ဗီတာမင်ဆေးပြားတပြားထက် မြေပဲစေ့တစ်ခုရဲ့ အဟာရဟာ ပိုထိရောက်ပါတယ် အစားလည်းဆေး ဆေးလည်း အစာမို့ နေ့စဉ် စားသုံးသင့်သော သင့်ပတ်ဝန်းကျင်မှ သင့်အသက်ကို စောင့်မယ့် နတ်ဆေးအစာများကိုဖော်ပြလိုက်ပါတယ်
၁ သံပရာသီး လိမ္မော်သီး
ခုစျေးကွက်ထဲက vitamin C တွေ က 100mg 500mg 1000mg ၃မျိုးယေဘူယျ ရှိပါတယ် ဆေးမသောက်ခြင်ရင်ချဉ်သောအသီးစားပေးလို့ရပါတယ် ပိုအကျိုးများပါတယ်
လိမ္မော်သီးတလုံး 49mg
သံပရာသီး တလုံး 53mg ပါပါတယ်
လူတယောက်က အမျိုးသားဆို 90mg အမျိုးသမီးဆို 75mg သာလိုအပ်ပါသဖြင့် သိပ်စားစရာမလိုပါဘူး တနေ့ ၂လုံးလောက်စားပေးရုံဖြင့် vitamin C ပမာဏ လုံလောက်ပြီး ကျန်းမာစေမှာပါ ဒီရက်ပိုင်း နေ့စဉ် အသီးတလုံးစားပေးပါ
၂ ပန်းငရုတ်ပွ အနီ
ထူးဆန်းစွာ ပန်းငရုတ်ပွ အနီမှာ vitamin C ပမာဏက လိမ္မော်သီးထက် ၃ဆ ပိုပါတယ် 127 mgခန့်ပါပါတယ် ထို့ပြင် သူ့မှာပါတဲ့ ဘီတာကယ်ရိုတင်းဟာ သင့်မျက်စိနှင့်အရေပြားကျန်းမာရေးအတွက် အလွန်ကောင်းပါတယ်
၃ ပန်းပွင့်စိမ်း
ပန်းပွင့်စိမ်းရဲ့ အဟာရဓာတ်တွေဟာ အရမ်းများပြားလှပါတယ် vitamin A C E နဲ့ ကင်ဆာကာကွယ် စေသော ဓာတ်တွေပါပါ သဖြင့် ဒီလိုရက်ပိုင်းတွေမှာ စားပေးသင့်ပါတယ်
၄ ကြက်သွန်ဖြူ
ကြက်သွန်ဖြူ ကနေ့စဉ်ဟင်းချက်တဲ့ အထဲ မပါမဖြစ်ပါ သူ့မှာပါတဲ့ allicin ဓာတ်က ကိုယ်ခံအားအတွက် စစ်သူကြီးလိုပါပဲ ဟင်းထဲ ကြက်သွန်ဖြူများများထည့်ချက်ပါ
၅ ဂျင်းပြုတ်ရည်
သင်လည်ပင်းနာပြီ အအေးမိသလိုဖြစ်ပြီ ဆိုတာနဲ့ ဂျင်းပြုတ်ရည် ကို နေ့စဉ်သောက်ဖြစ်အောင်သောက်ပါ
၆ ဒိန်ချဉ်
vitamin Dတွေစျေးကြီးပေးပြီး သောက်နိုင်သလို ဒိန်ချဉ် သီးသန့်ကို အသီးတွေ ခွဲထည့် ပျားရည်ထည့်ကာသောက်ပေးခြင်က ပိုထိရောက်ပါတယ်
၇ နေကြာစေ့
နေ့စဉ်စားပေးသင့် တာက နေကြာစေ့လည်း ပါ၀င်ပါတယ်
သူ့မှာပါတဲ့ ဆီလီနီယမ် magnesium Vitamin B6 E phosphorus က ကြက်ငှက်တုပ်ကွေး ကိုတောင် ပြန်သက်သာစေနိုင်ပါတယ်
၈ နံနွင်း မှုန့်
သင့်အိမ်မှာ ဖျားပြီး ကိုယ်လက်ကိုက်ခဲနေသူရှိပြီ ဆိုတာနဲ့ ဟင်းထဲ နံနွင်းများများထည့်ချက်ပါ နံနွင်းက ရောင်ရမ်း နာကျင်တာကိုသက်သာစေပါတယ်
၉ အခွံမာ ငါး
အခွံမာ ငါးဆိုတာ ဂဏန်း နဲ့ ပုဇွန်ထုပ် ဂုံး ကောင်တွေမှာ zinc ပါပါတယ် လူတယောက်ကနေ့စဉ် 8mg -11mg ထိသာ zinc ဓာတ်လိုပါတယ် အဲထက်ပိုသောက်ရင် ကိုယ်ခံအားကိုထိခိုက်စေပါတယ်
တခြား စားသင့်တာတွေကတော့ ကီဝီသီး ကြက်စွပ်ပြုတ် သင်္ဘောသီးတွေ ဖြစ်ပါတယ် ဒီရက်ပိုင်း ဆေးတွေချည်း သာ အားမကိုးပါနဲ့ အစားအစာက ရတဲ့ vitaminက ပိုသန့်စင်တာမို့ သင့်စျေးခြင်းတောင်း က သင့် ကိုယ်ရံတော် စစ်သူကြီးဖြစ်စေဖို့ ရည်ရွယ်ကာ ဒီစာဖြင့် အသိပေးလိုက်ပါတော့တယ်
