mindonemin

ဒီဆန်ပြုတ်နည်းကတော့မင်းတုန်းမင်းကြီးရဲ့အစာအိမ်နဲ့လေနာရောဂါသည်တွေအတွက်ထူးခြားတဲ့ဆန်ပြုတ်နည်းဖြစ်ပါတယ်။

ဆန်ပြုတ်ချက်နည်းကတော့
—————
*မိုးရေ(သို့)မြစ်ရေကိုဆန်ပြုတ်မယ့်အိုးထဲလိုသလောက်ထည့်ပြီးဆူအောင်တည်ပါ။
*ရေနွေးတည်စဉ်မှာပြုတ်မယ့်ဆန်ကိုဒယ်အိုးနှင့်ထည့်ပြီးတခြားမီးဖိုမှာထည့်ပြီးလှော်ထားပါ။
*ပြီးနောက်ဆန်တပြည်အတွက်
ကြက်သွန်၂၅ကျပ်သားနှင့်ဆီ၂၅ကျပ်သားကိုကြက်သွန်ဆီချက်အဆင်သင့်ချက်ထားပါ။
*ရေပွက်ပွက်ဆူသည့်အခါဆန်လှော်ကိုဇွန်းဖြင့်တဇွန်းပြီးတဇွန်းထည့်ပါ။(မွှေစရာမလိုချိုးကပ်မှာလည်းစိုးရိမ်စရာ
မလိုပါ။)
*မီးပြင်းပြင်းအပူပေးပြီးဆန်နုးတဲ့အခါမှဆန်ပြုတ်အိုးထဲသို့ကြက်သွန်ဆီချက်များလောင်းထည့်ပါ။
မိနစ်အနည်းငယ်ကြာလျှင်အပေါ်ယံဆီဝေ့ပြီးအနှစ်တက်လာသည့်အခါမီးဖိုမှချ၍ဆားသင့်ရုံထည့်ပြီးအသင့်သုံးဆောင်နိုင်ပြီဖြစ်ပါတယ်။
(ဆန်ပြုတ်နည်းကိုတန့်ကြည့်တောင်ရန်အောင်ချမ်းသာဆရာတော်မှချီးမြှင့်တော်မူပါသည်။)

Crd.ဆရာရဲ (မင်္ဂလာ တိုင်းရင်းဆေး)