ဦးနှောက်နှင့်အာရုံကြောရောဂါခံစားနေရတဲ့လူနာတွေအတွက် COVID ကာလအတွင်း အရေးတကြီးလိုက်နာသင့်တာတွေကို တဆင့်မျှဝေပေးဘိုအကူအညီတောင်းပါရစေရှင်။
( သောက်နေတဲ့ဆေးတွေ ဆက်သောက်သင့်မသင့် မသိပဲ လူနာတွေ မိမိသဘောနဲ့ ဆေး ရပ်တာတွေ၊ရပ်ရမဲ့ဆေးကိုဆက်သောက်နေမိတာတွေကြောင့် မလိုလားအပ်တဲ့ဆိုးကျိုးတွေတွေ့နေလိုပါ)

1.ကိုယ်ခံအားကျစေတဲ့ဆေးသုံးရတဲ့ရောဂါများ

– Myasthenia gravis (ကြွက်သားပျော့သည့်ရောဂါ), Myositis (ကြွက်သားရောင်ရမ်းသောရောဂါ)
– Neuromyelitis optica, transverse myelitis, multiple sclerosis(ဦးနှောက်နှင့် အာရုံကြောမကြီးရောင်ရမ်းသောရောဂါများ)
– Optic neuritis (မျက်စိအာရုံကြောရောင်သောရောဂါ)
– Connective tissue disease with neurological problems,Vasculitis (သွေးလေးဖက်နာနှင့် သွေးကြောရောင်ရမ်းသောရောဂါများ)
– Brain tumor( ဦးနှောက်အကြိတ်)
– Chronic demyelinating Neuropathy (အာရုံကြောများရောင်ရမ်းအားနည်းသောရောဂါ)

2.COVID မဖြစ်သေးသောလူနာများ

  • သောက်လက်စဆေးများ ညွှန်ကြားထားသည့်အတ်ုင်းဆက်သောက်ရပါမယ်။
  • ဆေးညှိဘိုရက်ချိန်းမှန်အောင်ပြသင့်ပါတယ်။( ပြနေကျဦးနှောက်နှင့် အာရုံကြောဆရာဝန်ပြန်ပြဘိုမဖြစ်နိုင်လျှင် လက်လှမ်းမှီတဲ့ ဦးနှောက်နှင့်အာရုံကြောဆရာဝန် ဒါမှမဟုတ် သမားတော်နဲ့ပြပါ)

3.အထက်ပါလူနာများ COVID ရောဂါ ကူးစက်ခံရပါက…..

  • Steroids ဆေးတွေ ( Prednisolone, methylprednisolone, dexa)မရပ်ပဲဆက်သောက်ရပါမယ်၊ dose ကို ဆရာဝန်က လိုအပ်သလိုညှိပါလိမ့်မယ်။
  • Methotrexate, Mycophenolate Mofetil, Azathioprine လို ကိုယ်ခံအားချဆေးတွေသောက်နေရင် အဲဒီဆေးတွေ ချက်ချင်းရပ်ထားပါ။(ပြန်သောက်ရမဲ့အချိန်နဲ့ အစားထိုးသောက်သင့်တဲ့ဆေးကိုသက်ဆိုင်ရာဆရာဝန်နဲ့ပြပြီးမှသောက်သင့်ပါတယ်)

4.COVID ကာကွယ်ဆေး

  • အထက်ပါရောဂါရှိတဲ့လူနာတွေ COVID ကာကွယ်ဆေးထိုးသင့်ပါတယ်။
  • သာမာန်လူနဲ့စာရင် ကာကွယ်ဆေးရဲ့ထိရောက်မှုနဲတတ်ပေမဲ့ ကာကွယ်ထားတာပိုကောင်းပါတယ်။

ရေးသူ – ဒေါက်တာစိမ်းမြမြအေး (ဦးနှောက်နှင့်အာရုံကြော အထူးကုဆရာဝန်)