၁။ အချိန်ယူပါ စိုးရိမ်ပူပန်မှုတွေလွှမ်းမိုးနေတဲ့အခါရှင်းရှင်းလင်းလင်းစဉ်းစားရန်မဖြစ်နိုင်ပါ။ ပထမဆုံးလုပ်ရမယ့်အရာကအချိန်ယူပြီးရုပ်ပိုင်းဆိုင်ရာငြိမ်သက်အောင်လုပ်ဖို့ဖြစ်ပါတယ်။ ၁၅ မိနစ်ခန့်လမ်းလျှောက်ခြင်း၊ လက်ဖက်ရည်တစ်ခွက်သောက်ခြင်းသို့မဟုတ်ရေချိုးခြင်းပြုလုပ်ပါ။ ၂။ အသက်ရှူလေ့ကျင့်ပါ ကြောက်စိတ်ကြောင့်နှလုံးခုန်မြန်ခြင်းသို့မဟုတ်ချွေးထွက်လွန်ခြင်းရှိပါကအသက်ရှူ လေ့ကျင့်တာအကောင်းဆုံးဖြစ်ပါတယ်။ အာရုံလွှဲရန်မကြိုးစားဘဲထိတ်လန့်ချိန်မှာသင့်ရဲ့လက်ကိုသင့်ရဲ့ဝမ်းဗိုက်အပေါ် ထားပြီး ဖြည်းဖြည်းနှင့်နက်ရှိုင်းစွာအသက်ရှူသွင်းရှူထုတ်လုပ်ပါ။ ၃။ ကြောက်စိတ်ကိုရင်ဆိုင်ပါ ကြောက်စိတ်ကိုရှောင်ခြင်းကသူတို့ကိုပိုပြီးကြောက်စရာကောင်းစေပါတယ်။ ဘယ်ကြောက်ရွံ့မှုမျိုးကိုမဆိုရင်ဆိုင်ကြုံတွေ့ရပါကနိုးနိုးကြားကြားရင်ဆိုင်ရပါမယ်။ ဥပမာအားဖြင့်သင်တစ်နေ့ဓာတ်လှေကားထဲဝင်ရမှာကိုထိတ်လန့်ရင်၊ နောက်တစ်နေ့ဓာတ်လှေကားသို့ပြန်သွားပြီးစီးခြင်းဟာအကောင်းဆုံးဖြစ်ပါတယ်။…