ခြေထောက်တစ်ဖက်စီကို ကြိုးနဲ့လုံးပတ်တိုင်းပြီး ယှဉ်ကြည့်ပါ။ ဥပမာ- ခြေသလုံးအလယ်လောက်ကို နှစ်ဖက်စလုံးတိုင်းကြည့်ပါ။ ကျွန်မကတော့ အစထုံးထားတဲ့ ကြိုးနဲ့တိုင်းပြီး ပေကြိုးနဲ့ တိကျအောင် ယှဉ်ကြည့်ပါတယ်။ ၃ နေရာလောက်တိုင်းကြည့်ပါတယ်။ ခြေသလုံးသွေးခဲနေရင် တစ်ဖက်နဲ့တစ်ဖက် မတူတော့ပါဘူး။
ကြိုက်တဲ့အချိန် consult လုပ်လို့ရတဲ့ အပင်ပန်းခံကြိုးစားပေးတဲ့ တူသား ဆရာဝန်တွေကြောင့် အမေလည်း recovery မြန်မြန်ဖြစ်လာတာပါ။
စစ်ရမယ့်သွေးက
- CP(A)
- Potassium
- Creatinine
- CRP
- D-dimer ပါ။
သွေးပုလင်း (၃) ပုလင်းကို သတ်မှတ်ထားတဲ့အမှတ်အထိ အတိအကျ သွေးထည့်ပြီး စစ်မယ့်နေရာကို ပို့ပါ။ သွားပို့တဲ့အခါမှာ လမ်းမှာ ဆိုင်ကယ်/ကားအရမ်းမခုန်အောင် ဂရုစိုက်ပါတယ်။
D-dimer က သွေးခဲ/မခဲ စစ်တာပါ။ သွေးခဲရင်ထိုးရမယ့်ဆေးက enoxaprin 0.4mg 3 amp ပါ။
ဒီအချိန်မှာ ဗျာများပြီး နည်းလမ်းရှာနေတဲ့သူတွေအတွက် ကိုယ်ချင်းစာပြီး ပြောပြတာပါ။ ဆရာဝန်နဲ့တိုင်ပင်ပြီး လိုအပ်ရင် ဆေးရုံတက် ပစ္စည်းစုံစုံလင်လင်နဲ့ ကုနိုင်ရင် အကောင်းဆုံးပါ။
အမေ့ကိုတော့ ပိုးသတ်ဆေးထိုးပေးပါတယ်။ တတ်နိုင်သမျှ ရောဂါကို လက်ဦးမှုယူပါ။
ရေးသားသူ ဆရာမ Theint Thu
