ကိုဗစ် ၁၉ သည် ပိုးရှိသော မသန့်သည့် မျက်နှာပြင်အား ကိုင်တွယ်ပြီး မျက်စိ၊ နှာခေါင်းနှင့် ပါးစပ်တိုကို ပြန်လည် ထိတွေ့ကိုင်တွယ်ခြင်းမှ တစ်ဆင့် ကူးစက်နိုင်ပါသည်။ ကိုဗစ် ၁၉ ကူစက်ပြန့်ပွားနေစဥ်ကာလအတွင်း မျက်စိကျန်းမာရေးနှင့် ပတ်သက်၍ ဆောင်ရန် ရှောင်ရန်များကို မျှဝေလိုက်ပါတယ်…
• မျက်စိအား လက်မဆေးပဲ ကိုင်ခြင်း၊ ပွတ်ခြင်း မှ ရှောင်ကြဥ်ပါ။
• ရှားပါးသော်လည်း တစ်ခါတစ်ရံတွင် မျက်စိ နီ/နာ ခြင်း (conjunctivitis) သည်လဲ ကိုဗစ် – ၁၉ ၏ လက္ခဏာ တစ်ခု ဖြစ်နိုင်ပါသည်။
• ကလိုရိုကွင်းကဲ့သို ငှက်ဖျားဆေးများသည် ကိုဗစ်ရောဂါကို သက်သာစေနိုင်သည်ဟု အတည်ပြုထားခြင်း မရှိသေးပါ။ ထိုဆေးများကို မလိုအပ်ပဲ သောက်သုံးခြင်းကြောင့် ဘေးထွက်ဆိုးကျိုး အနေဖြင့် အမြင်အာရုံ ထိခိုက်နိုင်ပါသည်။
• ယခု Covid ရောဂါ ကူးစက်ပြန့်ပွားနေစဥ် ကာလအတွင်း မျက်မှန် (သို) face shield တပ်ဆင်ခြင်းက အကာအကွယ် တစ်ရပ် ဖြစ်စေနိုင်ပါသည်။
မျက်မှန်တပ်ဆင်ခြင်းသည် ဗိုင်းရပ် ပိုး ကူးစက်ခြင်း မှ အပြည့်အဝ မကာကွယ်သော်လဲ droplet ဟု ခေါ်သည့် လေထုထဲရှိ ကပ်ညှိနိုင်သော အမှုန်အမွှားမှ တစ်ဆင့် ကူးစက်ခြင်းကို လျှော့ချပေးနိုင်ပါသည်။ ၁၀၀ ရာခိုင်နှုန်း ကာကွယ်နိုင်ရန်အတွက် ဆိုလျှင် safety googles (ကာကွယ်ရေး မျက်မှန်) ကို ဝတ်ဆင်ရပါမည်။
