ဆန်ပြုတ် ကို စားလေ့ရှိတာက ငါးရန့်ဆန်ပြုတ် ဘဲသား ဆန်ပြုတ် စသဖြင့် အဖြူထည်စားကြတာများပါတယ်။ တချို့က ဆန်ပြုတ်ကို အသေကြိုက်သလို တချို့ကလဲ လူမမာစာလို့သဘောထားပြီး မကြိုက်ကြပြန်ဘူး။
ဒီဆန်ပြုတ်ကတော့ ဖူးကျန့်မိသားစု၀င်တွေ အိမ်မှာ
ပြုတ်စားလေ့ရှိတဲ့ဆန်ပြုတ်ပါ။ ဆိုင်တွေ ရောင်းတန်းတွေ အနေနဲ့အတော် တွေ့ရခဲပါတယ်။ လူမမာစာ ထင်လို့မစားချင်တဲ့သူတွေလဲ မြည်းစမ်းစားကြည့်ပါနော်။
သူက အဓိက က ၀က်သားတုတ်ထိုးလို အသားတွေ အူတွေကို ချက်ထားတာနဲ့တွဲဖက်စားတာပါ။ (အော်ပွန် က အခြောက်ဆို သူက အရည်သောက် သဘောပေါ့)
ပထမ ဆုံး ၀က်သား ၀က်အူပွ ၀က်အူချို အစရှိတဲ့ ကိုယ်စားချင်တဲ့ ဟာတွေကို ပဲငံပြာရည် အရည်အနောက်နဲ့နယ်ပြီး ၀က်သားတုတ်ထိုးချက်နည်းကား ရေစပ်စပ်လေးချက်ထားပါတယ်။
ပုဇွန်ခြောက်နဲ့ကြက်သွန်ဖြူကို ဆီပူထိုးပြီး အဲဒီကျန်တဲ့ ဆီထဲမှာ ဆန်နဲ့ပဲငံပြာရည် အကြည်အနောက်နဲနဲ နယ်ထားတာနဲ့လှော်ပါတယ်။ ပြီးတော့ အဲဒီဆန်တွေကို ရေထည့်ပြီး ပြုတ်ပါတယ်။ (၀က်ရိုးပြုတ်ရှိရင် ၀က်ရိုးပြုတ်ရည်ကိုသုံးပါတယ်) ဆားနဲ့အရသာမှုန့်ကို ချိန်ထည့်ပါတယ်။
ဆန်ပြုတ်ပွပြီဆိုရင် အသားအူတွေ ကို ညှပ်ပြီး ပွဲပြင်စားတာပါ။ အီကြာကွေး (ယူကြာကွေး) ကိုလဲ ထည့်စားပါတယ်။ (ချက်ထားတဲ့ အသားအူတွေကို ဆန်ပြုတ်ပြီးတာနဲ့တခါထဲ ရောထည့်ပြုတ်လိုက်တယ် နူးနူးလေး စားချင်လို့)
