Category: Self Love

ပြတ်စဲတော့မယ့်စုံတွဲတွေမှာ ဖြစ်တတ်တဲ့ လက္ခဏာ (၇)ချက်

နာကျည်းမှု ကိုယ့်စကားကို ကိုယ်ချစ်ရသူက နားမထောင်တော့ဘူးဆိုတဲ့ ခံစားချက်က လူတစ်ယောက်အတွက်အခံစားရဆုံးအချိန်ပါ။ ဒီခါးသီးမှုကနေ ဒေါသအဖြစ်တောက်လောင်စေပြီး ပတ်ဝန်းကျင်မှာရှိတဲ့ အရာအားလုံးကို လောင်မြှိုက်သွားစေနိုင်ပါတယ်။ ဒီအခြေအနေက ခက်ခဲတဲ့ဆက်ဆံရေးကနေတဆင့် အဆိုးမြင်စိတ်လွှမ်းမိုးသွားချိန်မှာ လုံးဝရပ်စဲသွားနိုင်တဲ့ ဆက်ဆံရေးမျိုးကို ပြောင်းလဲသွားနိုင်ပါတယ်။ တစ်ဦးနဲ့တစ်ဦး နာကျည်းတဲ့အဆင့်ကို မရောက်သွားစေဖို့အတွက်…

စိတ်ဒဏ်ရာကင်းပြီး ရွှင်လန်းတက်ကြွတဲ့ကလေးငယ်တွေဖြစ်စေဖို့ လိုအပ်တဲ့အရာများ

ကလေးဘဝရဲ့စိတ်ဒဏ်ရာဟာ လူကြီးဘဝရောက်တဲ့အချိန်ထိ အများကြီး သက်ရောက်နေပါတယ်။ အဲဒါကြောင့် ကလေးဘဝရဲ့စိတ်ခံစားချက်တွေက အရေးကြီးပါတယ်။ ကလေးအတွက် စိတ်ပျော်ရွှင်နေခြင်းက ကလေးရဲ့ တစ်ဘဝလုံး အကောင်းမြင်စိတ်, စိတ်ဓာတ်ကြံ့ခိုင်ခြင်းတွေနဲ့ အချိုးကျနေပါတယ်။ အဲဒီလို စိတ်ဒဏ်ရာကင်းပြီး ရွှင်လန်းတက်ကြွနေတဲ့ကလေးငယ်တွေဖြစ်စေဖို့ လိုအပ်တဲ့အရာများကိုဖော်ပြလိုက်ပါတယ်။ ၁) ချစ်ခြင်းမေတ္တာဖြင့်ပြုစုပျိုးထောင်ပေးမယ့်မိဘ…

Healthy Relationship ကို ပိုင်ဆိုင်စေမယ့်အချက်များ

လူတိုင်းကတော့ ကိုယ့်ရဲ့ Relationshipမှာ ပျော်ရွှင်ရတဲ့၊ စိတ်ချမ်းသာရတဲ့ ၊ ကြည်နူးရတဲ့ အခိုက်အတန့်လေးတွေကိုသာ ပိုင်ဆိုင်ချင်ကြမှာပါ။ စိတ်ရှုပ်ရတဲ့၊ စိတ်ညစ်ညူးရတဲ့ Toxic ဖြစ်လွန်းတဲ့ Relationship ကိုတော့ ဘယ်သူမှ ပိုင်ဆိုင်ချင်ကြမယ် မထင်ပါဘူး။ ဒီတစ်ခေါက်တော့ Toxic…

သူငယ်ချင်းဆိုတာ

ဘဝမှာ ဆိုးအတူ ကောင်းအတူ ရှိနေပေးခဲ့တဲ့သူငယ်ချင်းမျိုး ၊ မိုင်ထောင်ချီဝေးနေလည်း အခင်အမင်မပျက်ပဲ ရှိနေတဲ့သူငယ်ချင်းမျိုး၊ အကြောင်းအမျိုးမျိုးကြောင့် မတွေ့တာ နှစ်တွေချီနေလည်း ပြန်တွေ့တဲ့အခါ မနေ့တနေ့ကလိုပဲ ဟီလောင်တွေထလို့ရတဲ့ သူငယ်ချင်းမျိုးရှိခြင်းဟာလည်း ဘဝရဲ့ တန်ဖိုးအရှိဆုံးဆုလာဒ်တစ်မျိုးပဲဖြစ်ပါတယ်။ – ကျောင်းတက်နေတုန်း အိမ်ကပိုက်ဆံမပို့သေးလို့…

၂၀၂၄ နှစ်သစ်မှာ ကိုယ့်ကိုယ်ကိုယ်ပိုချစ်ဖို့ ကြိုးစားပါ။

ကိုယ့်ကိုယ်ကိုယ်ချစ်ခင်ခြင်းဆိုတာက တစ်ကိုယ်ကောင်းဆန်ခြင်းနဲ့ မတူပါဘူး။ များသောအားဖြင့်ကတော့ ကိုယ့်ကိုယ်ကိုယ်အရမ်းချစ်တတ်တဲ့သူမျိုးကို တစ်ကိုယ်ကောင်းဆန်တဲ့သူအဖြစ် သတ်မှတ်တတ်ကြပါတယ်။ ဒီနေရာမှာ ကိုယ့်ကိုယ်ကိုယ်ချစ်ခင်ခြင်းနဲ့ တစ်ကိုယ်ကောင်းဆန်ခြင်းက မတူဘူးဆိုတာကို ရှင်းပြချင်ပါတယ်။ တစ်ကိုယ်ကောင်းဆန်လွန်းတဲ့သူမျိုးမှာ တစ်ဖက်သားဘက်ကို လုံးဝထည့်မစဉ်းစားတတ်ဘဲ ကိုယ့်အကျိုးအတွက်သာ ထည့်စဉ်းစားတတ်သူဖြစ်ပါတယ်။ ကိုယ့်အတွက်အဓိက ကိုယ့်အကျိုးရယူလိုစိတ်များပြီး အခြားသူတွေဘယ်လိုပဲထိခိုက်ပါစေ…

ဟက်ဟက်ပက်ပက်ရယ်မောပါ

ကမ္ဘာပေါ်မှာ အကောင်းဆုံးခံစားချက်တစ်ခုကတော့ ဟက်ဟက်ပက်ပက်ရယ်မောခြင်းပါပဲ။ အဲဒါက လူတွေကို အံ့သြဖွယ်ကောင်းလောက်အောင် တစ်ဦးနဲ့တစ်ဦးဆက်ဆံရေးခိုင်မာစေပါတယ်။ တခစ်ခစ်ရယ်မောခြင်းကနေ ဟက်ဟက်ပက်ပက်ရယ်မောခြင်းက အရာအားလုံးကိုပြောင်းလဲပစ်နိုင်ပါတယ်။ တိတ်ဆိတ် ခြောက်ကပ်နေတဲ့ အခန်းထဲမှာ ရယ်မောလိုက်တဲ့အခါ နွေးထွေးပြီး နှစ်လိုဖွယ်ကောင်းတဲ့ပတ်ဝန်းကျင်အဖြစ်ကို ပြောင်းလဲသွားစေနိုင် ပါတယ်။ ရယ်မောခြင်းက လူမှုဆက်ဆံရေးအတွက်…

Single Mom ဖြစ်ခြင်းဟာ နှိမ်စရာမဟုတ်ပါဘူး

မြန်မာလူမျိုးအချို့မှာ အမျိုးသမီးတွေဆိုရင် အားနည်းသူ၊ အားနွဲ့သူအဖြစ် မြင်တတ်ကြပြီး မိန်းကလေးမှန်ရင် အိမ်မှုကိစ္စကျွမ်းကျင်ပြီး ဗိုင်းကောင်းကျောက်ဖိနေနိုင်ရုံနဲ့တင် ကိုယ့်ဘဝကို ဦးစီးဦးဆောင်ပေးမယ့် ခင်ပွန်းကောင်းတစ်ယောက်ကို အားကိုးလို့ရတယ်ဆိုပြီး တွေးထင်တတ်ကြတဲ့ အမြင်ကျဥ်းမြောင်းသူတွေရှိတတ် ကြပါတယ်။ အဲဒါအပြင် မိန်းကလေးမို့ အိမ်ထောင်ကွဲတာမျိုးဆိုရင်လည်း အထူးရှက်ကြောက်စရာကိစ္စအဖြစ်နဲ့ မြင်တတ်ကြ…

အလုပ်ရပ်ပြီး စနေ၊တနင်္ဂနွေမှာ သင်ဘာကြောင့် အနားယူသင့်ပါသလဲ။

၁)      စိတ်ဖိစီးမှုတွေကို လျော့ကျဖို့အချိန်ပေးနိုင်ခြင်း တစ်ပတ်လုံး အလုပ်ဖိအား၊ မိသားစုကိစ္စ မျိုးစုံဖိအား၊ ငွေကြေးကိစ္စ ပေါင်းစုံဖိအား စသည်ဖြင့် ဖိအားအများကြီးအောက်ကနေ စနေ၊ တနင်္ဂနွေအားလပ်ရက်လေးမှာ အားလုံးကို ခဏတဖြုတ်နားလိုက်သင့်ပါတယ်။ ထိုကဲ့သို့ အနားယူလိုက်ခြင်းက စိတ်ဖိစီးမှုတွေကိုလျော့ကျဖို့အချိန်ပေးလိုက်သလိုဖြစ်သွားစေပါတယ်။ ၂)      …

စိတ်ဓာတ် စည်းကမ်း ပညာ

အရက်ဆိုင်ထဲမှာ အရက်သောက်နေတဲ့ တပည့်က လမ်းမပေါ်ကနေ လမ်းလျှောက်လာတဲ့ ဆရာကိုမြင်တော့ နောက်ကနေ လိုက်လာပြီး ပြုံးဖြဲဖြဲနဲ့ လာနှုတ်ဆက်တယ်။ လက်ဖက်ရည်ဆိုင်ထဲဝင်တုန်းကသောက်လက်စဆေးလိပ်ကလေး ဝှက်ပြီး ဆရာနေကောင်းလား ဘာလား လာနှုတ်ဆက်တဲ့ တပည့်မျိုးနဲ့ကြုံဖူးတယ်။

စိတ်ကောင်းလေးတော့ထားပါ

တစ်ခါတစ်လေမှာ…….ကိုယ်ကစပြီး လူတွေကိုတောင်းပန်လိုက်ပါ၊ ဘာဖြစ်လို့လဲ ဆိုတော့ လောကမှာ ကြောက်စရာအကောင်းဆုံးဟာလဲ လူတွေပဲ….ချစ်စရာ အကောင်းဆုံးကလဲ လူတွေပဲ… သူတို့ လိုအပ်တဲ့အချိန်နဲ့ မလိုအပ်တဲ့အချိန်လေးတော့ ကွာတာပေါ့…..