အဆုတ်ရောင်ရမ်းခြင်းကို တွန်းလှန်ကာကွယ်ပေးတဲ့အစားအစာ ၇ မျိုး
သင့်မှာ နာတာရှည်အဆုတ်ရောဂါတွေ ဥပမာ-နာတာရှည်လေပြွန်ကျဉ်းရောဂါ(COPD),အဆုတ် အမျှင်တစ်သျူးများပျက်စီးကာ အမာရွတ်ကျန်ခြင်း(pulmonary fibrosis)အဆုတ်လေအိတ်များ ပျက်စီးခြင်း(emphysema)တွေရှိနေရင် အဆုတ်ရောင်ရမ်းမှုတွေ ဖြစ်နိုင်ပါတယ်။ရောင်ရမ်းခြင်းဆိုတာက ခန္ဓာကိုယ်ခုခံအားရဲ့တုံ့ပြန်မှု အစိတ်ပိုင်းပါ။ရောင်ရမ်းတာက ခန္ဓာကိုယ်ရဲ့ သဘာဝတုန့်ပြန်မှုဖြစ်ပြီး ခန္ဓာကိုယ်ပြန်လည်ကျန်းမာလာစေဖို့ကူညီပါတယ်။ဥပမာ ခြေထောက်မှာ ငုတ်စူးရင် အဲဒီနေရာမှာ နီလာ၊ပူလာ၊ရောင်လာပါတယ်။
