ကိုဗစ်ပိုးက မသန့်စင်ပဲထားရင် အရာဝတ္ထုတွေပေါ်မှာ ဇယားပါ အချိန်ကာလအတိုင်း ရှင်သန်နိုင်ပါတယ်
62-71% Ethanol (အရက်ပျံ ၂ဆ + ရေ ၁ဆ)
0.5% Hydrogen peroxide (ဂျပန် နားသန့်ဆေး)
0.1% sodium hypocloride (ချွတ်ဆေး) တို့နဲ့ ၁မိနစ်ကြာအောင် သန့်စင်တဲ့အခါ
- သစ်သီဝလံတွေ ပန်းကန်ခွက်ယောက်တွေ ဆို ဆပ်ပြာ+ရေနဲ့ သေချာဆေးကြောတဲ့အခါ ( လက်အရင်ဆေးပြီးမှ ကိုင်တွယ်ပါ)
- 60°C ထက်ပိုတဲ့ အပူနဲ့ မိနစ် ၃၀ကြာ ချက်ပြုတ်တဲ့အခါ (လက်ဆေး+mask တပ်ပြီးမှ ချက်ပြုတ်ရန်)
- သောက်ရေကို ကျိုချက်/ filter ဖြတ်လိုက်တဲ့အခါ သုံးရေ/ ရေကူးကန်တွေမှာ ကလိုရင်း ခတ်လိုက်တဲ့အခါ ပိုးသေနိုင်ပါတယ်
- ရေခဲသေတ္တာထဲထည့်လို့ ပိုးမသေပါ၊ မထည့်ခင် ဆေးကြော၊ ချက်ပြုတ်ပြီးမှ ထည့်သင့်ပါတယ်
- ချောင်းရေ၊ မြောင်းရေလို မသန့်စင်ရသေးတဲ့ ရေထဲမှာ ဘယ်လောက်ကြာကြာ အသက်ရှင်မလဲ မသေချာပါ
- ပင်လယ်ကမ်းခြေလိုမျိုး ပိုးသတ်ဖို့ ခက်ခဲတဲ့နေရာမျိုးကျ အရေပြားမှာ ကပ်ပြီး ပါလာနိုင်ပါတယ်
- ရေကူးချင်တယ်ဆိုရင်တော့ သူများနဲ့ ၆ပေခွာပြီး ကူးပါ၊ ရေးကူးပြီးရင် သန့်စင်အောင်
ရေးသားသူ Dr. NI (ဒေါက်တာနီနီ)

