၁။ လက်မ သို့မဟုတ် လက်ညိုး ကို ညှပ်ပြီးတိုင်းတဲ့ သွေးတွင်းအောက်ဆီဂျင်တိုင်းကိရိယာ(pluse oximeter)မှာ သွေးတွင်းပမာဏ က ၉၄% နဲ့ အောက်ကို ကျလာခဲ့တယ်ဆိုရင် အရင်ဆုံး လူနာကို မှောက်လျက် အနေထား ထားပေးရပါမယ်။ဒီနည်းလမ်း ဟာ အသက်ရှူ ရတာကောင်းစေပြီး သွေးတွင်း အောက်ဆီဂျင် ရာခိုင်နှုန်း ကို ပြန်လည်မြင့်တတ်စေပါတယ်။မှောက်လျက် အနေအထား ထားတဲ့ အခါမှာ ခေါင်းအုံးလေးတွေ ခံထားပေးဖို့လိုအပ်ပါတယ်။
၂။ အရင်ဆုံးလူနာကို အိပ်ယာပေါ်မှာ မှောက်လျက် အနေ အထား နဲ့ နာရီဝတ်ကနေ ၂ နာရီထိ ထားပေးပါ။
၃။ လူနာကို မှောက်လျက်အနေ အထားကနေ ညာဘက်သို့ စောင်းလျက်အနေ အထားဖြင့် ၂ နာရီ အထိထားပေးပါ။
၄။ လူနာကို အနည်းငယ် မတ်သော အနေအထား(၃ဝ ဒီဂရီ ကနေ ၆ဝ ဒီဂရီ)ဖြင့် နာရီဝတ်ကနေ ၂ နာရီ ထိထားပေးပါ။
၅။ လူနာကို ဘယ် ဘက်အနေအထားသို့ စောင်းလျက်ဖြင့် နာရီဝက် ကနေ ၂နာရီ အထိ ထားပေးပါ။
၆။ လူနာ ကို တစ်ဝက် မှောက်လျက် အနေအထားဖြင့် နာရီ ဝက်ကနေ ၂နာရီအထိ ထားပေးပါ။

မှတ်ချက်- သွေးတွင်းအောက်ဆီဂျင်ပမာဏာ ၉၅ %နဲ့ အထက် သို့မဟုတ် လိုအပ်သောအကူအညီ ရရှိသည့်အချိန်ထိ အထက်ပါအဆင့်များကို အစဉ်လိုက်ပြန်လည် လုပ်ဆောင်ပေးပါ။အနေအထားတစ်ခုမှ တစ်ခု သို့ပြောင်းတိုင်း သွေးတွင်းအောက်ဆီဂျင်ပမာဏ ကို ပြန်လည်တိုင်းတာပေးပါ။သွေးတွင်းအောက်ဆီဂျင်ပမာဏသည် ၉၂% နဲ့ အောက်သို့ရောက်ရှိပါက ဆေးရုံသို့ချက်ချင်း သွားရောက်ရန်လိုအပ်ပါသည်။
