ခုခံအားစနစ်ကောင်းမွန်ဖို့ ဗီတာမင်စီဆေးများကို ဆောင်ထားလို့ရသလို ဗီတာမင်စီကြွယ်ဝသော အသီးများကို စားပေးလို့လည်း ရပါတယ်..ဆီးဖြူသီးမှာ ဗီတာမင်စီကြွယ်ဝသော အသီးတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံနေရာအနှံ့တွင်လည်း ပေါများစွာ တွေ့နိုင်ပါတယ်..သဘာဝမှ ရသော ဗီတာမင် စီဖြစ်တာကြောင့် အစာအိမ်ထိခိုက်ခြင်း၊ ကျောက်တည်ခြင်းများ မရှိနိုင်ဘဲ
ခုခံအားစနစ်ကို ကောင်းမွန်စေခြင်း
အအေးမိ၊ နှာစေး၊ ချောင်းဆိုးခြင်းများကို ခုခံကာကွယ်နိုင်ခြင်း
၊
အနာကျက်မြန်စေခြင်း
၊
သွေးကြောများအား ကျန်းမာကြံ့ခိုင်စေခြင်း၊
သွားဖုံးသွေးယိုစီးခြင်းကဲ့သို့ သွေးကြောဆိုင်ရာပြဿာနာများကို သက်သာစေခြင်း
အသားအရေပျက်စီးမှုများကို ကာကွယ်နိုင်ပြီး အရေပြားကို တင်းရင်းလှပစေခြင်းတို့အပြင်
ဆီးဖြူသီးကို ပျားရည်နှင့် တွဲဖက်စားသုံးမည်ဆိုပါက သွေးများကို သန့်စင်စေနိုင်ပါတယ်..
ထို့အပြင် ဗီတာမင်စီသည် အစားအစာမှပါလာသော ကင်ဆာဖြစ်စေနိုင်သော နိုက်ထရိုစမင်းများကိုလည်း တိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်..ဆီးဖြူသီးမှာ ဘက်တီးရီးယားများကို သေစေနိုင်သော အာနိသင်နှင့် အမ်တီအောက်ဆီဒင့်များလည်း ကြွယ်ဝစွာပါဝင်တဲ့အတွက် ခေါင်းလျှော်ရည်နှင့် ပေါင်းဆေး၊ အလှကုန်များတွင် ထည့်သွင်းအသုံးပြုလေ့ရှိပြီး ဘောက်များကို လျော့နည်းစေပါတယ်.. ဆီးဖြူသီးမှာ သံဓာတ်များလည်းကြွယ်ဝစွာပါဝင်လို့ သွေးအားနည်းခြင်းကို ကုသနိုင်ပြီး အမျှင်ဓာတ်များကြောင့် အစာခြေစနစ်ကိုပါ ကောင်းမွန်စေပါတယ်..
