COVID ပျောက်သွားပေမယ့် ၄ပတ်ကနေ ၃လကြားမှာ ဒီလို လက္ခဏာတွေ ဖြစ်တတ်ပါသေးတယ်
အသက်ကြီးသူ၊ နဂိုရောဂါ အခံရှိသူ၊ ဆေးရုံတက်ပြီး ကုသမှုခံယူလိုက်ရသူတွေမှာ အဖြစ်များပါတယ်
COVID လက္ခဏာ မပြပဲ ၄ပတ်ကြာမှ ဒီလိုလက္ခဏာတွေ ပေါ်တဲ့သူတွေလဲရှိပါတယ်
အပျော့စားလက္ခဏာများ
ချောင်းခြောက်ဆိုးခြင်း
အသက်ရှုမဝခြင်း
ရင်ဘတ်အောင့်ခြင်း
ရင်တုန်ခြင်း (အဖြစ်များ)
မအီမသာဖြစ်ခြင်း
ပျို့ချင်၊ အန်ချင်ဖြစ်ခြင်း
ဗိုက်အောင့်ခြင်း
ဝမ်းလျှောခြင်း
နုံးခြင်း၊ မောခြင်း
ညဘက် အိပ်မပျော်ခြင်း (အဖြစ်များ)
သတိမေ့ခြင်း
အာရုံစူးစိုက်မရခြင်း
ခေါင်းကိုက်ခြင်း
မိုက်ခနဲ မူးဝေခြင်း
ကိုယ်လက် နာကျင်ကိုက်ခဲခြင်း
ခြေလက်ထုံကျင်ခြင်း
အရေပြား ယားယံခြင်း၊ အနီစက်ထွက်ခြင်း
ဆံပင်ကျွတ်ခြင်း
ရာသီမမှန်ခြင်း
မျက်စိ နီခြင်း၊ ရောင်ခြင်း
အနံ/အရသာ ပြောင်းခြင်း
ပြင်းထန် လက္ခဏာများ
ကိုယ်တွင်း ခုခံအားက ရောဂါကို အနိုင်မတိုက်နိုင်တဲ့အခါ ကိုယ်တွင်းကလီစာ များစွာကို ဖျက်စီးပစ်ပါတယ် ရောဂါဖြစ်ပြီး ၄ပတ်ကျော်မှ စ,ဖြစ်တာတော့ မဟုတ်ပါဘူ းရှေ့မှာကတည်းက ဖျက်စီးခံလိုက်ရတာတွေက မပျောက်ပဲ ကျန်ခဲ့တာပါ
အဆုတ် – အဆုတ် ဒဏ်ရာရခြင်း၊ အမာရွတ်ကျန်ခြင်း၊ ကျုံ့ခြင်း၊ လေအိတ်ပေါက်ခြင်း
နှလုံး – နှလုံးခုန်နှုန်း စည်းချက်မမှန်ခြင်း၊ နှလုံးကြွက်သား ရောင်ခြင်း၊ ကျုံ့ခြင်း၊ နှလုံး ပတ်ပတ်လည် ရေဝိုင်းခြင်း
ဦးနှောက် – ဦးနှောက်ရောင်းခြင်း၊ အာရုံကြောရောင်ခြင်း
ကျောက်ကပ် – ကျောက်ကပ်ရောင်ခြင်း၊ ပျက်စီးခြင်း
မျက်စိ – မျက်စိရောင်ခြင်း၊ အမြင်ကွယ်ခြင်း
ဟော်မုန်း – ဆီးချို၊ လည်ပင်းကြီး၊ အရိုးပွရောဂါတို့ အသစ်ဖြစ်ပေါ်ခြင်း၊ နဂို ဖြစ်ဖူးလျှင် ပိုဆိုးလာခြင်း
သွေး – သွေးခဲခြင်း၊ သွေးမတိတ်ရောဂါဖြစ်ခြင်း (ITP)
စိတ် – ကာလကြာရှည်စွာ စိတ်ဒဏ်ရာရခြင်း တို့ ဖြစ်ပါတယ်
ရေးသားသူ Dr. NI (ဒေါက်တာနီနီ)
