အဓိကအားဖြင့် မွေးကင်းစကလေးများသည် မွေးပြီးမကြာမီ မိခင်များကို အသံကို အခြေခံ၍ မှတ်မိနိုင်သည်ဟုယုံကြည်ကြပါတယ်။ မိခင်နို့တိုက်သည့် ကလေးငယ်များကတော့ မိခင်၏ထူးခြားသောရနံ့ေကြာင့် လျင်မြန်စွာအကျွမ်းတဝင်ရှိတတ်ကြပါတယ်။
အမြင်အာရုံကို အသိအမှတ်ပြုခြင်းသည် ရက်သတ္တပတ်အနည်းငယ် ကြာပါလိမ့်မည်။ ကလေးငယ်ေလးများ မွေးဖွားလာချိန်မှာ ကနဦး အနေဖြင့်သူတို၏ရှေ့ ၈ လက်မမှ ၁၂ လက်မအထိ ရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။
လေ့လာမှုများအရ အချို့ကလေးငယ်များဟာ မွေးဖွားသည့်နေ့ရက်များအတွင်း မိဘများ၏ မျက်နှာများကိုမှတ်မိနိုင်သော်လည်း အခြားသူများကမူ နှစ်လအထိကြာနိုင်သည်ဟုဆိုသည်။
ကလေး၏ရူပါရုံ ကလည်း သူမပထမနှစ်အတွင်း ဆက်လက်တိုးတက်လိမ့်မည်။ သူမ ၈ လအရွယ်မှာ မိဘများကိုအခြားအခန်းတစ်ခန်းမှာ နေရင်တောင် မှတ်မိနိုင်ပါလိမ့်မယ်။
ရင်သွေးငယ်လေး တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် ဆောင်ရန်၊ရှောင်ရန် အချက်များ
နေ့စဉ်မွေးကင်းစကလေး မနက်နိုးစဉ်ကနေစပြီး မျက်နှာသစ်သန့်စင်ပြီး နားရွက်အနောက်၊ လည်ပင်းတွေကို ရေစိုဝတ် (ဒါမှမဟုတ်) ရေစိုလက်နဲ့ ညင်သာစွာပွတ်တိုက်ပေးရပါမယ်။ နားရွက်အနောက်ကို သေချာမပွတ်တိုက်ပါက ကြေး(ဂျီး) တင်ပြီး နားကွဲနာဖြစ်တတ်ပါတယ်။
လည်ပင်းအောက်ကိုလည်း ပွတ်တိုက်ပြီး ခြောက်သွေ့အောင်ထားရပါမယ်။ ကလေးငယ်တွေရဲ့ လည်ပင်းဟာ ပုတိုနေတဲ့အတွက် ရေတွေ ၊ ချွေးတွေ ဝပ်နေတတ်ပါတယ်။ အဲ့ဒီအခါမှာ လည်ပင်းအရေခွံတွေ လန်တတ်တဲ့အတွက် ဂရုစိုက်ပေးရပါမယ်။
မိဘတွေက အချို့ကလေးတွေကို ခမဲကြိုးတွေ ဆင်ပေးတတ်ကြပါမယ်။ အဲ့ဒီအဝတ်ကြိုးတွေက ရေစိုတဲ့အခါခြောက်သွေ့ မလွယ်တာကြောင့် လည်ပင်းပွန်းပြီး အရေခွံလန်တတ်ပါတယ်။
နောက်ပြီး မွေးကင်းစ ကလေးတွေကို သနပ်ခါး ၊ ပေါင်ဒါတွေ မလိမ်းပေးသင့်ပါဘူး။ အဲ့ဒီလိုလိမ်းပေးတာကြောင့် အခန့်မသင့်တဲ့အခါ အရေပြားနာ၊ ပြည်တည်နာတွေ ဖြစ်ပွားတတ်ပါတယ်။
မျက်နှာမှာ သနပ်ခါးပေါင်ဒါတွေကို ဖုံနေအောင်လိမ်းပေးထားမယ်ဆိုရင် မျက်စိအတွင်းထောင့်ရှိ မျက်ရည်ဝင်ပေါက်ကလေးပိတ်သွားတတ်ပြီး မျက်ရည်ဝဲဝဲနေတတ်တာကတဆင့် ပိုးဝင်ပြီးမျက်စိနာတတ်ပါတယ်။ အဲ့ဒါကြောင့် ကလေးတွေကို မွေးစနဲ့ငယ်ရွယ်စဉ်မှာ သနပ်ခါး၊ ပေါင်ဒါတွေကို လုံးဝလိမ်းမပေးသင့်ပါဘူး။
ပေါင်ကြားကိုလည်း ပေါင်ဒါတွေမလိမ်းသင့်ပါဘူး။ သန့်ရှင်းခြောက်သွေ့အောင်ထားသင့်ပါတယ်။ ပေါင်ဒါကြောင့် ပေါင်ပွန်းမှုမှာ ပိုမိုဖြစ်ပွားစေတတ်ပါတယ်။ ကလေးငယ်လေးများရဲ့ အသားအရည်ဟာ အလွန်နုတာကြောင့် ဖေဖေမေမေတို့က ဂရုစိုက်ပေးရပါမယ်။
