covidnote1

ဆေးလောကသားတွေဖတ်မှနားလည်နိုင်တဲ့အချက်အလက်တွေပါသလို လူထုဖတ်နိုင်တဲ့ အချက်အလက်တွေလည်း ပါပါတယ်။ အလျင်းသင့်သလိုရေးရတာမို့ ခွဲမရေးတော့တာပါ။ ကပ်ဘေးမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီတယ်လို့ပဲမှတ်တယ်။ဆက်လိုက်ကြရအောင်…

၁. ဘာစားရမလဲ ?

ရောဂါအခံကြောင့် ရှောင်ရမယ့်ဟာတွေကလွဲပြီး ကျန်တာအကုန်သာစား။ ဘာသားမှ မရှောင်နဲ့ ၊လူစားလို့ရတဲ့ အသီးအရွက် အကုန်သာစား။ကိုယ်နဲ့မတည့်တာပဲရှောင်။နွားနို့ သောက်သာသောက်။ရောဂါအခံကြောင့် ရှောင်ရမယ့်ဟာတွေလွဲပြီး ကျန်တာအကုန်သောက်လို့ရတယ်၊အရက် ဘီယာကလွဲပြီးတော့ပြောတာ။လာသေးတယ်၊အရက်ပြန်က ပိုးသေတော့ အရက်သောက်ရင် လည်ချောင်းထဲပိုးသတ်ပြီးသားဖြစ်မယ်တဲ့။isopropyl alcohol နဲ့ methyl alcohol ကပဲ ပိုးသတ်တဲ့နေရာမှာကောင်းတာလေ။အရက်ဘီယာက ethyl alcohol. မဆိုင်တာသောက်ရင် မြန်မြန်သေမယ်။ပိုးမဟုတ်ဘူး လူကိုပြောတာ။လည်ချောင်းထဲမှာ ပိုးက လေးရက်တောင်နေတယ်ဆိုပဲ၊ပြီးတော့မှ transit နဲ့ အောက်ကိုဆက်ဆင်းတာတဲ့။ဘယ်ကစလိုက်တဲ့ ပေါက်ကရမှန်းမသိ။သူတို့ပဲ ဒိဗ္ဗစက္ခု၊ဒိဗ္ဗသောတ ရနေသလိုလို။တကယ့် အညာတွေ။

၂.ကြက်ပေါင်း ငှက်သိုက် ကောင်းလားဆရာ?

စားကောင်းအောင်ချက်ရင် အကုန်ကောင်းတယ်။ကြက်ပေါင်းရည်ထဲမှာ denatured protein လို့ခေါ်တဲ့ တစ်ဝက်တစ်ပျက်ခြေဖျက်ပြီးတဲ့ အသားဓာတ်တွေပါတယ်။ ရေမှာပျော်ဝင်နိုင်တဲ့ minerals သတ္ထုဓာတ်တွေပါတယ်။ဗီတာမင်တွေပါတယ်။ကြာကြာချက်လေ ဟင်းရည်ထဲမှာအသားဓာတ်ပါတဲ့ရာခိုင်နှုန်းများလေ။သတ္ထုဓာတ်များလေလေပဲ။ဒါပေမယ့် ဗီတာမင်တွေက ဓာတ်ပြယ်ပြီး ဆုံးရှူံးနိုင်တယ်။

ဘယ်လိုကြက်ပေါင်းလုပ်ရမလဲ ???ပေါင်းခံရေနဲ့ပဲယူယူ၊ရေထည့်ပဲပြုတ်ပြုတ် မထူးဘူး။အဓိကက ကြာကြာပြုတ်ဖို့ပဲ။ဒါဆို ကြက်တွေပဲပေါင်းရမှာပေါ့ ???NO ပါ။ဝက်၊ငါး၊အမဲ၊ဆိတ်၊ပုစွန် အကုန်ပေါင်းလို့ ပြုတ်လို့ရတယ်။ကြက်မှ တမူထူးတာမဟုတ်။ငှက်သိုက်ကရော ???ငှက်သိုက်ထဲမှာ glycoprotein အများဆုံးပါတယ်။အသားဓာတ်တစ်မျိုးပဲ။သူနဲ့စျေးတူနေရင် အသားဓာတ်အများကြီးရတဲ့ အသားတစ်ခုခုသာဝယ်ပြုတ်လိုက်တာ ကြာကြာစားလို့ရတယ်။ငှက်သိုက်မှပဲ ထူးတာမဟုတ်ဘူး။စျေးကြီးပေးပြီး စားနေစရာမလိုဘူး။ဒါပါပဲ။ကြက်ပေါင်းမကြိုက်ရင် ကြက်ကိုသာ ဆီလည်ရေလည်နဲ့ ကြာကြာချက်စား။တူတူပဲ။အရည်သောက်တာနဲ့ အဖတ်စားတာ အဖတ်စားတာက အသားဓာတ်ပိုရတယ်။မစားနိုင်မှသာ သောက်။

၃.အရည်ဘာသောက်လို့ရလဲဆရာ ?

ဓာတ်ဆားရည်ကအကောင်းဆုံးပဲ၊ဖျားရင် ရေငွေ့ဆုံးရှုံးမှုသိပ်များတယ်။ချက်ချင်းပြန်ဖြည့်ရမယ်။ကြိုက်တဲ့ဓာတ်ဆားအမျိုးအစားသာသောက်။တစ်နေ့ကို ၂-၃ လီတာဝင်အောင်သောက်ပေး။ရောဂါအခံရှိမှသာ ချင့်ချိန်သောက်ရမယ်။

၄. အဓိကလက္ခဏာတွေက ဖျားတာ၊မောတာ၊ချောင်းဆိုးတာ၊လည်ချောင်းနာတာနဲ့ ခေါင်းကိုက်တာ။

မောတာကို အောက်ဆီဂျင်ပေးနည်းနဲ့ မှောက်နည်းတွေ မနေ့ကပြောပြီးပြီ။ဖျားတာကို ဘယ်လိုလုပ်ကြမလဲ?ထုံးစံအတိုင်း ဆေးတော်ကြီး ပါရာစီတမော Acetaminophen ပဲစရမယ်။500 mg ကို တစ်နေ့ လေးကြိမ်ကနေ ခြောက်ကြိမ်အထိသောက်နိုင်တယ်။ဘိုင်အိုဂျက်ဆစ်တွေပစ္စည်းပြတ်နေပြီ။သောက်စရာမရှိတော့ဘူးဆရာဆိုပြီး လာပြောကြတာအများသား။Biogesicsဆိုတာ ကုမ္ပဏီကပေးလိုက်တဲ့နာမည်။trade name လို့ခေါ်တယ်။paracetamol သို့ acetaminophen ဆိုတာ generic name ဆေးနာမည်။acetaminophen ပါတဲ့ဆေးကို ကုမ္ပဏီပေါင်းသောင်းခြောက်ထောင်ကနေ ထုတ်တယ်။Tylenol,LanSan,Paracap,Sara,Paradenk,Calpol,Panadol,Adol,Napa,Cel,Aceta,Hedex,Axcel,Progesic,Flumol အကုန် ပါရာစီတမောတွေချည်းပဲ။Decolgen ဆိုတာ ပါရာနဲ့ ဘာမီတွန်တွဲထားတာ၊တုပ်ကွေးဆေး။ဒီတော့ ကြိုက်တာသာသောက်။အဖျားက မကျ၊ညောင်းကိုက်တာဆိုးလာရင် Ibuprofen ပါထည့်ရတော့မယ်။Ibuprofen ကမှ NSAID စစ်စစ်၊ Para က NSAID ထဲမပါဘူး။Ibuprofen ကို 200 mg သို့ 400 mg တစ်နေ့ နှစ်ကြိမ်သောက်လို့ရတယ်။သူနဲ့ ပါရာနဲ့ အတွဲလိုက်နှစ်မျိုးလုံးပါတဲ့ ဆေးတွေလည်းရှိတယ်။နာမည်မပြောတော့ဘူး၊ဆေးတွေပြတ်လွန်းလို့။သူက GI irritation မှာ moderate လောက်ရှိတယ်။အစာနဲ့ နီးအောင်သောက်၊သရိုးသရီဖြစ်ရင် magnesium salt (ဥပမာ MOM )နှစ်လုံးလောက်ဝါး၊မရရင် GI cover ထဲက PPI or H1 blocker တစ်ခုခုထည့်။

၅. ချောင်းဆိုးတာ ???

သလိပ်ထွက်လား မထွက်ဘူးလား ထွက်ရင်ဘာအရောင်လဲကနေ စရတယ်။ကိုဗစ်မှာ သလိပ်မပါတဲ့ချောင်းခြောက်တွေများတယ်။ပါလည်း အဖြူပဲ။ဒီနိုင်ငံမှာဝယ်လို့ရတဲ့ဆေးတွေ ပေးလို့ရတယ်။ဆေးမရှိရင် ပျားရည်စစ်စစ်ကို ရေနွေးနဲ့ဖျော်ပြီးသောက်နိုင်တယ်။သောက်ပြီး ပိုဆိုးတာ မစစ်လို့။ဆေးတွေက dextromethorphan ပါတာပဲသောက်ပါ။ချွဲရှိမှ mucolytics ချွဲကျေဆေးပါတာသောက်ရတာ။တစ်ချို့ဆေးတွေက ချွဲကျေဆေးပဲပါတာ၊သောက်လည်းမထူး။သူများနိုင်ငံတွေမှာ codeine ပေးတယ်၊ကောင်းလိုက်တဲ့ချောင်းဆိုးပျောက်ဆေး၊နှစ်လုံးနဲ့ရပ်တယ်။ဒီမှာသောက်ရင် ထောင်ကျမယ်။ချောင်း​က ယားပြီးတအားဆိုးလာရင် antihistamine တွေစလို့ရတယ်။ဒါလည်းမရရင် Leucotriene receptor antagonists အုပ်စုထဲကပေးလို့ရတယ်။တကယ်ပျောက်တယ်။ပန်းနာအခံမရှိဘဲ beta agonist ဖြစ်တဲ့ Ventolin ပေးစရာမလို။လေပြွန်ကျဉ်းတာမဟုတ်လို့ ချဲ့ဆေးက လိုချင်မှလိုတာ။သလိပ်အရောင်ပါလာရင်(ဝါတာ/စိမ်းတာ/နီညို)antibiotics ပေးကိုပေးရမှာဖြစ်တယ်။

၆. လည်ချောင်းနာတာ ???

viral cause ကြောင့် tonsil မှာ crypt absess ဖြစ်တာနဲ့ aphthous ulcer ဖြစ်တာ။ဒါကိုအထိရောက်ဆုံးကုနည်းက saline gurgling, hydration ​and antiinflammatory drugs ပဲ။ဆားရည်ငန်ငန် ကျက်သီးနွေးနဲ့ ဂလွတ် ဂလွတ် လုပ်တာ၊တစ်ခါလုပ် တစ်ခွက် အနည်းဆုံး ငါးမိနစ်၊တစ်နေ့ခြောက်ခါ။တတ်နိုင်ရင် betadine gurgle ရှိတယ်။ရေဓာတ်လုံးဝမခန်းစေရဘူး။တစ်နေကုန် ရေ /ဓာတ်ဆားရည် ၂-၃ လီတာဝင်အောင်သောက်ရမယ်၊ထုံသွားချင်ရင် lignocaine ပါတဲ့ mybacin လိုမျိုးငုံပေး။တစ်နေ့တစ်ထုပ်စပေါ့။NSAID ထဲက သင့်သလို ပေးနိုင်တယ်၊ibuprofen ရတယ်။ပါရာစီတမောမပေးရဘူး။No antiinflammatory action မို့လို့။

၇. Steroid , NSAID နဲ့ GI irritation

ကိုဗစ်ကိုကုရာမှာ dexamethasone စတဲ့ steroid တွေ ,အကိုက်အခဲပျောက်ဆေး အဖျားကျဆေး NSAID တွေသုံးရတော့ GI irritation တွေရကြတယ်။အစာအိမ်နာကိုပြောတာ။တစ်ချို့တော်တော်ဆိုးတယ်၊steroid သုံးမျိုးပေးတာ။ရောဂါနဲ့မသေဘူး GU/DU perforation အစာအိမ်သွေးကြောပေါက်ပြီးသေမှာ။para နဲ့ ibu က least and moderate GI irritation ပဲရတော့ တော်သေးတယ်။အစာအိမ်နာ သိပ်မဆိုးဘူး။steroid က ရကိုရတယ်။NSAID ထဲကမှ oxicam derivatives တို့ pyrazolidine derivatives တို့ enolic acid derivatives တို့ဆို GI ကိုကောင်းကောင်းကြီး သမပါတယ်။ပေါက်တယ်၊ပြဲတယ်၊သွေးထွက်လွန်ကုန်တယ်။ဒါကို စပ်ပြီး မပေးရဘူး။တစ်မျိုးတည်းပေးရင်တောင် GI cover ကောင်းကောင်းထည့်ရတယ်။အရင်တုန်းကတော့ GI cover ထည့်လည်း မထူးဘူးပြောကြသေးတာ။ မည်သို့ပင်ဆိုစေကာမူ အခုတော့ သူတို့လည်း ထည့်လာကြပြီ။သောက်နေတဲ့ ဆေးနာမည်တွေသိချင်ရင် ပုံပြပြီးမေးလို့ရတယ်။

၈. antibiotics

ပိုးသတ်ဆေးဘယ်အချိန်ပေးရမှာလဲ ?Baseline blood test တွေစစ်၊inflammatory markers တွေစစ်၊supporting တွေ Procalcitonin တို့ ferratin တို့စစ် , CXR ရိုက်,ECG ဆွဲ ပြီးမှ clinical corelate လုပ်ပြီးမှစပါ။ဘာမှ စစ်စရာနေရာမရှိဘူးဆို clinical signs and symptoms of bacterial infection ကိုရှာပါ။clinical signs တွေဆိုတာ ဘယ်တော့မှမရိုးတဲ့ ကိုယ်တိုင်ခံစားသိရှိနိုင်တဲ့ အဖိုးတန်တွေဖြစ်ပါတယ်။history taking and physical examination က ဘဝပါ။ဒီမှာ တိုတိုပဲအမြန်ရှာဖို့ပြောပါမယ်။fever pattern , sputum ,signs of deterioration ,collapse ,consolidation,collapse and consolidation ,change of crackles ဒါတွေကို သတိထားပြီးမေးပါ စမ်းပါ။antibiotics ကို အချိန်ကိုက် on နိုင်ပါစေ။ဆေးတွေကတော့ macrolides နဲ့ 5-fluoroquinolones တွေပါ။injection လိုရင် ခုနကဟာတွေရော, beta lactams တွေရယ်, cephlosporins တွေရယ် , beta-latamase inhibitors နဲ့အရောရယ်, monobactam တွေရယ်ထဲကရွေးလို့ရပါတယ်။အသေးစိတ်က အပ်ကြောင်းထပ်နေတာမို့မရေးတော့ဘူး။လိုမလိုမသိဘဲ ဆရာဝန်မတိုင်ပင်ဘဲ ကိုယ့်ဟာကိုယ်သောက်တာ လုံးဝမလုပ်ရဘူး။တမင်ဆေးနာမည်တွေ ရေးမပေးတာ။

၉. anticoagulants and antiplatelets

ဒါကတော့ ဆေးလောကထဲကလူမှ ပိုနားလည်ပါလိမ့်မယ်။ကိုဗစ်မှာ intrapulmonary microvasculature တွေထဲမှာ thrombi လေးတွေဖြစ်တာကနေစလို့ DIC ဝင်တာအထိတွေ့နေရတော့ ဆေးတွေ စရမလားဆိုတာလုပ်ကြပါတယ်။anticoagulants တွေထဲကမှ LMWH ကို ရွေးကြတယ်၊eGFR <15 ml/min ဆိုရင် unfractionated heparin ကိုရွေးကြတယ်။clinical criteria and lab criteria တွေက ရှိပါတယ်။မရေးတော့ဘူး။bleeding risk တွေရှိရင်ရှာ။bleeding risk ရှိရင် mechanical thromboprophylaxis ပေးလို့ရတယ်။TED stocking တို့ intermittent pneumatic compression တို့သုံးပါ။heparin ပေးရင်လည်း HIT ကရတတ်တော့ HIT risk history ရှိရင် fondaparinux လေးပြောင်းသုံးပါ။ဒါတောင် microvasculature ထဲမှာ platelets တွေ aggregate လုပ်ကြတယ်ဆိုပြီး antiplatelets တွေဖြစ်တဲ့ Aspirin,Clopidogrel,GP2a3b inhibitors တွေများပေးမလားဆိုပြီး trial တွေထွက်ထားတယ်။ကိုဗစ်ရဲ့သွေးခဲပုံမျိုးက မလှုပ်ရှားလို့ DVT တွေဖြစ် PE တွေရတယ်ဆိုတာထက် microthrombi လေးတွေပိတ်ပြီး ARDS တွေဖြစ် DIC တွေဝင်တာဆိုတော့ inflammatory cytokine induced thrombosis ကြီးဆိုတော့ သူ့ဟာသူဗြုန်းစားကြီးကို thrombosis က ထရတာ။CTD ထဲက နာမည်ကြီးတွေလည်း ဒါမျိုးရကြတာပဲ။သဘောတရားကတူတူရယ်။ရေးစရာကျန်တာက cytokine storm ကို ဘယ်လိုချေဖျက်မလဲရယ်နဲ့ ငဗစ်ကို တိုက်ရိုက်သတ်မယ့်နည်းလမ်းတွေ ဒင်းကို မပွားအောင်လုပ်မယ့်နည်းလမ်းတွေကျန်နေသေးတယ်။ဆေးအသစ်တွေလည်း ပေါ်နေပြီ။ဒီကို ဒါမျိုးမြန်မြန်တင်သွင်းရမှာ။​နောက်တစ်ပိုင်းမှာ ငဗစ်ကို fight တဲ့နည်းလမ်းအသွယ်သွယ်ကိုပြောမယ်။ကျန်ကောင်းကျန်နိုင်တဲ့ ဆောင်ရန်ရှောင်ရန်တွေလည်း ပြောမယ်။ရနိုင်သလောက်တော့ ကုနေကယ်နေရတာပဲ။ကပ်ရောဂါတစ်ခုမှာ ကာကွယ်ရေးကအသက်ပဲ၊ကုသရေးဆိုတာ နောက်မှ။ပေါ်လစီပိုင်းပြောင်းလဲနိုင်မှ နိုင်ငံရဲ့ကပ်ဘေးကိုကာကွယ်နိုင်မှာ။ဒင်းတို့တွေကတော့ အမြင်မှန်ရမယ့်ပုံလည်းမပေါ်။

Dr.Aung Kyaw Thu

M.B.,B.S( MDY )

MRCP ( UK ) ( LONDON ),

MRCP(GLASGOW),

MRCP(EDINBURGH )