seasonalflu

☑️ကိုယ့်ကိုယ် ကို မလိမ်ပါနဲ့ ဖြစ်ပြီလို့ သဘောထားပြီး စိတ်ကို တင်းထားပါ

ရေချိုးလို့ ဖြစ်ဖြစ် အအေးခံလိုက်လို့ ဖြစ်ဖြစ်ရေမချိုးပဲနေနေ အအေးမခံဘဲနေနေကိုဗစ်က ဖြစ်မှာပါပဲ

🟢ဖြစ်ရင် ဘာအရင်စလုပ်ရမလဲ

▪️ရက်အရင်တွက်ပါ▫️နေမကောင်းစ ဖြစ်တဲ့ရက်

▪️စဖျားတဲ့ရက်▫️ဝမ်းစလျောတဲ့ရက် အဲ့ရက်ကို Day 1 လို့သတ်မှတ်ပါအခု ဖြစ်နေတဲ့ COVID ဟာ တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး

🔶ပုံစံ ၁

Day 1 မအီမသာ စဖြစ်တယ်

Day 2 ဖျားတယ်

Day 3 အဖျားပိုတက် ၊ ကိုယ်လက်တွေကိုက်

Day 4,5 ဆေးပတ်လည် အဖျားကျ ၊ သက်သာသွား

Day 7,8,9 အနံပျောက်သွား လည်ချောင်းနဲနဲ ယား

🟢အသက်သာဆုံးပုံစံပါ

🔶🔶ပုံစံ ၂

Day 1 ရုတ်တရက် ဖျားတယ်

Day 2 ခြစ်ခြစ်တောက်ပူ ၊ လည်ချောင်းနာ

Day 3 လည်ချောင်းက ဘာမှ မြိုမရအောင် ပူပီးနာနေမယ်

Day 4,5 ချောင်းခြောက်ဆိုးမယ်

Day 7,8,9 အဖျားကျ ချောင်းဆိုးကျန်ခဲ့ ၊ အနံ့ အရသာ ပျောက်သွား

🟢လည်ပြွန်ယောင်တဲ့ ပုံစံပါခံစားရပေမဲ့ သိပ်မဆိုးတဲ့ အမျိုးအစားပါပဲ

🔶🔶🔶ပုံစံ ၃ ကတော့

ချွဲ ပြန်မြိုချမိတာကနေစ ပီး ဝမ်းလျောတာပါပဲ ကိုယ်က ကိုဗစ် ဖြစ်နေတာဆိုပီး ချောင်းမဆိုးပဲ ချွဲတွေ မြိုမချရပါဘူး

ဓာတ်ဆားရည်▫️Probiotic နဲ့ သက်သာပါတယ် ဒါပေမဲ့ လူက မြော့ကျန်ခဲ့ပါတယ်

🔶🔶🔶🔶 ပုံစံ ၄

Day 1 နေမကောင်း ၊ ကိုက်ခဲ

Day 2 ဖျား Day 3 လည်ချောင်းယား

Day 4,5 ချောင်းဆိုး သလိပ်ထွက် ၊ ရင်ဘတ်အောင့် ၊ မောချင် ၊ အသ်ရှူ ပိုမြန်

Day 6 Oxygen ကျပြီ

Day 7 လှုပ်တာနဲ့မောပြီ ၊ မှောက်ပီး တနေကုန်နေရတယ် ၊ Oxygen ရှိရင် ပိုကောင်းတယ်(ဆေးရုံသွားဖို့ကတော့ သိကြတဲ့ အတိုင်း)

🔴Day 7-11 အသက်လုရပီ ၊

တကယ်မှောက်နေနိုင်သလား

အသက်ရှူလေ့ကျင့်ခန်း ကြို လုပ်ထားခဲ့ သလား၊

လူငယ်လား လူကြီးလား ၊

အဝလွန်ရှိသလား၊

ဆီးချို ရှိသလား ၊

ဆေးလိပ်သောက်သလား စသဖြင့်ပေါ် မူတည်ပီး အခြေအနေ ကောင်းခြင်း မကောင်းခြင်း ဖြစ်မယ်

အဲ့လိုပုံစံက “အဆုတ်ယောင်” ပုံစံပါ အဆိုးဆုံးပါပဲပိုးကြောင့် အဆုတ်ယောင်တာ ဖြစ်နိုင်သလို immune system က ပိုးကို မတရား တိုက်လို့လဲ ဖြစ်နိုင်ပါတယ်

💊Immune ကြောင့်ထင်ရင် တချို့လူနာတွေကို Dexa ထိုးရ သောက်ခိုင်းရပါတယ် (ဘာကြောင့်ဖြစ်တယ်ဆိုတာကို ဆရာဝန်မှပဲ သိနိုင်မှာပါ၊ မတိုင်ပင်ပဲ ကိုယ့်ဘာသာကိုဆို ဘေးထွက်ဆိုးကျိုးတွေ များပါတယ်)နာတာရှည် အိပ်ရထဲလဲနေတာ ကြာခဲ့တဲ့ လူကြီးတွေ အဆုတ်ကို လာတဲ့ သွေးကြောထဲမှာ သွေးခဲတာ ဖြစ်နိုင်တယ်(ဒါ့ကြောင့် သွေးကျဲဆေးတွေထိုးဖို့ လိုမယ်လူတိုင်းထိုးဖို့ မလိုပါ)ဒီDay 7-11 သည် ဆရာဝန် ညွှန်ကြားချက် လိုကိုလိုမယ် အိမ်ပင့် ဆရာဝန်လိုကိုလိုမယ် ဆေးရုံ သွားနိုင်ရင်/ တက်ခွင့်ရရင် တော့ အကောင်းဆုံးပါပဲဒီတခေါက်ကိုတော့ Day 1 – Day 7 အတွင်း ဘာတွေ လုပ်သင့်တယ်ဆိုတာ အောက်မှာပုံစာ လေးတွေနဲ့ ရေးထားပေးပါတယ်

Dr.Oak Kaung ZanMBBS , UM1

မှတ်ချက် လူနာတစ်ဦးနှင့် တစ်ဦး ရောဂါ လက္ခဏာ ၊ အောက်ခံ ရောဂါပေါ် မူတည်ပီး ကုသမှူ ကွဲပြားပါလိမ့်မည်

No photo description available.
No photo description available.May be an image of textNo photo description available.No photo description available.No photo description available.Progressive Charlestown: When COVID-19 meets the flu