်စေပါတယ်။ အဆိုပါရောဂါဟာ အိမ်မွေးကြောင်လေးတွေအပြင်ကြောင်မျိုးနွယ်စုများဖြစ်တဲ့ ကျား၊ခြင်္သေ့၊တောကြောင်စတာတွေနဲ့အခြားသောတိရိစ္တာန်မျိုးနွယ်စုများဖြစ်တဲ့ စကင့်(Skunt)၊တောဝက်ဝံငယ် စတာတွေမှာလည်းတွေ့ရှိရတတ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ ဝမ်းပျက်၊ဝမ်းလျှော၊အော့အန်တတ်ပြီးတခါတလေ နှာစေးချောင်းဆိုးခြင်းများလည်းဖြစ်တတ်ပါသေးတယ်၊ဒါကြောင့်ဒီရောဂါကိုလူတွေက ကြောင်တုတ်ကွေး( Cat distemper)၊ ကြောင်အူရောင်ရောဂါ (Feline Parvovirus Enteritis)စသည်ဖြင့် အမျိုးမျိုးခေါ်ဝေါ်ကြပါတယ်။
ရောဂါကူးစက်ခံရတာသိပြီဆိုတာနဲ့ချက်ချင်းတိရိစ္ဆာန်ဆရာဝန်ဆီသွားပြဖို့လိုပါတယ်။အစာမစားသောကြောင်များ အော့အန်၊ဝမ်းလျှောနေသောကြောင်များဟာ ကိုယ်ခံအားကျဆင်းပြီး ရေဓါတ်ကုန်ခမ်းသည့်အတွက် သတိလစ်မေ့မြောစေပါတယ်။
ရန် မစင်နှင့် အခြားသောအရာတွေ တွင်ရောဂါပိုးများနေရာယူတတ်သဖြင့် ကြမ်းပြင်များကို Sodiam Hypochlorite ရောစပ်ထားသောပိုးသတ်ဆေးရည်ဖြင့်ဆေးကြောပေးရန်။
ရောဂါဖြင့်ကြောင်သေဆုံးဖူးပါက ကျန်ရှိနေသေးသောကြောင်များကိုနှစ်စဉ်ကြောင်တုတ်ကွေးကာကွယ်ဆေးကြိုထိုးထားပေးရန်။
ယခုအချိန်တွင် ကြောင်တုတ်ကွေးကာကွယ်ဆေးများမျိုးစုံပေါ်ပေါက်နေပြီဖြစ်ပြီးအဆိုပါကာကွယ်ဆေးများဟာ ကြောင်ဝက်သက်ရောဂါနှင့် ကြောင်တုတ်ကွေးရောဂါနှစ်မျိုးစလုံးကို ကာကွယ်ပေးမှာဖြစ်ပါတယ်။
ကာကွယ်ဆေးများကိုတိရိစ္ဆာန်ဆေးကုခန်းတိုင်းနှင့် တိရိစ္ဆာန်ဆေးရုံတိုင်းတွင် ထိုးနိူင်ပါတယ်။ကာကွယ်ဆေးကိုအိမ်မွေးကြောင်ထီး ကြောင်မလေးများသာမက ကြောင်အနွယ်ဝင်တိရိစ္ဆာန်များ တောတွင်းကြောင်များပါထိုးသင့်ပါတယ်။
credit-original uploader
