Tag: Health

သက်ကြီးရွယ်အိုများအတွက် လေ့ကျင့်ခန်းနည်းလမ်းများ

အထူးသဖြင့် အသက်ကြီးလာရင် လှုပ်လှုပ်ရှားရှားနေဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် မစတင်ခင်မှာ အောက်ပါအချက်တွေကို လေ့လာကြည့်သင့်ပြီး ဒီအချက်တွေက သင့်ကို လေ့ကျင့်ခန်း ဘယ်လို ထိရောက်စွာ လုပ်ရတယ်ဆိုတာကို ပြောပြထားတာဖြစ်ပါတယ်။ လေ့ကျင့်ခန်းတွေအကြောင်း စဉ်းစားပါ။ သင်စဉ်းစားသင့်တဲ့ အဓိက လေ့ကျင့်ခန်း…

နေပူဒဏ်ကြောင့် မျက်လုံးလေး မထိခိုက်စေဖို့

နေပူရင် ထိခိုက်တာက အသားအရေလို့ပဲ အများက ယူဆထားကြပါတယ်။ တကယ်ကတော့ နေပူဒဏ်ကြောင့် ထိခိုက်တဲ့ထဲမှာ အသားအရေ၊ ဆံသား နဲ့ မျက်လုံးတွေပါ ပါဝင်ပါတယ်။ နွေရဲ့ နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်တွေက အသားအရေကို ထိခိုက်စေတာကို သိထားကြပေမယ့် မျက်လုံးတွေကို…

ရေခဲမုန့်စားခြင်းက ကိုလက်စထရောမြင့်တက်မှုကို ဖြစ်စေသလား

ရေခဲမုန့်ဟာ အသက်အရွယ်မရွေး နှစ်သက်သဘောကျတဲ့ အစားအစာတစ်ခုဆိုတာကိုတော့ အထူးတလည်ရှင်းပြစရာ လိုမယ်မထင်ပါဘူး။ ဒါပေမယ့် ရေခဲမုန့်ဟာ အရသာကောင်းသလောက် ပြည့်ဝဆီနဲ့ သကြားအမြောက်အများပါဝင်ပြီး သွေးကြောတွေကို ပိတ်ဆို့စေတဲ့ မကောင်းတဲ့ LDL ကိုလက်စထရောနဲ့ ထရိုင်ဂလစ်စရိုက်ပမာဏကို မြင့်တက်စေတဲ့ အဓိကတရားခံတစ်ခုလည်း ဖြစ်လို့နေပါတယ်။…

မျက်ခမ်းလှုပ်နေတာ ကံဆိုးမှု နိမိတ်လေလား!

မြန်မာလူမျိုး တော်တော်များများက အသားလှုပ်နိမိတ်ကို ယုံကြည်ကြသလို မျက်ခမ်းလှုပ်တယ်၊ မျက်ခုံးလှုပ်တယ်ဆိုရင် စိတ်မကောင်းစရာ၊ စိတ်ဒုက္ခဖြစ်စရာတွေကို ခံစားကြုံတွေ့ရတော့မယ်ဆိုတဲ့ နိမိတ်လို့ ယုံကြည်ကြပါတယ်။ တကယ်ပဲ မျက်ခမ်းလှုပ်နေတာ ကံဆိုးမှု နိမိတ်လေလား! ပေါ့။ ပရိသတ်ကြီးရော ဘယ်လို ထင်လဲ! မျက်ခမ်းလှုပ်တယ်ဆိုတာ…

တူးနေတာတွေ စားမိရင် ကင်ဆာဖြစ် တတ်သလား

အကင်စားတဲ့အခါကျရင် တူးနေတဲ့နားလေးက ကြွပ်ကြွပ်ရွရွလေးနဲ့မို့ တခြားနေရာထက်စာရင် သူ့ကို ပိုစားချင်ကြတယ်။ တူးလို့ထွက်လာတဲ့အနံ့ကတောင် မွှေးသလိုလို ထင်ကြတယ်ဟုတ်။ လူကြီးတွေကတော့ တူးနေတာတွေ မစားနဲ့။ တူးနေတာတွေ စားမိရင် ကင်ဆာဖြစ် တတ်တယ်လို့ ဆိုကြတယ်။ ဒါက တကယ်ပဲလား။ တူးတဲ့အခါ…

သွားပိုးပေါက်တွေကို ကြိုတင်ကာကွယ်ထားဖို့က ဘာကြောင့်အရေးကြီးတာလဲ?

သွားကျန်းမာရေးကို အချိန်မီကြိုတင်ကာကွယ်နိုင်ဖို့အတွက် Signal မှ သွားပိုးပေါက်ကာကွယ်ရေး အခမဲ့စစ်ဆေးပေးနေပြီဖြစ်တဲ့အကြောင်းလည်း မျှဝေပေးလိုက်ပါတယ်။ သွားပိုးပေါက်တွေဟာ ဘယ်အသက်အရွယ်မှာမဆို ဖြစ်နိုင်ပါတယ်။ အချိုလွန်ကဲတဲ့ အစားအသောက်တွေ အစားများခြင်း၊ သွားနဲ့ခံတွင်းသန့်ရှင်းရေးကို သေချာဂရုမစိုက်ခြင်းတို့က သွားပိုးပေါက်တွေကို  ဖြစ်စေပါတယ်။ သွားပိုးပေါက်ဖြစ်ပြီဆိုရင် သွားမျက်နှာပြင်​ပေါ်မှာ အမည်းစက်လေးစဖြစ်လာပြီး…

အဆိပ်အတောက်တွေကို ချေဖျက်ပေးနိုင်တဲ့ အစားအသောက်များ

ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကိုသာ အမြဲစားသုံးပြီး အသန့်စင်ဆုံးရေကို သာ နေ့စဉ်သောက်သုံးနေတာ ကြောင့် ခန္ဓာကိုယ်မှာ ဘာအဆိပ်အတောက်မှ ရှိမှာမဟုတ်ဘူးလို့ ယုံကြည်နေမယ်ဆိုရင်တော့ လုံး၀မှားယွင်းသွားပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ နေ့စဉ်နဲ့အမျှ ကျွန်တော်တို့ ထိတွေ့နေရတဲ့ လေ၊ ရေ၊ မြေ ဆိုတဲ့…

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ

နှစ်တစ်နှစ်တာရဲ့ အချိန်တစ်ခုကို ရောက်လာပြီဆိုရင် နှာချေတာ၊ ချောင်းဆိုးတာ၊ နှာရည်ယိုတာတွေကို ခံစားရပြီဆိုရင် ရာသီအကူးအပြောင်းကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကို ခံစားနေရတာများလား။ ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း ဟာ ဆောင်းဦးကာလ နွေဦးကာလတွေကို ရောက်လာပြီဆိုရင် လေထုထဲမှာ ဝတ်မှုန်တွေ၊ မှိုတွေ များလာတာကြောင့်…

ရာသီလာချိန်စားပေးသင့်သောအစားအစာများ

အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်ဟာ အရမ်းကို ထူးဆန်းအံ့အားသင့်ဖွယ်ရာတွေနဲ့ ပြည့်နှက်နေပါတယ်။ လူသားတစ်ယောက်ကနေ အခြားလူတစ်ယောက် သန္ဓေတည်ခွင့် ၊ မွေးဖွားခွင့် စတဲ့အရာတွေအားလုံးကို ဖြစ်ပေါ်ခွင့်ပေးထားတာမို့ ရာသီသွေးသံသရာကိုလည်း ခံစားရပြန်ပါတယ်။ အဲဒီ့အချိန်မှာ စိတ်ခံစားချက်ပြောင်းလဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ဗိုက်နာခြင်း၊ စတဲ့ဝေဒနာပေါင်းစုံကိုလည်း ခံစားကြရပါတယ်။ အဲဒီ့အချိန်ဟာ…

သင့်အစာခြေစနစ်ပိုမို ကောင်းမွန်စေရန် လုပ်သင့်တဲ့အရာများ

အစာခြေစနစ်ဆိုတာက လူတစ်ယောက်အတွက် အတော်အရေးပါတဲ့စနစ်တစ်ခုပါပဲ။ ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူးဆိုတဲ့စကားလို သမုဒ္ဒရာဝမ်းတထွာသာရှိပေမယ့် ထိုဝမ်းတထွာလောက်ကို ဂရုမစိုက်မိရင်တော့ သင့်ကိုဒုက္ခလှလှပေးပါလိမ့်မယ်။ အဲဒါကြောင့် ဖြစ်လာမှ ကုတာထက်စာရင် မဖြစ်ခင် ကိုယ့်ရဲ့နေ့စဥ်နေထိုင်မှုပုံစံကိုသာ သတိလေးနဲ့ဆင်ခြင်သွားနိုင်ပါတယ်။ ဘယ်လိုနေထိုင်သင့်သလဲဆိုတာ ဖတ်ကြည့်လိုက်ပါအုံးနော်။ ၁) ရေများများသောက်ပါ။ ရေကို…