ကျွန်တော်တို့ဟာ ခန္ဓာကိုယ်ရဲ့ နှလုံး၊ အသည်းနဲ့ အခြားအစာခြေစနစ်ကို ပျက်စီးစေတဲ့ အစားအစာများအကြောင်းကို သိထားကြတာရှိ ပေမယ့် နောက်ထပ် အရေးကြီးဆုံးဖြစ်တဲ့ ဦးနှောက်ကို ပျက်စီးစေမယ့် အစားအစာများအကြောင်းကို မသိရှိကြပါဘူး။ တကယ်လို့ သင်ဟာ နေ့လည်စာ စားပြီးချိန်မှာ ပင်ပန်းနွမ်းနယ်နေတယ်လို့ ခံစားနေရတယ်ဆိုရင် သင်ဟာ ဦးနှောက်ကို ထိခိုက်စေမယ့် အစားအစာ တစ်ခုခုကို စားမိလို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဦးနှောက်ကို ထိခိုက်စေမယ့် အစားအစာများကို ဖော်ပြပေးလိုက်ပါတယ်။
(၁) သကြား
သကြားကို အမြောက်အများ စားသုံးရင် ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာ သိရှိထားကြပြီး ဖြစ်ပါတယ်။ သကြားကို ကာလာကြာရှည် များများ စားသုံးမိပါက အာရုံကြောဆိုင်ရာ ပြသနာများ ဖြစ်ပေါ်စေပါတယ်။ ဦးနှောက်ရဲ့ ဆန့်ကျုံ့ သတ္တိကို လျော့နည်းလာစေပြီး၊ သင်ယူလေ့လာမှုစွန်းရည်၊ မှတ်သားထိန်းသိမ်းထားနိုင်တဲ့ စွမ်းရည်ကိုပါ ထိခိုက်လာစေပါတယ်။ သွေးထဲ သကြားဓာတ်မြင့်မားလာတဲ့အခါ ဦးနှောက်ရဲ့ အင်ဆူလင်ကို ပျက်ပြားစေပြီး စိတ်ပိုင်းဆိုင်ရာနဲ့ သိမြင်မှုဆိုင်ရာစွမ်းအားတို့ကိုပါ လျော့နည်းလာစေပါတယ်။ ဒါ့ကြောင့် သကြားကို နေ့စဉ် အမျိုးသမီးတွေဆို လက်ဖက်ရည်ဇွန်း ၆ ဇွန်း၊ ယောက်ျားလေးဆို လက်ဖက်ရည်ဇွန်း ၁၀ ဇွန်းသာ စားသုံးသင့်ကြောင်း အကြံပြုထားပါတယ်။
(၂) ဆား
ဆားဟာ သွေးတိုးရောဂါ၊ နှလုံးခုန်နှုန်း၊ အစာခြေစနစ်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာကို ဖြစ်စေတေတ်ပါတယ်။ အခြား ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းလိုပဲ ဦးနှောက်ဆီကိုလည်း သွေးလည်ပတ်မှုရှိတဲ့အတွက် ထိခိုက်ပျက်စီးတတ်တဲ့ သဘာဝရှိပါတယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာများအတွက် ဆားကို မရှိမဖြစ်လိုအပ်တာမှန်မေယ့်သူ့ကို အလွန်အကျွံ မသုံးမိစေဖို့အရေးကြီးပါတယ်။ လူတစ်ယောက်ဟာ နေ့စဉ် အများဆုံး လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာ ဆားကို စားသုံးသင့်ပါတယ်။ ဆီးချိုရောဂါ၊ နာတာရှည်ရောဂါရှိတဲ့ အသက်၅၀သူများအတွက် ဆားကို လက်ဖက်ရည်ဇွန်း တစ်ဝက်သာ စားသုံးသင့်တယ်လို့ အကြံပြုထားပါတယ်။
(၃) အာဟာရပါဝင်မှုနည်းပါးပြီး ကိုလက်စထရောများသော အစားအစာ
ဒီလိုအစားစာတွေကို လူတွေ ကြိုက်နှစ်သက်လေ့ရှိပြီး ကြိုက်နှစ်သက်ရတဲ့ အ ကြောင်းအရင်းမှာ ဦးနှောက်ထဲကို ပျော်ရွှင်ကျေနပ်မှုကို ဖြစ်ပေါ်စေတေဲ့ ဓာတ်သတ္တိတွေ ရောက်ရှိလာတာကြောင့်ဖြစ်ပါတယ်။ ဒီလိုအစားအစာမျိုးကို ခန္ဓာကိုယ်အတွက် အကျိုး မရှိတဲ့အစားအစာ (junk food )လို့ ခေါ်ဆိုကြပါတယ်။ ဒါ့ကြောင့် ဒီလိုအစားအစာများကို စားသုံးမိတဲ့အခါ လူတွေဟာ စိုးရိမ်စိတ်တို့များပြီး၊ စိတ်ဓာတ်ကျ ရောဂါတို့ကိုခံစားလာကြရပါတယ်။ ကြိုက်တယ်ဆိုပြီး ပိုလို့စားမိလေ မှတ်ဉာဏ်ဆုံးရှုံးမှုကို ဖြစ်ပေါ်စေနိုင်ပြီး၊ အယ်လ်ဇိုင်းမားလို ဦးနှောက်မှတ်ဉာဏ်ဆိုင်ရာ ရောဂါများကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒါ့ကြောင့် အစားအစာ စားသောက်တော့မယ်ဆိုရင် ၅၀၀ ကယ်လိုရီထက် မပိုတဲ့ အစားအစာတို့ကိုသာ စားသောက်သင့်ပါတယ်။
(၄) ကြော်ထားသော အစားအစာများ
နေကြာဆီတို့လို တချို့ဆီတွေဟာ နည်းနည်းပူလာရုံနဲ့ ဦးနှောက်အာရုံကြောဆိုင်ရာလုပ်ဆောင်မှုများကို ပျက်စီးစေနိုင်တဲ့ ဓာတ်သတ္တိတစ်မျိုးကို ထုတ်လွှတ်တတ်ပါတယ်။ အဲဒီလိုဆီတွေနဲ့ ကြော်ထားတဲ့ အ ကြော်စာတို့မှာဆိုရင် junk food လို လူကို စွဲစေနိုင်တဲ့ ဓာတ်တစ်မျိုးပါဝင်ပါတယ်။ သုတေသနလေ့လာတွေ့ရှိချက်အရ အ ကြော်စာတွေဟာ ဆီးချိုရောဂါများ၊ ဟော်မုန်းဆိုင်ရာရောဂါများနဲ့ အရိုးအဆစ်ဆိုင်ရာ ရောဂါတွေ ဖြစ်ပွားတတ်တာကိုတွေ့ရပါတယ်။
(၅) အဆီဓာတ်များသော အစားအစာများ
အဆီဓာတ်ပါတဲ့ အစားအစာများကို အစားများတဲ့အခါ ဦးနှောက်ကျုံ့ ခြင်းကို ဖြစ်ပေါ်စေပြီး အယ်လ်ဇိုင်းမားလို ဦးနှောက်မှတ်ဉာဏ်ဆိုင်ရာ ရောဂါများကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် ဝက်သား၊ ကြော်လှော်ထားသော မုန့့်ပဲ သရေစာ၊ ဖုတ်ပြီး ထုတ်ပိုးထားသော အစာများ ကို စားသုံးခြင်းမှ ရှောင်ရှားသင့်ပါတယ်။
(၆) တာရှည်ခံအောင်ပြုပြင်ထားတဲ့အစားအစာများ
တာရှည်ခံအောင်အစားအစာတို့ကို ဓာတုဆေးဝါးပစ္စည်းများ သုံးစွဲထားတာများပါတယ်။ ဒီလို သုံးစွဲထားတဲ့ ဓာတုပစ္စည်းတို့ဟာ ဦးနှောက်ရဲ့လုပ်ဆောင်မှုကိုသက်ရောက်စေပြီး၊ ဦးနှောက်ဆဲလ်များကို ဖြည်းဖြည်းချင်း ပျက်စီးစေပါတယ်။ အကျိုးဆက်အ နေနဲ့ ဦးနှောက်ကို ကျုံ့ စေနိုင်ပါတယ်။ ဒါ့ကြောင့် ဓာတုဗေဒပစ္စည်းများ သုံးစွဲပြီး တာရှည်ခံအောင် ပြုပြင်ထားတဲ့ အစားအစာတွေကို ရှောင်ကြဉ်သင့်ပါတယ်။ အ ကောင်းဆုံးကတော့ တာရှည်ခံအစားအစာတွေထက် လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်များနဲ့ သစ်သီးဝလံများကို များများ စားသုံးသင့်ပါတယ်။
