ရာသီတုပ်ကွေးကော COVIDကော ထိန်းမနိုင်တဲ့အချိန်မှာ ကိုယ်ခံအား(𝐈𝐦𝐦𝐮𝐧𝐢𝐭𝐲)လေးတော့ ကောင်းစေချင်တယ်
ဒီလိုပြောလို့ ကိုယ်ခံအား (𝐈𝐦𝐦𝐮𝐧𝐢𝐭𝐲)က COVIDကို ကာကွယ်နိုင်သလား မေးရင် အဖြေက No ပါ၊ လုံးဝ မကာကွယ်ပါ
“Mask တပ်၊ လက်ဆေး၊ ၆ပေခွာနေ” မှတစ်ပါး အခြားမရှိပါ
ဒါဆို ကိုယ်ခံအား(𝐈𝐦𝐦𝐮𝐧𝐢𝐭𝐲)က ဘာအတွက်လဲ?
COVIDရောဂါ ကူးစက်ခံရတဲ့အခါ တစ်ချို့တွေ နှာစေး၊ အနံ့ပျောက်ရုံလောက်နဲ့ ပြန်ကောင်းသွားကြပြီး တစ်ချို့မှာ ရောဂါပြင်းထန်တာ မြင်ဖူးကြပါလိမ့်မယ်
ကိုယ်ခံအားနည်းတဲ့သူတွေဟာ ရောဂါဒဏ်ကို ပိုခံကြရပါတယ်၊ အခု အောက်စီဂျင်တွေ မနည်းရှူနေရသလိုမျိုးတွေပေါ့
ဆိုတော့ ကိုယ်ခံအား(𝐈𝐦𝐦𝐮𝐧𝐢𝐭𝐲)ကောင်းအောင် ဘာတွေစားသောက်မလဲ၊ ဘယ်လိုနေမလဲ အကြံပေးချင်ပါတယ်
💥 𝐒𝐦𝐨𝐤𝐢𝐧𝐠 (ဆေးလိပ်)
ကိုယ်ခံအားလဲကျ၊ အဆုတ်ကိုလဲ ထိခိုက်စေပါတယ်
💥 𝐀𝐥𝐜𝐨𝐡𝐨𝐥 (အရက်)
အလွန်အကျွံသောက်ခြင်းက ကိုယ်ခံအား ကျစေပါတယ်
💥 𝐈𝐧𝐬𝐨𝐦𝐧𝐢𝐚 (အိပ်မပျော်ခြင်း)
အိပ်ရေးပျက်ရင် ကိုယ်ခံအား ကျပါတယ်
စောစောအိပ်ပါ၊ ၈နာရီပြည့်အောင် အိပ်ပါ
💥 𝐒𝐭𝐫𝐞𝐬𝐬 & 𝐀𝐧𝐱𝐢𝐞𝐭𝐲 (စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှု)
စိတ်ဖိစီးမှုကလဲ ကိုယ်ခံအား ကျစေပါတယ်
ဘာသာတရား ကိုင်းရှိုင်းပါ၊ တရားထိုင်ပါ
စိတ်ညစ်လာရင် ရင်ဖွင့်ပါ
💥 𝐄𝐱𝐞𝐫𝐜𝐢𝐬𝐞 (ကိုယ်လက်လှုပ်ရှားမှု)
လမ်းလျှောက်တာလို အပျော့စား လှုပ်ရှားမှုမျိုး
တစ်ရက်ကို ၁၅-၃၀ မိနစ်ခန့် မှန်မှန်လုပ်ပါ၊
ပြင်းပြင်းထန်ထန် မလုပ်သင့်ပါ
💥 𝐇𝐲𝐠𝐢𝐞𝐧𝐞 (တစ်ကိုယ်ရည် သန့်ရှင်းမှု)
မသန့်ရှင်းလို့ ဝမ်းပျက်ဝမ်းလျှောလို ရောဂါမျိုး
ဖြစ်ခဲ့ရင် ကိုယ်ခံအားတွေ သုံးလိုက်ရမှာပါ၊
တကယ်လဲ COVIDကူးရော
သုံးစရာ ကိုယ်ခံအား မကျန်ပဲ ဖြစ်နေမယ်
💥 𝐃𝐞𝐱𝐚𝐦𝐞𝐭𝐡𝐚𝐬𝐨𝐧𝐞 လို ဆေးမျိုး
ကိုယ်ခံအား ကျစေတဲ့ အာနိသင် ရှိပါတယ်၊
ဆရာဝန်က လိုအပ်လို့ ညွှန်ကြားမှသာ သောက်ပါ
💥 𝐕𝐚𝐜𝐜𝐢𝐧𝐞 (ကာကွယ်ဆေး)
ရာသီတုပ်ကွေး ကာကွယ်ဆေးကော၊
COVID ကာကွယ်ဆေးကော ရဖို့လွယ်ရင် ထိုးပါ
ကာကွယ်ဆေးထိုးလဲ COVID ထပ်ဖြစ်တယ်နော်
💥 𝐖𝐚𝐭𝐞𝐫 (ရေ)
ရေဓါတ်ခမ်းရင် ကိုယ်ခံအားဆဲလ်တွေ
တည်ဆောက်ဖို့ နှောင့်နှေးပါတယ်
COVID မှာ ရေဓါတ်နည်းရင် သွေးခဲလွယ်ပါတယ်
တစ်ရက်ကို ၂-၄လီတာ သောက်သင့်ပါတယ်
💥 𝐅𝐨𝐨𝐝 (အစားအစာ)
🚫 ချိုလွန်းတဲ့ အစားအစာရှောင်ပါ
🚫 Fast Food ရှောင်ပါ
(အသင့်စား အာလူးကြော်၊ Coca cola လိုမျိုး)
🚫 ဟင်းချက်ရင် စားအုန်းဆီ ရှောင်ပါ
✔ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းတို့ကို
ဟင်းချက်ရင် နေ့စဉ်ထည့်သုံးပါ
(အလွန်အကျွံ စားသုံးခြင်း ရှောင်ပါ)
✔ 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐀, 𝐂, 𝐄, 𝐁6, 𝐙𝐢𝐧𝐜, 𝐏𝐫𝐨𝐭𝐞𝐢𝐧, 𝐈𝐫𝐨𝐧,
𝐏𝐫𝐨𝐛𝐢𝐨𝐭𝐢𝐜 (ဗီတာမင် အေ, စီ, အီး, ဘီစစ်, ဇင့်,
အသားဓါတ်, သံဓါတ်၊ ဒိန်ချဉ်မှရသော
ပရိုဘိုင်အိုတစ်)ကြွယ်ဝတဲ့ အစားတွေက
ကိုယ်ခံအားတက်စေပါတယ်
ဒီအစားအစာတွေ ပိုစားပါ၊
သို့ပေမယ့် အခြား 𝐕𝐢𝐭𝐚𝐦𝐢𝐧 (ဗီတာမင်)တွေလဲ
ပုံမှန်ပမာဏတော့ စားပေးရပါမယ်
