Oxygen ဆိုတာ လူတစ်ယောက်အသက်ရှင်နေထိုင်နိုင်ဖို့အတွက် အလွန်အရေးပါတဲ့ အရာပဲဖြစ်ပါတယ်။
.
လူတစ်ယောက်မှာ Oxygen Level ၉၀ ရာခိုင်နှုန်းအထိကျဆင်းနေမယ်ဆိုရင် ဆေးဘက်သုံးအောက်ဆီဂျင်စက်နဲ့ အောက်ဆီဂျင်ပေးဖို့ လိုအပ်ပါတယ်။
.
Oxygen Level ကျတဲ့ လက္ခဏာတွေကတော့…..
(၁) မျက်နှာ၊ နှုတ်ခမ်းနှင့် လက်သည်းများပြာလာခြင်း
(၂) အသက်ရှူကြပ်ခြင်း
(၃) အသက်ရှူရခက်ခဲခြင်း၊ ချောင်းဆိုးလာခြင်း
(၄) မောပန်းခြင်း
(၅) ရင်ဘတ်နာခြင်း ၊ ရင်ကျပ်ခြင်း
(၆) သွေးခုန်နှုန်းမြန်ခြင်း
တွေပဲဖြစ်ပါတယ်။
