lungs

၁။ ရေနွေးငွေ့ ရှုခြင်း

ရေနွေးငွေ့ ရှုခြင်းသည် အဆုတ်လမ်းကြောင်းပွင့်စေပြီ အချွဲများ ပျော်စေပါတယ်အဆုတ်မကောင်းသောသူများသည် အေးသောအချိန် သို့မဟုတ် ပူသောအချိန်တွင် မိမိအဆုတ်လက္ခဏာ ပိုဆိုးတတ်ကြောင်း သတိပြုမိတတ်ပါတယ် ရာသီဥတုအပြောင်းအလဲကြောင့် အဆုတ်တွင် ချွဲဆို့တတ်ပါတယ် ရေနွေးငွေ့ကြောင့် လေကို စိုစွတ်နွေးစေပြီး ပျော်ဝင်လွယ်ပါတယ်ရေနွေးငွေ့ရှုခြင်းသည် ချွဲပိတ်ခြင်း ချက်ချင်းသက်သာကာ အသက်ရှုလို့ ပိုကောင်းပါတယ်လေပြွန်ကျဉ်းလူနာများကို လေ့လာချက်အရ ရေနွေးငွေ့ရှုနေသောသူများသည် သိသာစွာအသက်ရှုနူန်းနှင့် နှလုံးခုန်ထိန်းနိုင်ကြောင်း တွေ့ရှိရပါတယ်

၂။ အသက်ရှူ လေ့ကျင့်ခန်း

ပုံမှန် အသက်ရှူတာမျိုး မဟုတ်ဘဲ အသက်ကိုဝမ်းဗိုက်ထဲထိရောက်အောင် ရွူရတာပါရင်ဝမ်းခြားမြှေး ကြွက်သားကို ကျုံ့ဆန့်ပေးပြီး သန်မာလာစေဖို့လည်း ထောက်ကူပေးပါတယ်ဒီလေ့ကျင့်ခန်း လုပ်ဖို့ဆိုရင် အရင်ဆုံး သက်တောင့်သက်သာ ဖြစ်အောင် ပက်လက်လှဲလိုက်ပါ ပြီးရင် လက်တဖက်ကို ဝမ်းဗိုက်ပေါ်မှာ ထားပြီး တဖက်ကရင်ဘတ်ပေါ်မှာ ထားပေးပါဒူးခေါင်း အောက်မှာ စောင် မထူမပါးလေး ထည့်ထားပေးပါပြီးရင်တော့ နှာခေါင်းကနေတဆင့် လေကို ဝအောင် ရှူသွင်းပါ ဝမ်းဗိုက်လေး ချပ်သွားတဲ့အထိပေါ့ ခဏ ​လေးအောင့် ထားပြီး ပါးစပ်ကနေ လေကို ပြန်မှုတ်ထုတ်ပါ ၁၀ ခေါက်လောက် လုပ်ပေးပါပက်လက်မလှုပ်ချင်ဘူးဆိုရင်တော့ ခပ်မတ်မတ်လေးထိုင်ပါ ပခုံးတွေကို ဖြေလျော့ထားပါ ခါးကျောလေး ဆန့်နေဖို့ မမေ့ပါနဲ့ ပြီးရင် နှာခေါင်းကနေ လေကို တဝ ရှူသွင်းပါပြီးရင် ပါးစပ်ကနေ ပြန်ထုတ်လိုက်ပါ

၃။ လက်ဖက်စိမ်း ရေနွေးကြမ်း

လက်ဖက်စိမ်းတွင် ပါဝင်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်သောကြောင့် အဆုတ်ရောင်ရမ်းခြင်းကို သက်သာစေပါတယ် ၎င်းဒြပ်ပေါင်းသည် အဆုတ်ကို အငွေ့အမှုန် အန္တရာယ်မှ ကာကွယ်ပေးပါတယ် တနေ့ လက်ဖက်စိမ်း ရေနွေးကြမ်း၂ ခွက်သောက်ခြင်းသည် အဆုတ်ပိုမိုအားကောင်းကြောင်း တွေ့ရှိရပါတယ်

၄။ ရေဓာတ်ပြည့်ဝအောင်နေပါ

ရေကို လုံလုံလောက်လောက်သောက်သုံးတာက အဆုတ်အတွက်လည်း အရေးကြီးပါတယ် သင်က ရေဓာတ်ပြည့်ဝနေမယ်ဆိုရင် အဆုတ်ရဲ့လုပ်ဆောင်ချက်အား ပိုကောင်းလာစေပါတယ်

၅။ အဆုတ်အားကောင်းစေသော အစာအစားများ

လေပြွန်ရောင်ရမ်းခြင်းသည် အသက်ရှုရန်ခက်ခဲစေပြီး အဆုတ်ကိုပိုမိုကြပ်စေပါတယ် အဆုတ်ရောင်ရမ်းမှု သက်သာစေသော အစာအစားများမှာ ကွမ်းရွက်၊ဂျင်း၊လောက်သေ၊ပဒဲကော၊နွယ်ချို၊လေးညှင်း အစိမ်းရောင်ရှိသောအရွက်များ ပင်စိမ်း၊ဇီယာ၊နာနတ်ပွင့်၊ ကြက်သွန်ဖြူ/နီကြက်ပြုတ်ရည်ကို ငရုတ်ကောင်းထည့်ပြီး စားပေးပါ ဗိုက်တာမင်စီ ကြွယ်ဝတဲ့ အစားအသောက်တွေ စားပေးပါ အားဆေးတစ်ခုခုသောက်ပါ