အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ပေးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ
- အောက်ဆီဂျင် လုံလောက်စွာ ရရှိခြင်း
- အမောဖောက်နိုင်ချေ လျော့နည်းခြင်း
- အဆုတ်ခဲခြင်း၊ အဆုတ်ရှိ လေအိတ်ငယ်များ ပြားကပ်သွားခြင်းမှ ကာကွယ်နိုင်ခြင်း
- အသက်ရှူရာတွင် အင်အားစိုက်ထုတ်ရမှု လျော့ပါးစေခြင်း
- ချောင်းဆိုးချွဲကြပ်လျှင် သလိပ်ဟပ်ထုတ်ရ လွယ်ကူခြင်း
- စိတ်ဖိစီးမှု လျော့နည်းခြင်း
(၁) နှာခေါင်းကနေ ၂ စက္ကန့်ကြာ ဖြည်းဖြည်းချင်း ရှူသွင်းပါ။
(၂) နှုတ်ခမ်းကို စုပြီး ပါးစပ်ကနေ ၄ စက္ကန့်ကြာ ဖြည်းဖြည်းချင်း ရှူထုတ်ပါ။
ဒီနည်းအတိုင်း (၁၀) ကြိမ် ပြုလုပ်ပါ။

