ခန္ဓာကိုယ်တွင်း သွေးသန့်စင်ဖို့၊ စွမ်းအင်ထိန်းသိမ်းထားနိုင်ဖို့နဲ့ သည်းခြေရည် ထုတ်ပေးဖို့အတွက် အသည်းက ခန္ဓာကိုယ်ရဲ့ မရှိမဖြစ် အစိတ်အပိုင်း ဖြစ်ပါတယ်။ အသည်းက ခန္ဓာကိုယ်တွင်းမှာ အဆီဓာတ် ရယူမှုလည်း အလွန်များပါတယ်။ ဒါကြောင့် အသည်းအဆီဖုံးပြီး ထိခိုက်ပျက်စီးမှု ဖြစ်တတ်ပါတယ်။
အသည်းကျန်းမာရေး ကောင်းမွန်စေဖို့ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပြုလုပ်ခြင်းနဲ့ အရက်သောက်မှု လျှော့ချခြင်းတို့ဖြင့် ဆောင်ရွက်နိုင်ပါတယ်။ လူတစ်ယောက်ရဲ့ အသည်းမှာ အဆီဖုံးနေပြီဆိုရင် လက္ခဏာတွေ ပြသလာပါတယ်။
ပင်ပန်းနွမ်းလျနေတတ်တယ်။
အဝလွန်လာမယ်။ အသဲအဆီဖုံးနေသူ ၇၅ ရာခိုင်နှုန်းခန့်ဟာ အဝလွန်မှု ဖြစ်နိုင်ပါတယ်။
မျိုးရိုးနဲ့လည်း သက်ဆိုင်ပါတယ်။
မျက်လုံးနဲ့ အသားအရောင် အဝါရောင် ဖြစ်လာတယ်။
ဆီးနဲ့ဝမ်း အရောင်ပြောင်းလာတယ်။
အရေပြားမှာ အကွက်တွေ တွေ့လာရပြီး အရောင်ပြောင်းလာတတ်တယ်။
ဝမ်းဗိုက်ပိုင်း နာကျင်မှု ခံစားရတတ်တယ်။
ခြေထောက်အောက်ပိုင်းဘက်မှာ အရည်အိတ် တွေ့ရတတ်တယ်။
လက်တုန် ခြေတုန် ဖြစ်လာတတ်တယ်။
