ကြေးအိုးဆီချက် အတွက် လိုအပ်တာလေးတွေကတော့

1. ဆန်ကြာဇံ – 500 g (၅ နာရီခန်. ရေစိမ်ထားပြီး ရေပြန်စစ်ထားပါ။)
2. နနွင်းမပါသော ကြက်သွန်ဖြူဆီချက် – ထမင်းစားဇွန်း ၂၀ ဇွန်း
3. ရေဆေးကာ ၂ လက်မ အရှည်ခန်.ဖြတ်ထားသော မုန်ညင်း – ၁ စည်း
4. ဝက်သားလုံး – အလုံး ၄၀
5. ငုံးဥ – ၁ ဗူး (အလုံး ၂၀ )
6. ပုံပါအတိုင်းလှီးထားသော တိုဟူးဖြူ – အနည်းငယ်
7. လတ်လတ်ဆတ်ဆတ် ကြက်အသည်း – ၃ ခု (ကြက်သည်းများကို ၁ လက်မအရွယ်ခန့်လှီးပြီး chicken powder(1 tsp) ဖြင့် နယ်ထားပါ။)
8. chicken powder – လက်ဖက်ရည်ဇွန်း ၈ ဇွန်း
9. ပါးပါးလှီးထားသော ကြက်သွန်ပင် – အနည်းငယ်
10. ငရုတ်သီး အချဉ်

ငရုတ်သီး အချဉ် အတွက် လိုအပ်တာလေးတွေကတော့

1. ပါးပါးလှီးထားသော ငရုတ်သီးစိမ်း – ထမင်းစားဇွန်း ၁ ဇွန်းခွဲ
2. ထောင်းထားသော ကြက်သွန်ဖြူ – ထမင်းစားဇွန်း တစ်ဝက်
3. ငရုတ်ဆီ – ထမင်းစားဇွန်း ၄ ဇွန်း

အားလုံးကို ရောလိုက်လျှင် လိုအပ်သော အချဉ်လေးရပါပြီ။ (ငရုတ်ဆီမှာ vinegar ပါပြီးထားမို့ ထပ်မထည့်တော့တာပါ။)

ဝက်သားလုံး အတွက် လိုအပ်တာလေးတွေကတော့

1. ဝက်ကြိတ်သား – ကီလိုဝက်
2. ကြက်ဥ – ၁ လုံး
3. ကော်မှုန်. (potato starch) – ထမင်းစားဇွန်း ၂ ဇွန်း
4. ထောင်းထားသော ကြက်သွန်ဖြူ – ထမင်းစားဇွန်း ၁ ဇွန်း
5. ထောင်းထားသော ဂျင်း – ထမင်းစားဇွန်း တစ်ဝက်
6. Chicken powder – လက်ဖက်ရည်ဇွန်း ၃ ဇွန်း
7. ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
8. ငရုတ်ကောင်းမှုန်. – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

အားလုံးကို ရောနယ်ကာ ပုံပါအတိုင်း ခပ်သေးသေး ရှည်ရှည် (အလုံး ၄၀) လုပ်ထားပါ။

ရေနွေး (သို့) အရိုးပြုတ်ရည် ပွက်ပွက်ဆူလာလျှင် အသားလုံးများ နှင့် အသည်းကိုထည့်ကာ ၁၅ မိနစ်ခန်.ပြုတ်ပေးပါ။ (တက်လာသည့် အမြှုပ်များအား ဖယ်ထုတ်ပေးပါ။)

ပြီးနောက် ငုံးဥ နှင့် တိုဟူး ထည့်ပြီး ၃ မိနစ်ခန်. ဆက်ပြုတ်ပေးကာ ဇကာဖြင့်စစ်ပြီး ဖယ်ထားပါ။

ရေပြန်ဆူလာလျှင် မုန်ညင်းထည့်ကာ ၁ မိနစ်ခန်.ပြုတ်ပြီး ဇကာနှင့်စစ်ကာ ဖယ်ထားပါ။

ရေပြန်ဆူလာလျှင် ကြာဇံတစ်ပွဲစာ (တရုတ်ပန်းကန်လုံး ၂ လုံးခန်.) ကို ဇကာထဲထည့်၍ ၃ မိနစ်ခန်. ပြုတ်ကာ စားမည့်ပန်းကန်ထဲ ထည့်ပါ။

ထိုပန်းကန်ထဲ chicken powder (လက်ဖက်ရည်ဇွန်း ၁ ဇွန်း) နှင့် ဆီကျက် (ထမင်းစားဇွန်း ၂ ဇွန်းခွဲ) ထည့်ကာ ဇွန်းဖြင့် နယ်ပေးပါ။ လိုအပ်လျှင် chicken powder အနည်းငယ်ပိုထည့်ပါ။

ပြီးလျှင် ပြုတ်ထားသည့် အသားလုံး၊ ကြက်အသည်း၊ တိုဟူး နှင့် မုန်ညင်းတို. ထည့်ကာ ကြက်သွန်ပင်လေး ဖြူးပြီး အရသာရှိစွာ သုံးဆောင်နိူင်ပါပြီ။