တင်နေကြတယ် ကြက်သွန်နီ၊ သံပရာသီး၊ ဂျင်း ဘာညာ။ အဲဒါတွေ စျေးတက်ပြီလား မပြောတတ်။ ကျွန်တော်က ခရမ်းသီးရေးရကောင်းမလား စဉ်းစားနေတယ်။ ဇာတိရွာမှာ ခရမ်းသီးတွေ အထွက်ကောင်းပြီး ဒိုက်စျေးသာရသတဲ့။
၁။ ဆရာခင်ဗျား ကျွန်တော်တို့ ambulance ယာဉ်မောင်းတွေ အတွက် ကိုယ်ခံအား ကောင်းဖို့ ဗီတာမင်စီ တနေ့ ဘယ်လောက်သောက်သင့်လဲခင်ဗျာ ကျွန်တော် တနေ့ 300mg လေးပြား စားပါတယ် အိပ်းရေးဝဝအိပ်ဖို့က အချိန်အခါ မေးရွးလုပ်ဆောင်ရပါတယ် အိပ်ချိန်နည်းပါးပါတယ်ဆရာ အနှောင့်ယှက်ဖြစ်ရင်ခွင့်လွှတ်ပါဆရာ
၂။ ဆရာရှင့် ကျမက နေပြည်တော်ကပါ အသက်က ၅၄နှစ်ပါ သမီးက ၁၈နှစ်ပါ Covid 19 ကိုကာကွယ်နိုင်ဖို့vitamin c & zinc နဲ့ D3 1000iu ကို တနေ့တလုံးစီ သောက်ပါတယ် အခု fb မှာ D3 ကမလိုအပ်ဘဲ မသောက်သင့်ဘူးဆိုလို့ ဆက်သောက်သင့်လား မသင့်လား ဆရာ့ကိုအကြံတောင်းတာပါရှင့်
Coronavirus Prevention ကရိုနာဗိုင်းရပ် ကာကွယ်နည်း
၁။ တခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကို စက္ကန့် ၂၀ ကြာ ဆပ်ပြာနဲ့ ရေသုံးဆေးပါ။ Sanitizer လက်ဆေးရည်လည်း သုံးနိုင်တယ်။
၂။ ချောင်းဆိုး နှာချေတိုင်း ဖုံးထားပါ။ တံတောင်ဆစ်ထဲမှာ ချောင်းဆိုး နှာချေပါ။ တသက်လုံး အဲဒီအကျင့် လုပ်ပါ။
၃။ မျက်စိ နှာခေါင်းပါးစပ်ကို လက်မဆေးပဲ မထိ မကိုင်ပါနဲ့
၄။ နေမကောင်းသူတွေနဲ့ ထိကပ်မှု မလုပ်ပါနဲ့
၅။ ဖြစ်နိုင်သလောက် အိမ်မှာသာနေပါ
၆။ ကူးစက်မှုရှိတဲ့အရပ်ဒေသတွေမှာ အိပ်ပြင်ထွက်ရတိုင်း နှာခေါင်းစည်းသုံးပါ
၇။ အိမ် ရုံး အလုပ်နေရာတွေမှာရှိတဲ့ မျက်နှာပြင်တွေနဲ့ လက်ကိုင်တတ်တဲ့နေရာတွေကို Lyzol လိုက်ဇောဆေးရည်နဲ့ သန့်ရှင်းပေးနေပါ
၈။ အိမ်ပြင်ထွက်ရတိုင်း လူတဦးနဲ့တဦး ၆ ပေအကွာမှာသာ စိတ်ချရတယ်။
ကရိုနာဗိုင်းရပ် ကာကွယ်ဆေး မရှိပါ။ ကုသဆေး အတည်ပြုချက်ရထာတာ မရှိပါ။ ဗီတာမင် အေတူဇက် သောက်ပြီး လူအုပ်ထဲသွာရင်တော့ မပြောနိုင်ပါ။ ခုခံအားအစွမ်း လူတွေက မတူကြပါ။ မျိုးဗီဇနဲ့ ဆိုင်တယ်။ ခုခံအားကောင်းဆေး မရှိပါ။ အစားအသောက် လုံလောက် + မျှတအောင် စားသောက်ရမယ်။ စားသောက်တာတွေ သန့်ရှင်းရမယ်။ နေထိုင်ရာတွေ သန့်ှရှင်းရမယ်။ တကိုယ်ရေ သန့်ရှင်းရေး နေ့စဉ်လုပ်ရမယ်။ ကိုယ်လက်လှုပ်ရှားမှု ရှိနေရတယ်။ စိတ်လည်း ကျန်းမာရမယ်။ အဆန်းတွေ မဟုတ်ပါ။ အခြေခံကျတာတွေသာ။
မမှန်တာ မဟုတ်တာ လိမ်တာတွေ မယုံပါနဲ့။ မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ခုခံအား ကောင်းကြပါစေသတည်း။
ရေးသားသူ ဒေါက်တာတင့်ဆွေ
