crona

၁။ မျက်နှာပြင်များမှကူးစက်မှုအန္တရာယ်အလွန်နည်းသည်။

၂။ ပြင်ပပါတ်ဝန်းကျင်တွင်သွားလာလှုပ်ရှားမှုများမှကူးစက်နိုင်မှု အန္တရာယ်အလွန်နည်းသည်။ (အောက်တွင်ရှင်းပြထားပါသည်)။

၃။ ရုံးခန်း၊ဘာသာရေးဝတ်ပြုရာနေရာ၊ရုပ်ရှင်ရုံ၊အားကစားခန်းမ (Gym) သို့မဟုတ် ကပွဲ ရုံကဲ့သို့သောအလုံပိတ်ပါတ်ဝန်းကျင်တွင်စုဝေးမှုမျိုးမှ ကူးစက်နိုင်မှု အန္တရာယ်အလွန်များသည်။

ဤအထောက်အထားများကိုအချိန်ကာလအတော်ကြာကြာကပင်တွေ့ရှိထားပြီးဖြစ်သည့်အတွက်၊လက်ရှိဖြစ်ပေါ်နေသည့်ရောဂါကူးစက်မှု အခြေအနေကိုအကောင်းဆုံးစီမံခန့်ခွဲနိုင်ရန်ဤအချက်များ ကိုထည့်သွင်းစဉ်းစားကျင့်သုံးရန်လိုသည်။

မျက်နှာပြင်မှကူးစက်နိုင်သည်ဟူသောစိုးရိမ်လွန်ကဲမှုများကို လျှော့ချပြီး၊ ရုံးပြန်တက်ရန်ဆန္ဒမစောကြသင့်ပေ။

မေးခွန်း – မည်သို့သောပုဂ္ဂိုလ်မျိုး ကရိုနာဗိုင်းရပ်စ်ကူးစက်ခံရဖွယ်ရှိသနည်း။

မေးခွန်း -မည်သို့သောအခြေအနေမျိုးတွင်ကူးစက်ခံရမည်နည်း။

လူတယောက်ထံရောဂါ ပိုးအမှန်တကယ် ကူးစက်နိုင်ရန် – ဗိုင်းရပ်စ်ပိုးအရည်အတွက် 1000 ViralParticles (vp) လိုအပ်ပါသည်။

ပုံမှန် သဘာဝပါတ်ဝန်းကျင်တွင်အောက် ပါအပြုအမူများ၌ ဗိုင်းရပ်စ်ပိုးပါဝင်မှုအရည်အတွက်မှာ

  • အသက်ရှူခြင်း – 20 vp/minute
  • စကားပြောခြင်း – 200 vp/minute
  • ချောင်းဆိုးခြင်း – 200 million vp/minute(လေဝင်လေထွက်မကောင်းသည့်ပါတ်ဝန်းကျင်တွင် ဗိုင်းရပ်စ် ပိုးများလေထဲတွင်နာရီပေါင်းများစွာအသက် ရှင်ကျန်ရစ်နေနိုင်သည်)
  • နှာချေခြင်း – 200 million vp/minute

တွက်ချက်နည်း (Formula)

အမှန်တကယ်ရောဂါကူးစက်ခံနိုင်ရန် = ဗိုင်းရပ်စ်ပိုးနှင့်ထိတွေ့မှု x အချိန်ကာလအခြေအနေပါတ်ဝန်းကျင် (Scenarios)

၁။ လူတယောက်နှင့် ၆ ပေအကွာအဝေးအတွင်းအတူနေပြီး ၄၅ မိနစ်ထက်မကြာပါကရောဂါ ကူးစက်ခံရမှု အန္တရာယ်အလွန်နည်းသည်။

၂။ လူတယောက်နှင့်တယောက် (မျက်နှာဖုံးစွပ်လျက်)မျက်နှာခြင်းဆိုင်စကားပြောမှု ၄ မိနစ်ထက်မပိုခဲ့လျင် ရောဂါ ကူးစက်မှုအန္တရာယ်အလွန်နည်းသည်။

၃။ လူတယောက်နှင့်တယောက်လမ်းလျှောက်ရင်းပြေးရင်း၊ စက်ဘီးစီးရင်းဖြတ်သွားဖြတ် လာတွေ့မှုမှရောဂါ ကူးစက် မှုအန္တရာယ်အလွန်နည်းသည်။

၄။ လေဝင်လေထွက်ကောင်းသည့်နေရာမျိုးတွင်လိုအပ်သည့် အကွာအဝေးအတိုင်း၊အချိန်ကာလအတိုင်းအတာ တခုအတွင်းတွေ့ထိနေထိုင်လျှင်ရောဂါကူးစက်မှုအန္တရာယ်အလွန်နည်းသည်။

၅။ စျေးဝယ်ထွက်ခြင်းသည်ရောဂါကူးစ က်နိုင်မှုအန္တရာယ်အလယ် အလတ်ရှိသော်လည်းစျေးဝယ်ချိန်ကို ကန့်သတ်ပြီး၊ကျန်းမာရေးနဲ့ညီညွတ်အောင်နေပါ က၊အန္တရာယ်ကိုလျော့ကျစေနိုင်သည်။

၆။ အလုံပိတ်အခန်းသည်ရောဂါကူးစက်နိုင်မှုအန္တရာယ်အလွန်များသည့်နေရာဖြစ်သည်။

၇။ အများသုံးအိမ်သာ/ဘုံစုဝေးရာနေရာများ သည်၊ အဝတ်အစား၊အိုးခွက်ပုဂံ၊ပရိဘောဂစသည့်မျက်နှာပြင်များမှရောဂါကူးစက်နိုင်သည့်အန္တရာယ်အလွန်များသည့်နေရာများဖြစ်သည်။

၈။ စားသောက်ဆိုင်များ သည်လည်းရောဂါကူးစက်နိုင်မှုအန္တရာယ်အလွန်များသည်နေရာများဖြစ်သည်။ မျက်နှာ ပြင်များနှင့်ထိတွေ့မှုလျှော့ချရန်သတိရှိပါကကူးစက်မှုအန္တရာယ်လည်းလျော့ကျသွားနိုင်သည်။

၉။ လုပ်ငန်းခွင်နှင့်စာ သင်ခန်းများသည်၊သတ် မှတ်ထားသည့်အကွာအဝေးအတိုင်းနေထိုင်သည့်တိုင်ရောဂါကူးစက်နိုင်မှုအန္တရာယ်အလွန်များသည့်နေရာများဖြစ်သည်၊အထူးသဖြင့်တွေ့ထိသည့်မျက်နှာပြင် မှကူးစက်နိုင်သည့်အန္တရာယ်အလွန်များသည်။

၁၀။ ပါတီပွဲ၊မင်္ဂလာ ဆောင်စသည်အခမ်း အနားများသည်၊ရောဂါ ကူးစက်နိုင်မှုအန္တရာယ် အလွန်များသည့်နေရာများဖြစ်သည်။

၁၁။ စီးပွားရေးလုပ်ငန်းကွန်ယက်များ၊ညီလာခံများသည်လည်းရောဂါ ကူးစက်နိုင်မှုအန္တရာယ် အလွန်များသည့်နေရာများဖြစ်သည်။

၁၂။ အားကစားကွင်းကဲ့သို့လူစုဝေးသည့်နေရာ၊ ကဇါတ်ရုံ၊ရုပ်ရှင်ရုံစသည်တို့သည်လည်း၊ရောဂါကူးစက်နိုင်မှုအန္တရာယ် အလွန်များသည့်နေရာများဖြစ်သည်။

အန္တရာယ်ရှိမှုကိုချိန်ဆခြင်း

ရောဂါကူးစက်နိုင်သည့် အန္တရာယ်အနည်းအများကို ချိန်ဆတွက်ချက်သည့်အခါ အောက်ပါအချက်များကိုနှိုင်းယှဉ်ကြည့်ရန်လိုသည်။

  • အခန်းတွင်း နှင့် ပြင်ပ၊
  • ကျဉ်းမြောင်းသည့်နေရာ နှင့် လေဝင်လေထွက်ကောင်းသည့်နေရာ၊
  • လူသူထူထပ်မှု နှင့် လူဦးရေနည်းပါးမှု၊
  • အချိန်ကြာကြာနေခြင်း နှင့် ခေတ္တခဏသာနေခြင်း၊

အထက်ပါ အခြေအနေ ၄ ရပ်တွင် ပထမအခြေအနေများသည် ရောဂါကူးစက်မှု အန္တရာယ်ကိုပိုများစေသည်။

အမေရိကန်ပြည် ထောင်စု၊ ရောဂါကူးစက်မှုကာကွယ်ရေးနှင့်ထိန်းချုပ်ရေးဗဟိုဌာန (CDC)မှထုတ်ပြန်ထား သည်ဆိုသောအချက် အလက်များကိုဘာသာ ပြန်မျှဝေပေးခြင်းသာဖြစ်ပါသည်။