covidbreathing

၁ .အသက်ရှုလေ့ကျင့်ခန်း
ကိုဗစ်က အဆုတ်ကို တိုက်ခိုက်တယ် ဒါပေမယ့် အဆုတ်က အကျင့်မကောင်းဘူး ပျင်းလို့ရသမျှပျင်းတယ် ကျုပ်တို့ ပုံမှန်သွားလာလှုပ်ရှားနေချိန်မှာတောင် အဆုတ်က သူ့ရှိသမျှ နေရာကြီးရဲ့ တစ်ဝက်လောက်ပဲ အလုပ်လုပ်တာ ကျန်တဲ့နေရာတွေ ငြိမ်နေတာ သေရေးရှင်ရေး မောပြီဆိုမှ ထအလုပ်လုပ်တာပါ။

အဲ့လိုအဆုတ်က အလုပ်မလုပ်တော့ အဲ့အလုပ်မရှိတဲ့ နေရာတွေက လေဝင်လေထွက်မရှိ ဖုန်တက်ပြီး ကိုဗစ်ပိုးတွေ စခန်းချလို့ရလာတယ် စခန်းချပြီး အဆုတ်က်ု တိုက်တယ် တဖြည်းဖြည်းနဲ့ အဆုတ်က ရွဲလာပြီးတော့ ဒုက္ခရောက်ရော

အဲ့ဒီတော့ အဆုတ်ကို အလုပ်ပေးရမယ် အဆုတ်ရဲ့ နေရာလွတ်တွေ ဖုန်မတက်အောင် အသက်ရှုလေ့ကျင့်ခန်း လုပ်ပေးရမယ်
နှစ်နာရီခြားတစ်ခါလောက် အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။ Youtube မှာ Respiratory Exercise for Covid လို့ ရိုက်လိုက် ပေါ်လာမယ်။
မရှာတတ်သောသူများအတွက်

လိုက်လုပ် လိုက်ရှူ နောက်ဆုံး ပျင်းလွန်းရင်တော့ တရားထိုင်ပါ။တရားထိုင်တာက အသက်ရှူလေ့ကျင့်ခန်းပဲ ဝင်လေထွက်လေ မှတ်ပါ။

၂ .ခြေလက်လေ့ကျင့်ခန်းလုပ်
ကိုဗစ်က ကိုယ်ထဲက သွေးတွေကို စေးပျစ်စေတယ် အဲ့မှာ သွေးတွေ စေးပျစ်လာပြီး အဆုတ်သွေးကြော နှလူံးသွေးကြော ဦးနှောက်သွေးကြောပိတ်ပြီး သေတာ လေဖြတ်တာတွေပါ ဖြစ်လာနိုင်တယ်
ခြေလက်လေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့် ကိုယ်တွင်းသွေးလည်ပတ်မှုတွေ အားကောင်းလာမယ် သွေးလည်ပတ်မှု အားကောင်းတော့ အောက်ဆီဂျင်တွေ ခန္ဓာကိုယ်ထဲ မြန်မြန်ဖြန့်နိုင်မယ် သွေးကြောလည်း မပိတ်တော့ဘူး။

မောနေတာ ဘယ်လိုလုပ်ရမလဲ?
ခင်ဗျားကို ထပြေးခိုင်းတာ မဟုတ်ဘူး ကိုဗစ်ဖြစ်နေရင် အိမ်သာလောက်ပဲ သွားပါ မောမယ့်ဟာတွေ မလုပ်နဲ့ အဲ့ဒီတော့ ခြေလက်လေ့ကျင့်ခန်း ဘယ်လိုလုပ်မလဲဆိုရင် အိပ်ယာပေါ်မှာလုပ်မယ်။ ခြေချောင်းတွေလှုပ်မယ် ဒူးကွေးမယ်ဆန့်မယ်
လက်ချောင်းတွေလှုပ်မယ် တံတောင် ကွေးမယ်ဆန့်မယ် လက်မြှောက်မယ် ပြန်ချမယ် နှစ်နာရီတစ်ခါလောက် လုပ်ပါ။
မသိရင် Youtube မှာရှာပါ။ (Exercise for COVID 19)
မရှာတတ်သောသူများအတွက်

၃ .ဘာလုပ်ရမှာလဲဆိုတော့ အိပ်ရင် “မှောက်အိပ်တာ” …. မှောက်အိပ်ခြင်းအားဖြင့် အောက်ဆီဂျင်ရတာပိုကောင်းတယ်

မောတယ် လက်ညောင်းတယ်

ဆေးရုံတွေက လက်မခံလို့ ဝမ်းနည်းမနေပါနဲ့

အကောင်းစား နည်းလမ်း သုံးခုအတိုင်း လိုက်လုပ်ပါ