အစာချေစနစ်ကို ထောက်ကူပေးနိုင်ခြင်း။
မုန်လာဥနီက ဝမ်းချုပ်ခြင်းကို မဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့
အမျှင်ဓာတ်များ ကြွယ်ဝစွာ ပါဝင်ပါတယ်။
မုန်လာဥနီတစ်လုံးမှာ အမျှင်ဓာတ် (၂) ဂရမ်ပါဝင်ပါတယ်။
မုန်လာဥနီကို စားသုံးပေးခြင်းက အူလမ်းကြောင်းဘတ်တီး
ရီးယားများနှင့် ပတ်သက်ပြီး ပိုမိုကောင်းမွန်လာစေနိုင်ပါတယ်။

ကင်ဆာအန္တရာယ်ကို လျှော့ချပေးနိုင်ခြင်း။
မုန်လာဥနီလို အမျှင်ဓာတ်ကြွယ်ဝသည့် အစားအသောက်
များက အစာချေစနစ်ကို ပုံမှန်ဖြစ်အောင် အထောက်အကူ
ဖြစ်စေနိုင်တာကြောင့် အူမကြီးကင်ဆာကို ကာကွယ်ပေးနိုင်
ပါတယ်။ မုန်လာဥနီက ကင်ဆာတိုက်ဖျက်နိုင်စွမ်းများ
ပါဝင်ပါတယ်။

သေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း။
မုန်လာဥနီမှာ ပါဝင်တဲ့ အမျှင်ဓာတ်များက သွေးတွင်းသကြား
ဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။

နလုံးကျန်းမာရေးအတွက် ကောင်းမွန်ခြင်း။
မုန်လာဥနီမှာ နှလုံးကို ကာကွယ်ပေးနိုင်သည့် ဂုဏ်သတ္တိများ
ပါဝင်ပါတယ်။ မုန်လာဥနီက နှလုံးရောဂါအန္တရာယ်၊ သွေးတိုး
ခြင်းနှင့် ကိုလက်စရောဓာတ်လယ်ဗယ် စသည်တိုကိုလည်း
ကာကွယ်ပေးနိုင်ပါတယ်။

အသားအရေကို ကာကွယ်ပေးနိုင်ခြင်း
နေရောင်ကာခရင်မ်လောက် မထိရောက်နိုင်ပေမယ့်
နေလောင်ဒဏ်ပျက်စီးမှုကနေ အသားအရေကို ကာကွယ်ပေး
နိုင်ပါတယ်။

ဝိတ်ချရာမှာ အထောက်အကူဖြစ်ခြင်း။
မုန်လာဥနီက ကယ်လိုရီနည်းပါးပြီး အမျှင်ဓာတ်ကြွယ်ဝ
ပါတယ်။ မုန်လာဥနီကို စားသုံးခြင်းက ဗိုက်ပြည့်လွယ်စေ
တာကြောင့် လွန်ကဲစွာ စားသုံးမိခြင်းမဖြစ်အောင် ကာကွယ်
ပေးပြီး ဝိတ်ကျစေနိုင်ပါတယ်။
ရေးသူ – OSC Hospital