ကိုယ့်ကိုယ် ကို မလိမ်ပါနဲ့ ဖြစ်ပြီလို့ သဘောထားပြီး စိတ်ကို တင်းထားပါ
ရေချိုးလို့ ဖြစ်ဖြစ် အအေးခံလိုက်လို့ ဖြစ်ဖြစ်ရေမချိုးပဲနေနေ အအေးမခံဘဲနေနေကိုဗစ်က ဖြစ်မှာပါပဲ
ဖြစ်ရင် ဘာအရင်စလုပ်ရမလဲ
ရက်အရင်တွက်ပါ
နေမကောင်းစ ဖြစ်တဲ့ရက်
စဖျားတဲ့ရက်
ဝမ်းစလျောတဲ့ရက် အဲ့ရက်ကို Day 1 လို့သတ်မှတ်ပါအခု ဖြစ်နေတဲ့ COVID ဟာ တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး
ပုံစံ ၁
Day 1 မအီမသာ စဖြစ်တယ်
Day 2 ဖျားတယ်
Day 3 အဖျားပိုတက် ၊ ကိုယ်လက်တွေကိုက်
Day 4,5 ဆေးပတ်လည် အဖျားကျ ၊ သက်သာသွား
Day 7,8,9 အနံပျောက်သွား လည်ချောင်းနဲနဲ ယား
အသက်သာဆုံးပုံစံပါ
![]()
ပုံစံ ၂
Day 1 ရုတ်တရက် ဖျားတယ်
Day 2 ခြစ်ခြစ်တောက်ပူ ၊ လည်ချောင်းနာ
Day 3 လည်ချောင်းက ဘာမှ မြိုမရအောင် ပူပီးနာနေမယ်
Day 4,5 ချောင်းခြောက်ဆိုးမယ်
Day 7,8,9 အဖျားကျ ချောင်းဆိုးကျန်ခဲ့ ၊ အနံ့ အရသာ ပျောက်သွား
လည်ပြွန်ယောင်တဲ့ ပုံစံပါခံစားရပေမဲ့ သိပ်မဆိုးတဲ့ အမျိုးအစားပါပဲ
![]()
![]()
ပုံစံ ၃ ကတော့
ချွဲ ပြန်မြိုချမိတာကနေစ ပီး ဝမ်းလျောတာပါပဲ ကိုယ်က ကိုဗစ် ဖြစ်နေတာဆိုပီး ချောင်းမဆိုးပဲ ချွဲတွေ မြိုမချရပါဘူး
ဓာတ်ဆားရည်
Probiotic နဲ့ သက်သာပါတယ် ဒါပေမဲ့ လူက မြော့ကျန်ခဲ့ပါတယ်
![]()
![]()
![]()
ပုံစံ ၄
Day 1 နေမကောင်း ၊ ကိုက်ခဲ
Day 2 ဖျား Day 3 လည်ချောင်းယား
Day 4,5 ချောင်းဆိုး သလိပ်ထွက် ၊ ရင်ဘတ်အောင့် ၊ မောချင် ၊ အသ်ရှူ ပိုမြန်
Day 6 Oxygen ကျပြီ
Day 7 လှုပ်တာနဲ့မောပြီ ၊ မှောက်ပီး တနေကုန်နေရတယ် ၊ Oxygen ရှိရင် ပိုကောင်းတယ်(ဆေးရုံသွားဖို့ကတော့ သိကြတဲ့ အတိုင်း)
Day 7-11 အသက်လုရပီ ၊
တကယ်မှောက်နေနိုင်သလား
အသက်ရှူလေ့ကျင့်ခန်း ကြို လုပ်ထားခဲ့ သလား၊
လူငယ်လား လူကြီးလား ၊
အဝလွန်ရှိသလား၊
ဆီးချို ရှိသလား ၊
ဆေးလိပ်သောက်သလား စသဖြင့်ပေါ် မူတည်ပီး အခြေအနေ ကောင်းခြင်း မကောင်းခြင်း ဖြစ်မယ်
အဲ့လိုပုံစံက “အဆုတ်ယောင်” ပုံစံပါ အဆိုးဆုံးပါပဲပိုးကြောင့် အဆုတ်ယောင်တာ ဖြစ်နိုင်သလို immune system က ပိုးကို မတရား တိုက်လို့လဲ ဖြစ်နိုင်ပါတယ်
Immune ကြောင့်ထင်ရင် တချို့လူနာတွေကို Dexa ထိုးရ သောက်ခိုင်းရပါတယ် (ဘာကြောင့်ဖြစ်တယ်ဆိုတာကို ဆရာဝန်မှပဲ သိနိုင်မှာပါ၊ မတိုင်ပင်ပဲ ကိုယ့်ဘာသာကိုဆို ဘေးထွက်ဆိုးကျိုးတွေ များပါတယ်)နာတာရှည် အိပ်ရထဲလဲနေတာ ကြာခဲ့တဲ့ လူကြီးတွေ အဆုတ်ကို လာတဲ့ သွေးကြောထဲမှာ သွေးခဲတာ ဖြစ်နိုင်တယ်(ဒါ့ကြောင့် သွေးကျဲဆေးတွေထိုးဖို့ လိုမယ်လူတိုင်းထိုးဖို့ မလိုပါ)ဒီDay 7-11 သည် ဆရာဝန် ညွှန်ကြားချက် လိုကိုလိုမယ် အိမ်ပင့် ဆရာဝန်လိုကိုလိုမယ် ဆေးရုံ သွားနိုင်ရင်/ တက်ခွင့်ရရင် တော့ အကောင်းဆုံးပါပဲဒီတခေါက်ကိုတော့ Day 1 – Day 7 အတွင်း ဘာတွေ လုပ်သင့်တယ်ဆိုတာ အောက်မှာပုံစာ လေးတွေနဲ့ ရေးထားပေးပါတယ်
Dr.Oak Kaung ZanMBBS , UM1
မှတ်ချက် လူနာတစ်ဦးနှင့် တစ်ဦး ရောဂါ လက္ခဏာ ၊ အောက်ခံ ရောဂါပေါ် မူတည်ပီး ကုသမှူ ကွဲပြားပါလိမ့်မည်






:max_bytes(150000):strip_icc()/coronavirus-flu-differences-4798752-v1-46194f3009ac4f3d80b4078fd180bbb7.png)
