ဘာကြောင့်ဖြစ်သလဲ
အိပ်ပျော်နေစဉ် အသက်ရှုလမ်းကြောင်းပိတ်ရောဂါသည် အ၀လွန်၍ အစာရည်မြိုပြွန် (Pharyngeal Airway) ၏ နောက်ပိုင်းတွင် အဆီများစုပုံမှုကြောင့် အသက်ရူလမ်းကြောင်း ပိတ်ဆိုသည့်ရောဂါ ဖြစ်သည်။ ထိုအပြင် မွေးရာပါ အစာရည်မြိုပြွန်ကျဉ်းမြောင်းသူများ မကြာခဏ ထိပ်ကပ်နာကဲ့သိုမကြာခဏ နှာစေးကြသူများ၊ မကြာခဏအာသီးရောင်ကြသူများတို တွင်လည်း ဖြစ်ပွားလေ့ရှိသည်။ အိပ်ပျော်နေစဉ် အစာရည်မြိုပြွန်၏ နောက်ပိုင်းကြွတ်သားများ ပျော့ပြောင်း သွားမှုကြောင့် အသက်ရှုလမ်းကြောင်း ပိတ်ဆိုသွားမှု ဖြစ်ပွားရခြင်းဖြစ်သည်။
ဘယ်သူတွေပိုဖြစ်လဲ
အမျိုးသားများ သည်လည်ချောင်းတိုသောကြောင့် အမျိုးသမီးများထက်ပိုမိုဖြစ်ပွားသည်။ မိမိအိမ်သားတစ်ဦး မိတ်ဆွေ တစ်ဦး အိပ်ပျော်နေစဉ် အလွန်အမင်း ဟောက်သံကျယ်လောင်သည်ကို သတိပြုကြပေ လိမ့်မည်။ ထိုအပြင် အချိုသည် မတ်တက်ရပ်၊ကားစီး၊တီဗီကြည့်ရာ၌ အလွယ်တကူအိပ်ပျော်ပြီး အဟောက်လွန်ကြသည်ကို တွေ့ရှိရမည်ဖြစ်သည်။ ထိုသူများသည် အိပ်ပျော်နေစဉ် အသက်ရှု လမ်းကြောင်းပိတ်ရောဂါ၊ (Obstructive Sleep Apnea) ဖြစ်နိုင်ခြေများသော သူများဖြစ်သည်။ အမှန်တစ်ကယ်တော့ ထိုသူများသည် ညတွင်အိပ်ရေး၀၀ အိပ်ကြရသူများမဟုတ်ကြပါ။
ဘယ်လို ဝေဒနာခံစားရလဲ
အိပ်ပျော် နေစဉ် အသက်ရှုလမ်းကြောင်းမကြာခဏ ပိတ်ဆိုမှုကြောင့် အသက်ပြန်ရှုနိုင်စေရန် ဦးနှောက်ကို နိုးကြားစေရသည့်အတွက် မနက်တွင် အိပ်ရေးမ၀သည့် ဝေဒနာခံစားကြရသည်။ ခေါင်းကိုက် စေခြင်း၊အလွယ်တကူစိတ်တိုခြင်း၊ နေ့လည်ပိုင်းတွင် အလွယ်တကူအိပ်ငိုက်ခြင်း၊ ထိုမှတဆင့် နောက်ဆက်တွဲ ၊ ကောင်းမောင်းနေစဉ် အိပ်ငိုက်ခြင်းတိုကြောင့် ကားအက်ဆီဒင့်များ ဖြစ်ပွား ရခြင်း စသည့်ဝေဒနာဆိုး ကျိုးများဖြစ်စေနိုင်သည်။
ဘယ်လို အန္တရာယ်ရှိလဲ
အိမ်ပျော်နေစဉ်တွင် ရံဖန်ရံခါ အသက်ရှုလမ်းကြောင်းပိတ်ဆိုမှုကြောင့် ခန္ခာကိုယ်မှ အောက်စီဂျင်လုံလောက်စွာမရရှိသဖြင့် နောက်ဆက်တွဲအကျိုးဆက်အနေဖြင့် သွေးတိုးခြင်း ၊ လေဖြတ်ခြင်း၊ နှလုံးသွေးကြောကျဉ်း၊ သွေးကြောပိတ်ခြင်းများ ဖြစ်ပေါ်စေနိုင်ပါသည်။ ခန္ဓာကိုယ်မှ အောက်စီဂျင်လုံလောက်စွာ မရရှိမှုသည် သွေးကြောနံရံများ၊ နာတာရှည်ရောင်ရမ်းစေခြင်းနှင့် အလွယ်တကူ သွေးခဲစေခြင်းကို ဖြစ်စေနိုင်သည်။ အထူးသဖြင့် ညအချိန် ရုတ်တရက်နှလုံးသွေး ကြောပိတ်သူအများစုမှာ အသက်ရှုလမ်းကြောင်းပိတ်ရောဂါရှိသူ အများစုဖြစ်ကြောင်း လေ့လာ တွေ့ရှိမှု များအရဆိုသည်။ ဝေဒနာ ခံစားနေရသူ များနေပြီလား
စင်္ကာပူရှိနှလုံးအထူးကု ဆေးရုံကြီးတစ်ခုတွင်(2013)ခုနှစ်တွင်လေ့လာ တွေ့ရှိချက်အရဆေးရုံတက်လူနာများ၏ 40% ခန့်သည်အိပ်ပျော်နေစဉ်အသက်ရှုလမ်းကြောင်း ပိတ်ရောဂါဖြစ်နိုင်ခြေရှိသောသူများဖြစ်ကြောင်း အံ့အောသင့်ဖွယ်တွေ့ရှိရပါသည်။ ယခုအခါ သုတေသီများသည် အိပ်ပျော်နေစဉ် အသက်ရှုလမ်းကြောင်း ပိတ်ရောဂါသည် နှလုံးသွေး ကြောကျဉ်းရောဂါကို ဖြစ်စေနိုင်သော ဆီးချို သွေးချို၊ သွေးတိုး ၊ သွေးတွင်းအဆီများ အစရှိသည့် ရောဂါများကဲ့သိုသော (Risk Factor) အချက်တစ်ချက်နေဖြင့် ထင်မြင်ယူဆလျှက်ရှိကာ ရှာဖွေ စမ်းသပ်ကုသမှုများ ဆောင်ရွက်နေကြပြီ ဖြစ်သည်။ မိမိတွင် ဤရောဂါဖြစ်နေကြောင်း အန္တရာယ် ရှိသည့် ရောဂါဖြစ်ကြောင်း သတိပြုမိမှသာ မှန်ကန်သော စစ်ဆေးကုသမှုခံယူခြင်းဖြင့် သွေးတိုး၊ လေဖြတ်၊ နှလုံးသွေးကြောပိတ်ရောဂါများ ကာကွယ်နိုင်မည်ဖြစ်သည်။
ဘယ်သူတွေ စစ်ဆေးသင့်လဲ
အသက်ရှုလမ်းကြောင်းပိတ် ရောဂါရှိ/မရှိ စစ်ဆေးသင့်သူများမှာ အ၀လွန်သူများ ၊ အိပ်ပျော်နေစဉ်၊ အလွန်ဟောက်တက်သူများ ၊ အိပ်ပျော်နေစဉ် မကြာခဏ လန့်နိုးသည်ကို မိသား စု၀င်များက သတိပြုမိသူများ ၊ မနက်မိုးလင်းပါက အိပ်ရေးမ၀သကဲ့သို ခံစားရသူများ ၊ အားမရှိ သည်ဟုခံစားရသူများ၊ မကြာခဏ နေ့အချိန် ခေါင်းကိုက်သူများနှင့် အလွန်တကူ အိပ်ငိုက်တက် သူများဖြစ်သည်။ စစ်ဆေးရာတွင်လည်း အလွယ်တကူစစ်ဆေးနိုင်သည်။
ဘယ်လို စစ်ဆေးမလဲ
အသက်ရှုစစ်ဆေး ကိရိယာ( sleep device) ကို တပ်ဆင်အိပ်စက်ခြင်းဖြင့် မနက်မိုးလင်းပါက မိမိတွင် ရောဂါရှိမရှိ သိရှိနိုင်သည်။ ရောဂါ၏ အတိမ်အနက်ကို သက်ဆိုင်ရာ ပါရဂူမှ သတ်မှတ်၍လိုအပ်သော ကုထုံး များညွှန်ကြားပေး မည်ဖြစ်သည်။ ဟောက်တက်သော အလေ့အထရှိတိုင်းတော့ တင်ပြပါရောဂါ မရှိကြပါ၊ စစ်ဆေးမှသာ တိကျသောအဖြေရရှိမည် ဖြစ်သည်။
ဘယ်လိုကုသမလဲ
ကုသနိုင်သည့် ကုထုံးများမှာ ကိုယ်အလေးချိန် လျော့ချခြင်း၊ ညအိပ်နေစဉ် အသက်ရှု စက်မှဖိအားဖြင် အောက်စီဂျင်ပေး၍ ကုသခြင်း၊(CPAP)နှင့် အစာရည်မြိုပြွန် ကျယ်စေရန်ခွဲစိတ် ကုသခြင်း များဆောင်ရွက်နိုင်ပါသည်။
ဘာတွေ ရှောင်ရမလဲ
အရက်၊ဆေးလိပ် ရှောင်ကြင်ခြင်း၊ စိတ်ငြိမ်ဆေးများသောက်သုံးပါက ဆရာ၀န်နှင့်တိုင်ပင်၍ သောက်သုံးခြင်း၊ အိပ်ပါက တစ်ဖက်ကိုစောင်း၍အနေထားမှန်စွာ အိပ်စက်ခြင်း ၊စသည်တိုသည် အဟောက်လွန်ခြင်း (အသက်ရှုလမ်းကြောင်းပိတ်ဆိုခြင်း)ကို အလွယ်တကူကာကွယ်လုပ် ဆောင်နိုင်သည့်နည်းလမ်းများဖြစ်သည်။ စောစီးစွာ သိရှိပါက ကုသပျောက်ကင်းနိုင်ပြီးနောက် ဆက်တွဲရောဂါဆိုးကျိုးများကို ကာကွယ်နိုင်သည့်အတွက် ပြည်သူများ facebook friendsများ သတိပြုမိနိုင်စေရန် တင်ပြ အပ်ပါသည်။

