တစ်ဖက်လူက ကိုယ့်အတွက် အဆိပ်အတောက်ဖြစ်စေတာကို သိသိရက် မစွန့်လွှတ်နိုင်တဲ့အခါ toxic relationships ဆိုတာ ဖြစ်လာပါတယ်။
ကိုယ်က toxic relationships တွေထဲ ဝင်နေမိပြီလားဆိုတာ ဘယ်လိုသိနိုင်မလဲ?
သံသယများခြင်း
သူ့အပေါ် သံသယတွေ ရှိပါတယ်။သူ့အပြောတွေကို လွယ်လွယ်နဲ့ မယုံဘဲ အမြဲပြန်စစ်ဆေးမိတတ်ပါတယ်။ သူ့ဖုန်း၊ social media မှာ ဘယ်သူတွေနဲ့ ဘာပြောထားလဲဆိုတာလဲ ​မကြည့်ဘဲ မနေနိုင်ပါဘူး။
အပြစ်တင်ခံရခြင်း
အချင်းချင်း နာကျင်စေတဲ့ အပြစ်တင်တာတွေ မကြာခဏလုပ်မိတတ်တယ်။ အရမ်းဆိုးရင် တစ်ထစ်ရှိအော်တာ၊ ပစ္စည်းတွေ ပေါက်ကွဲပစ်တာတွေလဲ လုပ်နိုင်တယ်။
ထိန်းချူပ်ခံရခြင်း
လိုတာထက် ချူပ်ချယ်ထိန်းချူပ်လာတာမျိူး ရှိပါတယ်။ ဘယ်လောက်ဘဲ ရင်းနှီးနေပါစေ မိသားစုဝင်ဘဲ ဖြစ်နေပါစေ တစ်ဖက်လူရဲ့ အပြုအမူနဲ့ ယုံကြည်ချက် ရပ်တည်ချက်တွေကိုပါ လိုက်ထိန်းချူပ်တာမျိူးက toxic ဖြစ်စေပါတယ်။ ဥပမာ – သူပြောတာမလုပ်ရင် ဘာပေးမလုပ်တော့ဘူး ပိုက်ဆံပေးမကိုင်တော့ဘူး စသဖြင့် ခြိမ်းခြောက်ခံရသလိုပါ ခံစားရနိုင်တယ်။
ပေးဆပ်ခြင်း
အယူဘဲ ရှိပြီး အပေးမရှိတာမျိူးပါ။ အမြဲ ကိုယ်ကဘဲ ဖုန်းဆက်ရ၊ ကိုယ်ကဘဲ တာဝန်ယူပေးဆပ်ရတာတွေ များလာတာ ဖြစ်နိုင်ပါတယ်။
မရိုးသားခြင်း
ခဏခဏလိမ်နေမိတာမျိူး အလိမ်ခံရတာမျိူး ဆိုရင်လဲ တစ်ဖက်သားအပေါ် မလေးစားရာ ကျပါတယ်။
ပြင်ပဆက်ဆံရေးထိခိုက်ခြင်း
သူကလွဲပြီး အခြားသူတွေအပေါ် အချိန်မပေးမိတော့ အဲ့ဆက်ဆံရေးတွေမှာ ထိခိုက်လာတာမျိူးလဲ ဖြစ်နိုင်ပါတယ်။ အမြဲသူ့ကိုဘဲ စဉ်းစားနေရတော့ energy တွေ ကုန်ဆုံးလာတာလဲ ဖြစ်နိုင်ပါတယ်။
ကာကွယ်ပေးနေခြင်း
သူနဲ့ ကိုယ်ကြားက negative behavior တွေကို တကယ်ကိုယ့်အပေါ် ဂရုစိုက်တဲ့ အပြင်လူတွေ (မိသားစု၊ သူငယ်ချင်းတွေ) က ထောက်ပြတဲ့အခါ “သူ့အကြောင်း ကိုယ်သိသလောက် ဒီလူတွေ မသိပါဘူး” ဆိုပြီး အမြဲသူ့ဘက်က ကာကွယ်ပြီး နေပေးတာမျိူးလဲ ဖြစ်နိုင်ပါတယ်။
toxic relationships တွေကို ပြင်လို့ရနိုင်လား?
တကယ်လို့ toxic relationship ဖြစ်နေတာကို ပြင်ချင်တဲ့ အကြောင်းပြချက်က သူ့ကို ဂရုစိုက်လို့ သူနဲ့ အဆင်ပြေချင်လို့ မဟုတ်ဘဲ ကိုယ့်ကိုယ်ကို ပိုဂရုစိုက်တာ၊ လမ်းခွဲလိုက်ရင် single အနေနဲ့ နေရမှာကို ကြောက်တာဆိုရင်တော့ ပြင်ဖို့ကို ပြန်စဉ်းစားသင့်ပါတယ်။
တစ်ဖက်လူဘက်ကရော ကိုယ့်ဘက်ကရော ပြင်ချင်တယ် ကြိုးစားချင်တယ်ဆိုရင် ပြင်လို့ရနိုင်ပါတယ်။ အပြန်အလှန် အကျိူးရှိစေမယ့် ဆက်ဆံရေးတစ်ခုကို တည်ဆောက်ဖို့ ကြိုးစားလို့ ရပါတယ်။
တစ်ဖက်လူကို ဒုတိယအကြိမ် အခွင့်အရေးပေးမယ်ဆိုရင်လဲ သူ့ဘက်က ဘယ်လောက်ထိ လိုလားလဲ? ကိုယ့်ဘက်ကရော စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှူနဲ့ အကောင်းဘက်က သူ့ကို ခွင့်လွှတ်ပေးချင်စိတ် ရှိပြီလား? စတာတွေ ပြန်စဉ်းစားဖို့လိုပါတယ်။
တစ်ဖက်လူက ကြိုးစားချင်စိတ်မရှိဘဲ ထပ်ခါတလဲလဲ သူနဲ့ကိုယ်ကြားက သဘောတူချက်တွေကို ချိူးဖောက်တာ၊ စိတ်ပိုင်း ရုပ်ပိုင်း ငွေကြေးပိုင်း အကြပ်ကိုင် အနိုင်ကျင့်တာတွေ အမြဲလုပ်နေရင်တော့ ထွက်ခွာဖို့ ဆုံးဖြတ်သင့်ပါတယ်။
ကိုယ့်ကိုကိုယ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်မဲ့ ဆုံးဖြတ်ချက်နဲ့ ရေတိုကို မကြည့်ဘဲ ရေရှည်အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချသင့်ပါတယ်။ တစ်ယောက်ထဲ ဖြစ်ပြီးဆုံးဖြတ်ချက်ချဖို့ အကူအညီလိုအပ်ရင်လဲ couple therapist, counselor တွေနဲ့ ဆွေးနွေးအဖြေရှာသင့်ပါတယ်။ mental heal မှာလဲ counselor တွေရှိလို့ လိုအပ်ရင် လာရောက်အကူအညီတောင်းလို့ ရပါတယ်။
relationships တွေ အချင်းချင်းနားလည်နိုင်ကြပါစေ