ကိုဗစ်−၁၉ မှာ အသုံးပြုတဲ့
ဒက်စာမီတာဇုံး (Dexamethasone)ဆေးဟာ
ဘေးထွက်ဆိုးကျိုးများလည်း ပြင်းထန်နိုင်တာကြောင့်
မိဘပြည်သူများ ရှောင်ရှားနိုင်ရန် အလို့ငှာ
ရေးသားလိုက်ပါတယ် ခင်ဗျာ…
.

သုတေသနတွေ့ရှိချက်တွေအရ
ဒက်စာမီတာဇုံး (Dexamethasone)ဆေးဟာ
တချို့ လူနာတွေမှာ
သေဆုံးမှုနှုန်းကို လျော့ကျစေနိုင်ပါသည်…
.

သို့သော် ..
အသုံးပြုသင့်သည့် လူနာ အုပ်စု (၂) စုမှာ
၁။ အောက်စီဂျင် ရှူနေရသူများ
၂။ အောက်စီဂျင် အမှန်တကယ် လိုအပ်နေသူများ

(သို့သော် အကြောင်းအမျိုးမျိုးကြောင့် အောက်စီဂျင် မရရှိနိုင်ခြင်း)
ဖြစ်ပါတယ်

ကိုဗစ်ရောဂါနဲ့ ဘေးထွက်ဆိုးကျိုးနှိုင်းယှဉ်လျှင်
လူနာသက်သာစေမယ်ဆိုပါက
ဆရာ၀န် ညွှန်ကြားချက်အတိုင်း
အသုံးပြုရမှာ ဖြစ်ပါတယ် ခင်ဗျာ…
.

ဖြစ်နိုင်ခြေ ဘေးထွက်ဆိုးကျိုးများ
.
ရေတိုအသုံးပြုလျှင်…

  • ခြေ၊လက် ရောင်ရမ်းခြင်း (fluid retention)
  • သွေးတိုးခြင်း (high blood pressure)
  • စိတ်အတက်၊ အကျဖြစ်ခြင်း (mood swings)
  • ဝက်ခြံထွက်ခြင်း(acne)
  • ဆီးချို၊ သွေးချိုတက်ခြင်း (ဆီးချို ရှိသူများတွင်) (high blood sugar)

.
ရေရှည်အသုံးပြုလျှင်

  • မျက်လုံးအိမ်တွင် ဖိအားများခြင်း (glaucoma)
  • ရေတိမ်ဖြစ်ခြင်း (cataracts)
  • ဆီးချိုတက်ခြင်း (high blood sugar)
  • အရိုးပွခြင်း (osteoporosis)
  • အခြားရောဂါပိုးများ ၀င်ရောက်နိုင်ခြင်း (immunosuppression)
  • ပင်ပန်းနွမ်းလျခြင်း (fatigue)
  • အဆီများ စုပုံလာခြင်း (မျက်နှာ၊ ပခုံး၊ ဝမ်းဗိုက်) (moon face)

.
ဒီလို ဘေးထွက်ဆိုးကျိုးများရှိနိုင်တာကြောင့်
ဒက်စာမီတာဇုံး (Dexamethasone)၊
ပရက်နီဆိုလုံး (Prednisolone)ဆေး တို့ကို

ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ
အသုံးပြုကြဖို့
အလေးအနက် တိုက်တွန်းလိုက်ပါသည် ခင်ဗျာ…
.
ကိုဗစ်−၁၉ ရောဂါမှ အမြန်ဆုံးကင်းလွှတ်ပါစေ ခင်ဗျာ 🙏🙏🙏

Credit: Dr. ကျော်ဇောဟိန်း