Covid 19 Pandemic ကြီးဖြစ်လာတာ အခုဆိုရင်…၂ နှစ်နီးပါးဖြစ်လာခဲ့ပါပြီ။ Wave တွေလည်း တစ်ခုပြီး တစ်ခုဖြစ်ပေါ်နေတဲ့အခါမှာ Covid ရဲ့ ရိုက်ခက်မှုက စိတ်ပိုင်းဆိုင်ရာ အရရော၊ ရုပ်ပိုင်းဆိုင်ရာ အရပါ သက်ရောက်မှုတွေကကြီးလှပါတယ်။ ကျန်းမာရေး၊ စီးပွားရေးအရ ကျပ်တည်း အဆင်မပြေမှုတွေ များလာတဲ့အခါမှာ စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်မှုတွေပါရှိလာပါတယ်။

ဒါ့အပြင်မိမိချစ်ရတဲ့သူတွေ Covid ဖြစ်တဲ့အခါမှာ အရင်လို Physically အရ နီးနီးကပ်ကပ် မရှိပေးနိုင်တဲ့အခါမှာ အထောက်အပံ့ပေးနိုင်ဖို့ရာခက်ခဲ့လှပါတယ်။

ကိုယ်ကျန်းမာရေးနဲ့ စိတ်ကျန်းမာရေးဟာ ဆက်စပ်နေတယ်ဆိုတဲ့အတိုင်းပဲ ကိုယ်မကျန်းမာဖြစ်တဲ့အခါမှာ ဝေဒနာ ခံစားနေရတဲ့သူဆီမှာလည်း စိတ်ဓာတ်ကျတာ၊ စိတ်ပင်ပန်းနွမ်းနယ်တာ၊ စိုးရိမ်ပူပန်တာ စတာတွေခံစားရနိုင်ပါတယ်။

အဲ့ဒီလို မိမိချစ်ရတဲ့သူတွေ Covid ဖြစ်တဲ့အခါမှာ စိတ်ပိုင်းဆိုင်ရာအရ ဘယ်လို အထောက်အပံ့ အဓိကပေးကြမလဲဆိုရင်..

1. ဖုန်းခေါ်ပြီး အကျိုးအကြောင်းမေးတာ၊

2. အကူအညီလိုရင် ကိုယ်က အသင့်ရှိနေကြောင်း ပြောပြတာ၊

3.သူပြောချင်တာတွေ နား​ထောင်ပေးတာ၊

4. အစားအစာ နဲ့ ဆေးဝါးနဲ့ပတ်သတ်ပြီး အကူအညီပေးတာ၊

5. Message လေးတွေပို့ပြီး အမြဲအကျိုးအကြောင်းမေးနေတာ စတာလေးတွေလုပ်နိုင်ပါတယ်။

အားလုံး ချစ်ခင်ရသူတွေကို ဂရုစိုက်ဖို့ မမေ့ပါနဲ့​နော် ..

Covid​ရောဂါ​ဘေးကြီးမှလည်း အမြန်ဆုံး​ကျော်ဖြတ်နိုင်ပါ​​စေ