• ခေါင်းကိုက်ခြင်းဖြစ်ပေါ်နေပါက ဆရာဝန်ပြပါ။ ဆရာဝန်ညွှန်ကြားထားသော ဆေးကိုသာ သောက်သင့်ပါသည်။
  • ခေါင်းကိုက်ခြင်း မဖြစ်စေရန် အလွန်ပူသောနေရာမှ အလွန်အေးစိမ့်နေသောနေရာသို့သွားရောက်ခြင်းမျိုးကို သတိထားရှောင်ပါ။
  • အိပ်ရေးမပျက်စေရန်ဂရုစိုက်ပါ။
  • အစားအစာကို ဝအောင်စားပေးပါ။
  • ခန္ဓာကိုယ်အတွက် ရေဓါတ်ပမာဏ လုံလောက်စွာ ဖြည့်စွက်ပေးပါ။ ရေများများ သောက်ပေးပါ။
  • အရက်၊ ဆေးလိပ်သောက်ခြင်းကို ရှောင်ပါ။
  • နေ့စဉ်မိနစ် ၃၀ ခန့် အားကစားလုပ်ပေးပါ။
  • စိတ်ဖိအားများ မဖြစ်စေရန် သတိပြုပါ။ စိတ်ဖိစီးမှုများကို လျှော့ချထားပါ။
  • ပတ်ဝန်းကျင်ရှိ အလွန်ဆူညံသံများကြောင့် ခေါင်းကိုက်ခြင်းဖြစ်ပေါ်ပါက ဆူညံသောနေရာမှ အမြန်ထွက်ခွာ၍ တိတ်ဆိတ်အေးချမ်းသောနေရာတစ်ခု၊ မှောင်သောနေရာတစ်ခုသို့သွား၍ ထိုင်ခြင်း၊ အိပ်ခြင်းပြုလုပ်၍ အနားယူလိုက်ပါ။
  • ခေါင်းအရမ်းကိုက်ခြင်း မသက်သာပါက အဝတ်ထူထူထဲသို့ ရေခဲအနည်းငယ်ထည့်၍ ခေါင်းကိုကပ်ပေးနိုင်ပါတယ်။
  • ခေါင်းကိုက်နေပါက မျက်လုံးကို မှိတ်၍ စိတ်လျှော့ချကာ ခန္ဓာကိုယ်ရှိ ကြွက်သားများကိုဖြေလျှော့ထားပါ။
  • ပခုံးပိုင်း၊ လည်ပင်းပိုင်းတို့ကို နှိပ်ပေး၍ အကြောလျှော့ချလိုက်ပါ။
  • ခေါင်းကိုက်ခြင်း ဖြစ်တတ်သူများသည် အဆီပါသော အသား၊ တိရစ္ဆာန်တို့၏ အသည်း၊ ကလီစာတို့ကို လျှော့စားပါ။
  • ဗီတာမင် B ဓာတ်ရရှိစေရန် တစ်နေ့လျှင် ဗီတာမင် B ဓာတ် ၅၀ မီလီဂရမ် စားပေးသင့်ပါတယ်။
  • ဗီတာမင် B ဓာတ်ပါသော အစားအစာတချို့မှာ အဝါရောင်ဥအနှစ်၊ အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များ၊ နို့ထွက်စားစရာပစ္စည်းများ၊ ဂုံးကောင်တို့ဖြစ်ပါသည်။
  • ခေါင်းကိုက်တတ်သူများသည် ဗီတာမင် စီ ပါသော အစားအစာများကိုလည်း စားပေးပါ။
  • စတော်ဘယ်ရီသီး၊ ကီဝီသီး၊ အစိမ်းရောင်ရင့်ရင့် ဟင်းရွက်စိမ်းများထဲတွင် ဗီတာမင် စီဓာတ် ကြွယ်ဝစွာ ပါသည်။ ကိုယ်ခန္ဓာသည် ဗီတာမင်စီဓာတ် လုံလောက်စွာရရှိပါက ဖိအားများလျှော့ပေး၍ ခေါင်းကိုက်ခြင်းရောဂါကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။
  • ခေါင်းကိုက်တတ်သူများသည် မဂ္ဂနီဆီယမ်ဓာတ် ခန္ဓာကိုယ်ကို လုံလောက်စွာ ဖြည့်ပေးရမည်။ မဂ္ဂနီဆီယမ်ဓာတ်ပါသော အစားအစာ အချို့မှာ ခရမ်းသီး၊ အုတ်၊ဂျုံ၊၊ ပန်းစိမ်းတို့ဖြစ်ပါသည်။

လိုအပ်သောဓာတ်များ
*********************
ခေါင်းကိုက်တတ်သူများသည် ဗီတာမင် B1 ၊ ဗီတာမင် B2 ၊ ဗီတာမင် B3 ၊ ဗီတာမင် B5၊ ဗီတာမင် B6 ၊ ဗီတာမင် B9 ၊ ဗီတာမင် B12 ၊ ဗီတာမင် C ၊ ဗီတာမင် K ၊ မဂ္ဂနီဆီယမ်ဓာတ်တို့ လိုအပ်ပါသည်။

စားသင့်သောအစာ
*********************
ခေါင်းကိုက်တတ်သူများသည် ငရုတ်သီးပွ၊ ခရမ်းသီး၊ ပြောင်းဖူး၊ ပဲပင်ပေါက်၊ ကြက်သွန်ဖြူ၊ ရေညှိ၊ သလဲသီး၊ ကီဝီသီး၊ သံပရာသီး၊ ဂရိတ်ဖရုသီး၊ ပန်းသီး၊ နာနတ်သီး၊ ရွှေဖရုံစေ့၊ နေကြာစေ့၊ မြေပဲ၊ နှမ်း၊ ပဲပြား၊ အဆီမပါ အသားတို့စားပေးသင့်ပါသည်။

မစားသင့်သော အစာများ

**************************
ခေါင်းကိုက်တတ်သူများသည် ဝက်အူချောင်း၊ ကျပ်တိုက်ထားသောအသား၊ လက်ဖက်ရည်၊ ကော်ဖီ၊ အရက်၊ ဘီယာ၊ ရွှေပဲသီး၊ ချောကလက်၊ အချိုမှုန့်၊ ချဉ်ဖတ်၊ ငရုတ်ဆီတို့ မစားသင့်ပါ။