ဒီနည်းတွေက ၂၁-၃-၂၀၂၀ နေ့က ယူကေဝဘ်ဆိုက်မှာ။ အခုရက်တွေမှာ ကမ္ဘာပေါ်က လူအများစုတို့ဟာ မိမိနေအိမ်တွေမှာသာ နေထိုင်နေကြရတယ်။ နေအိမ်သန့်ရှင်းရေး ထိရောက်ရောက်လုပ်ချိန်ရကြပြီ။ လုပ်စရာလည်း လိုတယ်။
Hygiene habits သန့်ရှင်းရေးအလေ့အထတွေလို့ ခေါ်တယ်။ ဘယ်လို သန်ရှင်းရေးပစ္စည်းတွေကို သုံးမလဲ။ ဘယ်နေရာတွေလဲ။ လက်ကစရပါမယ်။ လူအများထိကိုင်လေ့ရှိတာတွေ။ နေအိမ်တွေကမတူကြလို့ တန်းစီပြီး မရေးတော့ပါ။
• အရေးကြီးတဲ့အချက်က လူကနေ လူတွေကို ကူးစက်တဲ့ရောဂါလို့ သိထားပါ။ စားစရာသောက်စရာ မဟုတ်။
• လက်နဲ့ အသက်ရှူလမ်းတွေကသာ အရေးကြီးတယ်။ မဆိုင်တာတွေ ပေါက်ကရတွေတွေး မမေးပါနဲ့။
• ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါနဲ့ဆိုင်တဲ့ မှန်ကန်စိတ်ချရတဲ့ သတင်းဆို့စ်ကနေလာတာတွေကို မပြတ်ဖတ်ပါ။ နားထောင်ပါ။ မဟုတ်တာတွေ ပေါက်ကရတွေတွေး မမေးပါနဲ့။
• Good old soap and water တသက်လုံးသုံးလာခဲ့တဲ့ ဆပ်ပြာနဲ့ ရေ အကောင်းဆုံး။
• 60% alcohol အယ်လ်ကိုဟောပါတဲ့ လက်ဆေးရည်လည်း ကောင်းပါတယ်။
• ပိုးသေဆေးနဲ့ ထိတွေ့လိုက်တာနဲ့ ပိုးတွေ တမိနစ်အတွင်း သေမယ်။
• မျက်နှာပြင်တွေကို စနစ်တကျသန့်ပေးထားရင် တခါဆို ၄ နာရီကြာ သန့်နေမယ်။
• ကိုရိုနာဗိုင်းရပ်စ်တွေဟာ ကဒ်ဘုတ်တွေပေါ်မှာ ၂၄ နာရီကြာ၊ ပလပ်စတစ်ပေါ်မှာ ၂-၃ ရက်ကြာရှင်နိုင်ကြတယ်။
• တချို့မျက်နှာပြင်အမာစားတွေကို ရေခပ်နွေးနွေးနဲ့ ဆပ်ပြာရည်နဲ့ ပဌမဆေးပါ။ ပြီးမှ ပိုးသေဆေးပါတာသုံးပါ။
၁။ diluted household bleach solutions (hydrogen peroxide or sodium hypochlorite) ရေနဲ့ အချိုးအစားအတိုင်း ရောထားတဲ့ ဘလျိချ် ခေါ် ချွတ်ဆေးရည် သို့မဟုတ်
၂။ 70% alcohol solutions အယ်လ်ကိုဟောဆေးရည်။
၃။ ဖုန်းကို 70% alcohol အယ်လ်ကိုဟောဆေးရည် ထိရောက်နိုင်တယ်။
• Liquid detergents ဆပ်ပြာရည်ထဲမှာ ဘလိချ်မပါ။ အဝတ်လျှော်ရာမှာ bleaching agent ပါတာသုံးပါ။ အရောင်ကျွတ်မယ်။
• စားစရာတွေကနေ မကူးပေမဲ့ မစားမီနဲ့ စားပြီးတိုင်းမှာ လက်ဆေးပါ။
• ရောဂါလက္ခဏာတခုခု (ဖျား၊ ချောင်းဆိုး၊ အသက်ရှူရခက်) သံသယရှိသူကို ၁၄ ရက်ကြာ သီးခြားနေစေပါ။
တအိမ်သားလုံး တသက်လုံး ချောင်းဆိုးတိုင်း နှာချေတိုင်းမှာ တံတောင်ဆစ်ထဲမှာသာ ပြုလုပ်ကြပါလေ။
မူရင်းရေးသားသူ: ဒေါက်တာတင့်ဆွေ
