ကယန်းဆန်ပြုတ်သည် ရှေ့ယခင်ကတည်က ယခုအချိန်ထိ ကယန်းအမျိူးသားတိုင်းလိုလို နေ့စဉ်ချက်ပြုတ်စားသောက်နေသော ရိုးရားဒေသအစားအစာ တစ်ခုဖြစ်သည်။ ကယန်းလူမျိူးများက ၎င်းဆန်ပြုတ်ကို နေ့စဉ်ပုံမှန်ချက်ပြုတ်စားသောက်သည်အပြင် ၎င်းတို့၏ ပွဲလမ်းသဘင်များဖြစ်သော ရိုးရာတံခွန်တိုင်ပွဲ၊မင်္ဂဆောင်၊ ရှင်ပြုပွဲ၊ ကောက်ရိတ်သိမ်းပွဲ၊ သာရေး/နာရေး ပွဲများ စသောရိုးရာပွဲများရှိရာ အချိန်တွင်လည်း ကယန်းဆန်ပြုတ်ကို ချက်ပြုပ်တည့်ခင်း ဧည်ခံကျွေးမွေးကြပါသည်။
ကယန်းဆန်ပြုတ်သည် ဗမာဆန်ပြုတ်များကဲ့သို့ အရည်ကျဲကျဲ မဟုတ်ဘဲ ပုံမှန်ထမင်းထက်နည်းနည်း ပိုပျော့ပြီး ခပ်ပြည့်ပြည့်ကလေး ဖြစ်ပါသည်။ ၎င်းဆန်ပြုတ်ကို ကယန်းများက အမဲသားဆန်ပြုပ်၊ ကြက်သားဆန်ပြုပ်၊ ဝက်သားဆန်ပြုပ်၊ ရိုးရိုးဆန်ပြုပ် ဟူသောအမျိူးမျိူးသော ဆန်ပြုပ်ချက်နည်းများဖြင့် ချက်ပြုတ်စာသောက်ကြပါသည်။ ကယန်းဆန်ပြုတ်၏ အရာသာ ထူးခြားချက်တစ်ခုမှာ မက်ခါသီးမှုန့် ထည့်ထားသောကြောင့် ၎င်းပူရှရှရှတတ အရာသာသည် သာမန် အခြားဆန်ပြုပ်အရာသာထက်ထူးကဲ့ ပိုကောင်းမွန်တယ်လို့ ခံစားရစေမည်။ ကယန်းဆန်ပြုတ်ကို ကယန်းခေါင်ရည်၊ ကယန်းဝက်အူချောင်းနှင့်လည်း တွဲဖက်စားသောက်လျှင် အလွန်လိုက်ဖက်ပါပေသည်။
ပါဝင်ပစွည်းများ
—————
– ဆန်
-အသားတစ်မျိူးမျိူး
-မက်ခါသီး
-မုန့်ညင်းချဉ်ခြောက်
-စပါးလင်ရိုး
-ငရုပ်သီမှုန့်(သို့)ငရုပ်သီးစိမ်းထောင်း
-ဆား/အချိုမှုန့်
-နနွင်းမှုန့်
-ဂျူးမြစ်
-ကြက်သွန်းဖြူ /နီ
-ဂျင်း
ကယန်းဆန်ပြုတ်ချက်နည်း
—————
– ပထမဆုံး အနေဖြင့် မိမိချက်ပြုတ်လိုသောဆန်ကို နာရီဝက်ခန့် ရေစိမ်ထားပြီး စတင်ချက်ပြုတ်ရာတွင် ဆန်ကိုပုံမှန်ထမင်းချက်သည်ထက် ရေကို ၂ဆလောက် ပို့ထည့်ပြီး ချက်ပြုပ်ရပါမည်။
– ဒုတိယ အနေဖြင့် အမဲသား (သို့.) အသားတစ်မျိူ းမျိုးထည့်ချက်လိုပါက ၎င်း အသားကို အစိတ်သေးသေး(သို့) ပုံမှန်အနေတော်လောက် ခုတ်ထစ်ပြီး ထမင်းအိုး မကျက်ခင်တစ်ခါထဲ ထည့်ကျို ချက်ရပါမည်။
– တတိယ အနေဖြင့် ၎င်းထမင်း ဆူလာပြီး နည်းနည်းကျက်လာပါက ထမင်း ပျော့လာအောင် ထပ်မွှေပေးရပါမည်။ အသားလည်းနည်းနည်းကျက်လာပြီး ဆန်လည်း ထမင်းပျော့ အနေအထားသို့ရောက်ရှိလာပါက ဆပါးလင်ရိုး ကို တစ်ခါထဲထပ်ထည့်ချက်ပြီး ခဏအုပ်ထားပေးပါ။
– ၎င်းပြီးနောက် အဆာပလာ အနေဖြင့် ထောင်းထားသော ငရုပ်သီးမှုန့် နှင့် မက်ခါသီးမှုန့်၊ နနွင်းမှုန့် ၊ဆား ၊ အချို့မှုန့်ကို မိမိချက်သော ဆန်ပြုတ် ပမာဏကို ခန့်မှန်းပြီး ထည့်နိင်ပါသည်။အချို့က ဂျူးမြစ် ၊ ကြက်သွန်းဖြူး/နီ နှင့်ဂျင်း ထပ်၍ ထောင်း ထည့်ချက်ကြပါသည်။ ပီရင် ခဏအုပ်ထားပေးပါ။
– ဆန်ပြုတ်ကို မိမိလိုချင်သော ပမာဏရရှိအောင် ထပ်ခါထပ်ခါမွှေနောက်ပြီး ကျက်နေအောင် ချက်ပြုပ်ရမည်။ ဆန်ပြုတ်၏ အနံလည်းမွှေး ၊ကျက်လောက်ပြီးဟု ထင်ရသော အချိန်ရောက်မှသာ မုန့်ညင်းရွက်ခြောက်အနည်းငယ်ကို ထည့်မွှေပြီး ခဏအုပ်ထားပါ။ ၎င်းပြီနောက် ခဏအနည်းငယ်တွင် မိမိ၏ အရသာရှိသော ကယန်းဆန်ပြုတ်ကိုရရှိမည်ဖြစ်သည်။
