ကိုဗစ် လူနာကို ခုက အိမ်မှာထား ပြီး ပြုစုရတဲ့အနေအထား ဖြစ်လာပြီ။ ဒီတော့တခြား အိမ်သားတွေမကူးဖို့ဆို
- စပြီး နှာစေး ၊ ချောင်းဆိုး ၊ ဖျား တခုခု စတာနဲ့ Covid လို့မှတ်။ မိုးမိတာတွေ လာမပြောနဲ့။ Covid ပဲ။ ခွဲနေ။
- ဘယ်လောက်ခွဲနေရမလဲ..နှစ်ပတ်။ကြားထဲမှာ သက်သာသွားလို့တို့ ဘာတို့မလုပ်နဲ့။ သက်သာပြီး လေးငါးရက်နေရင်အနံ့ ပျောက်ရင်ပျောက် ၊ မပျောက်ရင် ဝမ်းလျှော ၊ ချောင်းဆိုး ၊ အောက်ဆီဂျင်ကျတွေ ဖြစ်လာရော။ အဲ့ကျ တအိမ်လုံးကူးပြီးပြီ။ ကိုဗစ်က မာယာ များတယ်။ ကိုယ့်ကြောင့် ကိုယ့်မိသားစု တွေ ထိခိုက်ခံနိုင်ရင်တော့ သဘောရှိပဲ။
- အခန်းသီးသန့် ခွဲ နေရမယ်။
- အခန်းထဲက အပြင်ထွက်ရင် Mask တပ်ကို တပ်ရမယ်။
- ထမင်းစားရင် အခန်းထဲမှာပဲ စားရမယ်။စားပြီးသား ပန်းကန်တွေကို ကိုယ့်ဟာကို ဆေးရင်ဆေး၊ မဆေးရင် အခန်းထဲမှာ ဆပ်ပြာ ဇလုံထဲ ထည့်ထား…ပြီးမှ….တခြားလူကို …ဆေးခိုင်း။
- ရေချိုးခန်းနဲ့အိမ်သာက အခန်းထဲရှိရင်ကောင်းတယ်။မရှိရင် ရေချိုး ခန်းနဲ့ အိမ်သာ သွားရင် သတိထား။ အိမ်သာသွားရင် Mask တပ်။ ရေချိုးရင်…..****တံတွေး မထွေးရ********သလိပ်မဟပ်ထုတ်ရ****
- တံတွေး ထွေးခြင်း သလိပ်ဟပ်ခြင်းကို အခန်းထဲ ရောက်မှ လုပ်။ ပြီးရင် သလိပ်တံထွေးကို အဖုံးပါတဲ့ ဗူးနဲ့ ထွေးပြန်ဖုံးထား။ဖြစ်နိုင်ရင် အဲ့ သလိပ် တံထွေး တွေကို…. အိမ်သာအိုးထဲ ကိုယ်တိုင်သွန်ပြီး ပိုးသတ်ဆေး ဖြန်းပါ။ ရေများများ သုံးပါ။ အရမ်းအရေးကြီးပါတယ်။ တစ်နာရီ ခန့် ကြာမှ အခြားလူ ဝင်ပါ။
- လူနာနေသော အခန်းကို တခြားလူဝင်လျင် Mask တပ်ပါ။ ပြီးလျင် လက်ဆေးပါ။ ဂရုစိုက်ပါ။ တတ်နိုင်သ၍ မဝင်ပါနဲ့
- အားလုံးပြီးပြီ။ ကောင်းပြီ။ ၁၄ ရက်ပြည့်ပြီဆိုလျှင် အခန်းကို ပိုးသတ်သင့်ပါတယ်။
ကိုယ့်ကြမ္မာကိုယ်ဖန်တီးရမဲ့အချိန် မို့ မဖြစ်အောင်နေပါ။ဖြစ်လာလျင် မကူးအောင်နေပါ။
မေတ္တာဖြင့်
Dr.Myo Ko Ko
M.B.,B.S(Ygn)
Dip.Med.Sc(Family medicine)
