နီးစပ်ရာ ဆေးရုံ/ဆေးခန်းမှာ ဒီလိုစစ်ပါ
– ဆရာဝန်တစ်ဦးဦးမှ စမ်းသပ်စစ်ဆေးမေးမြန်းခြင်း
– ကိုယ်အပူချိန်၊ သွေးခုန်နှုန်း၊ သွေးပေါင်ချိန်၊ အသက်ရှူနှုန်း၊ သွေးတွင်း အောက်စီဂျင်၊ ကိုယ်အလေးချိန် တိုင်းတာခြင်း
– အဆုတ် စစ်ဆေးခြင်း (Chext X ray သို့မဟုတ် CT)
– နှလုံးလုပ်ဆောင်ချက်စစ်ဆေးခြင်း (ECG)
– ဓါတ်ခွဲစမ်းသပ်စစ်ဆေးခြင်း
– CP (Auto), Electrolyte – အခြေခံ စစ်ဆေးမှု
– RBS, HbA1c – သွေးတွင်းသကြားဓါတ် ပမာဏ
– Urea, Creatinine – ကျောက်ကပ်အခြေအနေ
– CRP, ESR – ရောင်ရမ်းမှု ပမာဏ
– D-dimer – သွေးခဲမှု အခြေအနေ
– ALT, AST – အသည်း အခြေအနေ
– TSH, Free T4 – သိုင်းရွိုက်ဟော်မုန်း ပမာဏ
– Troponin I – နှလုံးကြွက်သား ပျက်စီးမှု
– Ferritin – Cytokine storm အခြေအနေ
– Procalcitonin – ဘက်တီးရီးယားပိုးဝင်လား နှင့် ရောဂါဆိုးရွားမှု ပမာဏ
– Antibody – ခုခံစွမ်းအား
ဘယ်အချိန်စစ်ရမလဲ
– Covid-19 positive (+) ဖြစ်ပြီး (၁၄)ရက် ကျော်လျှင် စစ်ဆေးနိုင်ပါသည်။
– (၁၄)ရက် မှ (၃၀)ရက် အတွင်းဖြစ်ပါက RDT Test ပြန်စစ်ပြီး negative (-) ဆိုလျှင် စစ်ဆေးနိုင်ပါသည်။
– ရက်(၃၀)ကျော်လွန်ပါက RDT Test ပြန်စစ်ရန် မလိုဘဲ စစ်ဆေးနိုင်ပါသည်။
အာယုဆေးရုံကြီးရဲ့ Post COVID Package ကို အခြေခံ ရေးသားထားပါတယ်
ပြည်သူများ ကပ်ဘေးမှ အမြန်ဆုံး ကျော်လွှားနိုင်ကြပါစေ
ရေးသားသူ Dr. NI (ဒေါက်တာနီနီ)
