ရင်သား ကင်ဆာ ဆိုသည်မှာ ရင်သားဆဲလ်များမှ ကင်ဆာ ဖြစ်ခြင်း ဖြစ်သည်။
လက္ခဏာများ
– ရင်သား အလုံးအကျိတ် ပေါ်လာခြင်း
– နိုသီးခေါင်းမှ သွေး အရည်ထွက်ခြင်း
– ရင်သား၏ ပုံစံ ပြောင်းလဲလာခြင်း
– ရင်သား အရေပြား ပြောင်းလာခြင်း။ ဥပမာ- အရေပြားပေါ်တွင် အချိုင့်များ ပေါ်လာခြင်း
– နိုသီးခေါင်း ချိုင့်ဝင်သွားခြင်း
– နိုသီးခေါင်းနှင့် အရေပြား ပတ်လည်တွင် အဖတ်များ ကွာခြင်း
– ရင်သား အရေပြား နီရဲခြင်း၊ ချိုင့်ဝင်ခြင်းတိုကြောင့် လိမ္မော်သီး အခွံ ကဲ့သို ဖြစ်နိုင်သည်။
ဖြစ်ပွားရသော အကြောင်းရင်းများ
ဖြစ်ပွားစေသော အကြောင်းရင်းမှာ ရှင်းလင်း တိကျစွာ မရှိပါ။ မျိုးရိုး ဗီဇပါပါ က ဖြစ်ပွားနိုင်ချေ ရှိသည်။
ဖြစ်နိုင်ချေ များသူများ
– အမျိုးသမီးများ
– အသက်ကြီးခြင်း
– ရင်သား ကင်ဆာ တစ်ဖက် ဖြစ်ဖူးလျှင် နောက်တစ်ဖက်လည်း ဖြစ်နိုင်သည်။
– မျိုးရိုးရှိခြင်း
– မွေးရာပါ ရင်သား ကင်ဆာ ဖြစ်စေနိုင်သည့် မျိုးရိုးဗီဇ ပါလာခြင်း
– ဓာတ်ရောင်ခြည် ထိတွေ့နေရသူများ
– အဝလွန်ခြင်း
– အပျိုဖော်ဝင်ချိန် စောခြင်း
– သွေးဆုံးချိန် နောက်ကျခြင်း
– ကိုယ်ဝန် မဆောင်ခြင်း
– အသက်ကြီးမှ ကလေးရခြင်း
– ကလေးနို မတိုက်ခြင်း
– သွေးဆုံးပြီးနောက် ဟော်မုန်း ကုသမှု ခံယူနေခြင်း
-အရက်သောက်ခြင်း
စစ်ဆေးမှုများ
– ဆရာဝန်မှ ရင်သားအား စမ်းသပ်ခြင်း
– ရင်သား ဓာတ်မှန်ရိုက်ခြင်း ( Mammogram)
– ရင်သား အာထရာဆောင်း ရိုက်ခြင်း ( Breast ultrasound)
– အကျိတ်ရှိရာ နေရာကို အသားစ ယူ၍ စစ်ဆေးခြင်း
– ရင်သား သံလိုက် ဓာတ်မှန်ရိုက်ခြင်း
– ရင်သား ကင်ဆာ အဆင့်ခွဲ စမ်းသပ်နည်းများ ပြုလုပ်ခြင်း
ကုသခြင်း
Surgery – ရင်သား အကျိတ်အား ခွဲစိတ် ကုသခြင်း( ရင်သား ကင်ဆာ ၏ အဆင့်ပေါ် မူတည်၍ ခွဲစိတ်မှု ကွာခြားနိုင်သည်)
Chemotherapy – ကင်ဆာဆေး သွင်း၍ ကုသခြင်း
Radiation therapy – ဓာတ်ကင် ကုသခြင်း
Hormonal therapy – ဟော်မုန်းဆေးများဖြင့် ကုသခြင်း
Dr.hp
Ref: Mayo clinic
