အရှေ့တောင်အာရှ နိုင်ငံအများစုမှာ ရှိကြတဲ့ မိဘအုပ်ချူပ်မှူ Parenting Style တွေဟာ မြန်မာနိုင်ငံမှာလဲ လွှမ်းမိုးတတ်ပါတယ်။
​လွှမ်းမိုးခံရတဲ့ မိဘတွေရဲ့ ပြောလေ့ရှိတဲ့ စကားတွေကတော့ “လူကြီးကို ပြန်မပြောရဘူး” “ငါမွေးထားတာ ငါခိုင်းတာ လုပ်ရမယ်” “စသဖြင့် သားသမီးကို ဖိနှိပ်ချူပ်ချယ်တဲ့ Parenting Style တွေ ရှိတတ်ကြပါတယ်။
ဒီလို Parenting Style နဲ့ ကြီးပြင်းလာတဲ့ သားသမီးတွေဟာ ငယ်စဉ်က လုပ်ချင်တာတွေ လုပ်ခွင့်မရှိခဲ့လို့ ကြီးလာတဲ့ အခါ ပုံစံအမျိူးမျိူးပြောင်းလဲသွားတတ်ကြပါတယ်။
သားသမီးတွေရဲ့ ပြောင်းလဲသွားတတ်ကြတာတွေက
⚫️ သာမာန်ထက် ပိုဆိုးသွမ်းလိုခြင်း
မိဘရှေ့မှာ အရမ်းလိမ္မာနေခဲ့ရတဲ့အခါ လွတ်လပ်မှူရဲ့ အရသာကို ခံစားချင်လို့ လျှောက်လုပ်မိသလို ဖြစ်ရာကနေ ခပ်ဆိုးဆိုးသားသမီးလေးတွေ ဖြစ်လာတာမျိူးပါ။
​⚫️ လူကြောက်တတ်ခြင်း
ငယ်ငယ်က မိဘက အပြင်ပေးမထွက်တဲ့အခါ ပေးထွက်လဲ သူစိတ်ချရသူတွေနဲ့ဘဲ ထွက်ရတဲ့အခါ တစ်ယောက်တည်းဖြစ်ချိန်ဆို လူတောမတိုးနိုင်တော့လောက်အောင်ထိ လူတွေကို ကြောက်တတ်လာတာမျိူးပါ။
⚫️ မိမိကိုယ်ကို ယုံကြည်မှူနည်းခြင်း
မိဘက အရိပ်တကြည့်ကြည့်နဲ့ အထားခံရတဲ့ သားသမီးတွေဟာ ကြီးလာတော့ တစ်ယောက်တည်းလုပ်ရတဲ့ အလုပ်တွေမှာ မလုပ်ရဲ မကိုင်ရဲ ဖြစ်လာတတ်ပါတယ်။ မိဘကိုယ်တိုင်တောင် ကိုယ့်ရဲ့ အရည်အချင်းကို မယုံကြည်သလို ခံစားခဲ့ရလို့ ကိုယ့်ဘာကိုယ်လဲ ယုံကြည်မှူနည်းလာတာမျိူးပါ။
⚫️ ဘောင်ထဲကဘဲ ကြည့်တတ်ခြင်း
မိဘရဲ့ ဆုံးမမှူအောက်မှာ လမ်းတစ်လမ်းထဲဘဲ ကြည့်တတ်သလို ဖြစ်ခဲ့တော့ အသက်ကြီးလာတော့လဲ ပြင်ပလောကကြီးကို ဖြန့်မကြည့်တတ်တော့ဘဲ ဘောင်လေးထဲကဘဲ ကြည့်ပြီး comfort zone ထဲ ရောက်သွားတာမျိူးပါ။ စူးစမ်းလေ့လာလိုစိတ်တွေ နည်းပြီး အသစ်တွေကို စမ်းကြည့်ဖို့ ကြောက်ရွံ့တတ်ကြပါတယ်။
⚫️ relationships တွေမှာ ထိခိုက်ခြင်း
လူအများကြီးနဲ့ ထိတွေ့ဆက်ဆံမှူနည်းခဲ့တော့ ဆက်ဆံပေါင်းသင်းရေးမှာ အားနည်းလာတတ်ကြပါတယ်။ သူငယ်ချင်းတွေကို အရမ်းခင်တွယ်လာပြီး သူတို့ပစ်သွားမှာ ကြောက်လို့ ကိုယ်ကျိူးစွန့် အနစ်နာခံတာတွေ လုပ်တတ်သလို တစ်ဖက်မှာလဲ သူတို့ဆီက လိုချင်တာတွေ များပြီး အပေးအယူမတည့်တာတွေ ဖြစ်တတ်ပါတယ်။ ချစ်သူဆီက အရမ်း အချစ်ခံချင်တာမျိူးလဲ ဖြစ်တတ်ပါတယ်။
◾️စာများများဖတ်ပြီး ပြင်ပဗဟုသုတ ရှာဖွေတာ
◾️ အိမ်က supportive မဖြစ်ရင် supportive ဖြစ်မယ့် ပတ်ဝန်းကျင်နဲ့ အမြဲချိတ်ဆက်နေတာ(သူငယ်ချင်း၊ ချစ်သူ၊ ဆွေမျိူးများ၊ အသိမိတ်ဆွေများ)
◾️ ကိုယ့်ကိုကိုယ် ယုံကြည်မှူတက်လာအောင် အမြဲ positive thinking မွေးတာ
◾️ ကိုယ်ကျွမ်းကျင်တဲ့ အရာလေးတွေကို self appreciation လုပ်တာ
◾️ self care လုပ်ဖို့ အချိန်ပေးတာ
◾️ တခြားသူတွေကို ကူညီဖို့ ကြိုးစားပြီး ရလာတဲ့ ပျော်ရွှင်မှူကို မွေးမြူတာ (ဒါက ကိုယ့်ကိုကိုယ် အရေးပါတဲ့ လူလို့ ခံစားရစေပါတယ်)
◾️volunteering, charity, social work လုပ်တာ
စတာလေးတွေ လုပ်ကြည့်ပြီး မိဘတွေဆီက မရခဲ့တဲ့ self confidence ကို ပြန်လည်မွေးမြူနိုင်ပါတယ်။
ဒါ့အပြင် မိသားစုပြဿနာတွေကြောင့် စိတ်ပင်ပန်းပြီး stress, depression, anxiety တွေနဲ့ frustration စတာတွေလည်းဖြစ်စေတတ်ပါတယ်။ ကိုယ်က control မလုပ်နိုင်ဘူး တစ်စုံတစ်ယောက်ရဲ့အကူညီလိုအပ်တယ်ဆိုရင်တော့ mental heal မှာ affordable counseling service ပေးနေတာမို့ လာရောက်ပြီး ဆက်သွယ်မေးမြန်းလို့ရပါတယ်ရှင့်။
မိဘနဲ့ သားသမီးကြား နားလည်မှူတွေ ရနိုင်ကြပါစေရှင်
#mental_heal