latestupdates

နောက်ဆုံးတွေ့ရှိချက် ( ပါမောက္ခဦးသိန်းဝင်း )

၁။ Stay home ဆိုပေမယ့် ကိုယ့်အိမ်သားတစ်ယောက်မှာရှိနေရင်အကုန်ကူးဖို့များတယ်။

အထူးသဖြင့် … အိမ်ကျဉ်းပြီး အခန်းနည်းရင်အပြင် (open air) မှာ ကိုဗစ်က မအောင်းနိုင်ဘူး။

၂။ air borne ဆိုပေမယ့် တစုံတယောက်ကနှာချေလိုက်မှ အမှုန် droplet လေးတွေက လေထဲမှာကြာကြာနေတာပါ။

Mask တို့ Face Shield တို့တပ်ထားရင် လုံခြုံတယ်။

ကိုဗစ်ဟာအတောင်ပံနဲ့ လျှောက်ပျံနေတာ မဟုတ်ဖူး။

၃။ ကိုဗစ်ပိုးဟာ နှာခေါင်း၂-ပေါက်၊ ပါးစပ်၊ မျက်စိ၂-လုံးကဘဲဝင်နိုင်တယ်။

ခြေထောက်ကနေ၊ကျောကုန်းကနေ မ၀င်နိုင်ဘူး။

Mask တပ်ဖို့၊ face shieldတပ်ဖို့ဘဲ အရေးကြီးတယ် ။

၄။မျက်ကပ်မှန်သုံးတဲ့လူတွေ အခုကာလမှာရိုးရိုးမျက်မှန်သုံးပါ၊

မျက်စိကိုအကာအကွယ်ရတဲ့အပြင်၊မျက်လုံးထဲလက်ထည့်စရာမလိုဘူး။

၅။အပြင်ကပြန်လာတိုင်း အဝတ်လျှော်ရေချိုးဖို့မလိုဘူး။

အဝတ်လဲပြီး အဟောင်းကို ကြွပ်ကြွပ်အိတ်ထဲထည့်ထားလိုက်ပါ။

အားမှလျှော်။ မလျှော်လဲ (၅)ရက်ကြာရင်ပိုးကအလိုလို သေသွားလိမ့်မယ်။

၆။ အရေးကြီးတာက အော်ကျယ်ပြောနေတဲ့လူ..ချောင်းဆိုးနေတဲ့ နှာချေနေတဲ့ လူ..တွေကိုဝေးဝေးကရှောင်ပါ။

၇။အိမ်ထဲမှာ ပိုးနည်းနည်းပါးပါးရောက်နေရင်လဲကိစ္စမရှိဘူး။ ၅-ရက်ဆို ပိုးက သူ့အလိုလိုသေတယ်။ ရွရွလျှောက်ပြေးနေတာမဟုတ်ဘူး။ သူ့ဖာသာသူကပ်နေတာ။ ကိုယ်ကလက်နဲ့ယူပြီး နှာခေါင်းနိုက် .မျက်စိပွတ်..ပါးစပ်နိုက်မှ ..ဝင်ကုန်တာ။ ဒါကြောင့် လက်ဆေးခိုင်းတာ။

၈။ လေဝင်လေထွက်ကောင်းဖို့ ပို အရေးကြီးတယ်။ ပြူတင်းပေါက်ဖွင့်ပြီး ပန်ကာဖွင့်ထားတာကအလုံပိတ်ပြီး အဲကွန်းဖွင့်ထားတာထက်ပိုကောင်းတယ်။ ပညာပေးဆောင်းပါးများကို မျက်ခြည်မပြတ်ဖတ်ရှုပြီးနောက်ဆုံးတွေ့ရှိချက်များကို အခြေပြု၍ရေးသားပါသည်။