မင်္ဂလာပါ။
ဒီနေ့ပြောပြပေးသွားမယ့် အကြောင်းအရာကတော့ ကိုယ်ခံအားကို မြင့်တင်ပေးနိုင်တဲ့ အစားအသောက်များပဲဖြစ်ပါတယ်။
အချိုအစားအသောက်တွေက ကိုယ်ခံစွမ်းအားကို မြင့်တင်ပေးနိုင်ပါတယ်။ ဒီလို အစားအစာတွေကို စားပေးခြင်းဖြင့်အအေးမိဖျားနာဖြစ်ခြင်းကနေကာကွယ်ပေးနိုင်ပါတယ်။ အဲ့ဒီအစားအစာတွေကတာ့
၁) ချဉ်သောအသီများ
လိမ္မော်သီး၊ သံပရာသီးတိုလို ချဉ်သောအသီးတွေမှာ ဗီတာမင် C ပါဝင်ပါတယ်။ ဗီတာမင် C က သွေးဖြူဥ ထုတ်လုပ်မှု များစေနိုင်ပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပါတယ်။.
၂)ပန်းဂေါ်ဖီစိမ်း(Broccoli)
ပန်းဂေါ်ဖီစိမ်း(Broccoli) မှာ ဗီတာမင်နဲ့ သတ္ထုဓာတ်များစွာပါဝင်ပါတယ်။ ဗီတာမင် A,C, E တိုသာမကပဲ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ အမျှင်ဓာတ်တိုပါဝင်တာကြောင့် ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ အစားအသောက်တစ်မျိုးပဲဖြစ်ပါတယ်။
၃)ကြက်သွန်ဖြူ
ကမ္ဘာပေါ်က ဟင်းလျှာအများစုမှာ ကြက်သွန်ဖြူက မပါမဖြစ်ပါဝင်ပါတယ်။ကြက်သွန်ဖြူဟာ ဟင်းလျှာကို အရသာ ရှိစေရုံသာမကပါဘူး သွေးကြောတွေမာလာတာကို ကာကွယ်ပေးတဲ့အတွက် သွေးတိုးရောဂါအတွက် ကောင်းမွန်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ခုခံအားစနစ်ကို ကောင်းမွန်စေတဲ့ ဓာတ်များစွာ ပါဝင်ပါတယ်။
၄)ဂျင်း
ဂျင်းဟာ ရောင်ယမ်းခြင်းကို လျှော့ကျစေတဲ့ အတွက် လည်ချောင်းနာခြင်းအတွက်ကောင်းမွန်ပါတယ်။ မူးဝေခြင်းကိုလည်းသက်သာစေပြီး နာတာရှည်ကိုက်ခဲမှုတွေအတွက်လည်းကောင်းမွန်ပါတယ်။
၅) ဟင်းနုနွယ်ရွက်
ဟင်းနုနွယ်ရွက်ဟာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အစားအစာဖြစ်ရခြင်းက ဗီတာမင် C ကြွယ်ဝတာ တစ်ခုထဲ အတွက်ကြောင့်မဟုတ်ပါဘူး။သူ့မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း တွေနဲ့ ဘီတာ ကယ်ရိုတင်း (Betacarotene) ဓာတ်လည်းပါဝင်ပါတယ်။ အာဟာရဓာတ်ကို ပြည့်ပြည့်ဝဝရစေဖိုအတွက် ဟင်းနုနွယ်ရွက်ကို နွမ်းရုံလောက်သာ ချက်သင့်ပါတယ်။
၆)ဒိန်ချဉ်
ဒိန်ချဉ်သည် ခန္ဒာကိုယ်အတွက် ကောင်းမွန်တဲ့ အဏုဇီဝ ပိုးတွေပါဝင်ပါတယ်။ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပြီး ရောဂါကာကွယ်မှုပေးနိုင်ပါတယ်။ဒါ့အပြင် ဗီတာမင် D လည်း ကြွယ်ဝစွာပါဝင်ပါသေးတယ်။
၇)လက်ဖက်စိမ်း
လက်ဖက်စိမ်းမှာ EGCG (Epigallocatechin gallate) လိုခေါ်တဲ့ အစွမ်းထက်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်တဲ့အတွက် ကိုယ်ခံစွမ်းအားကို တိုးမြင့်စေပါတယ်။
၈) သင်္ဘောသီး
ဗီတာမင် C ကြွယ်ဝတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင်ရောင်ယမ်းခြင်းကို သက်သာစေတဲ့ အစာခြေ အင်ဇိုင်း တစ်မျိုးလည်းပါဝင်ပါတယ်။ ပိုတက်ဆီယမ် ၊ ဗီတာမင် D နဲ့ ဖောလိတ် တိုလည်း ကြွယ်ဝတဲ့ အတွက် ကျန်းမာရေးအတွက် အလွန်ကောင်းမွန်ပါတယ်။
၉)ကြက်သား
ကြက်သားမှာ ဗီတာမင် B6 ကြွယ်ဝစွာ ပါဝင်ပါတယ်။ အအေးမိ ဖျားနာခြင်းအတွက် ကောင်းမွန်ပြီး သွေးနီဥ ထုတ်လုပ်မှုကို တိုးတက်စေနိုင်ပါတယ်။
၁၀) နေကြာစေ့
နေကြာစေ့မှာ ဖော့စ်ဖောရပ်စ်၊ မဂ္ဂနီစီယမ်နဲ့ ဗီတာမင် B6 အပြင်ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ အခြား ဓာတ်ပစ္စည်များစွာပါဝင်ပါတယ်။အစွမ်းထက်တဲ့ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိရှိတဲ့ ဗီတာမင် E လည်းပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားကို မြင့်တင်ပေးနိုင်ပါတယ်။
Dr. Aung
